top of page

American Bully (သို့) Baby Milo များနှင့် ပတ်သက်ပြီး သိထားသင့်တဲ့ အချက်များ

  • Writer: Diva The Bully
    Diva The Bully
  • Apr 10, 2022
  • 3 min read

ree

American Bullyတွေဟာ ပျော်ပျော်ရွှင်ရွှင်ရှိတတ်ကြပြီး ချစ်ဖို့ကောင်းရုံတင်မက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ အပေါင်းအဖော်ခွေးတွေ အဖြစ် သူတို့ကို သတ်မှတ်ထားကြပါတယ်။

သူတို့မှာ ကြွက်သားတောင့်တောင့်တင်းတင်းနဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာကြောင့် မြင်သူ မှင်သက်မိနိုင်တဲ့ ပုံစံရှိသော်ငြား တကယ်တော့ သူတို့ဟာ သဘောကောင်းပြီး နူးညံ့တဲ့ စိတ်သဘောထားကိုလဲ ပိုင်ဆိုင်ထားကြပါသေးတယ်။ မိသားစုနှင့် ပတ်ဝန်းကျင်မှာ ကောင်းစွာကျင်လည်နိုင်ကြပြီး အပြင်ထွက်ရမယ်ဆိုရင်လဲ ပျော်ရွှင်နေတတ်ကြပါတယ်။

ဒါ့အပြင် အမေရိကန်ဘူလီတွေဟာ နာမည်မှာသာ ဘူလီပါနေပေမယ့် Pit bull Breedတွေမှာ ကပ်ပါလာတဲ့ ရန်လိုတတ်တဲ့ စရိုက်ကို ဖယ်ရှားနိုင်ဖို့ ပထမဆုံးသားဖောက်လိုက်တဲ့ မျိုးတွေ ဖြစ်နေခဲ့တာပါ။

American Bullyတွေကို Pitbull Type လို့ လူတွေထင်နေကြတာကလဲ မှားပါတယ်။ ဒါဟာ ဒီ Breedနဲ့ ပတ်သက်လို့ မှားယွင်းတဲ့ အယူအဆတစ်ခုပါပဲ။

Pitbullနဲ့ American Bully လုံးဝကြီးကို ကွဲပြားခြားနားတဲ့ breedတွေပါပဲ…

အမေရိကန်ဘူလီမျိုးတွေဟာ ၁၉၈၀နဲ့ ၁၉၉၀ကြားကာလမှာ စတင်ပေါ်ထွက်လာခဲ့ပြီး သူတို့ဟာ American Staffordshire Terrier, American Pitbull Terrierနဲ့ တခြား Pitbullတွေဆီက ပေါ်ထွက်လာတဲ့ မျိုးတစ်ခု ဖြစ်ပါတယ်။

ဒီလို ဘိုးဘေး မျိုးရိုး ရှိပြီး ကြွက်သားတွေနဲ့ တောင့်တင်းတာကြောင့် Pitbull Breedတွေနဲ့ မတူတဲ့ opposite အကျင့်စရိုက်တွေ သူတို့မှာ ကပ်ပါလာပါတော့တယ်။

ree

Breed Origin

American Bullyတွေကို ၁၉၈၀ပြည့်နှစ်ကာလများမှာ ကိုယ်ပိုင် Breedအဖြစ်နဲ့ စတင်ပျိုးထောင်ခဲ့ကြပါတယ်။

၂၀၀၄ခုနှစ် အရောက်မှာ American Bully Kennel Clubကို စတင်တည်ထောင်ခဲ့ကြပါတယ်။ ဒီနေ့ခေတ်မှာတော့ ဒီကလပ်မှာ Breedအကွဲပေါင်းများစွာကို Registerလုပ်ထားနိုင်ပြီး Bully Breedအမျိုးကွဲပေါင်း (၂၀) ကျော်ကို ဒီကလပ်ကနေ အသိအမှတ်ပြုထားကြပါတယ်။

American Kennel Clubကတော့ American Bully Kennel Clubကိုပဲ အများအတွက် only official registerဖြစ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ American Bully breedတွေကို သူတို့ (AKC) ဆီမှာ အသိအမှတ်မပြုပေးပါဘူး။



American Bullyနှင့် ပတ်သက်သော အနှစ်ချုပ် အချက်အလက်များ

1. American Bullyကို Pitbullရဲ့ မျိုးကွဲတစ်ခုလို့ လူတွေထင်နေကြတာက မှားပါတယ်။

2. ဒီခွေးအမျိုးအစားတွေက ၁၉၈၀ပြည့်နှစ်ကာလတွေမှာ စတင်ပေါ်ပေါက်လာခဲ့တာပါ။

3. The American Kennel Clubကနေ ဒီ dog breedကို အသိအမှတ်မပြုထားပါဘူး။

4. American Bullyပေါက်စလေးတွေက ဈေးကြီးပါတယ်။ 

5. သူတို့ရဲ့ ဉာဥ်ကောင်းဖြစ်တဲ့ နူးညံ့ပြီး အေးဆေးတဲ့ အသွင်အပြင်ကို ဒီBreedတွေမှာ trait တစ်ခုအဖြင့် Specific ရွေးချယ် သားဖောက်ထားနိုင်ခဲ့ပါတယ်။

6. သူတို့ဟာ ချစ်ဖို့ကောင်းပြီး ကြင်နာတတ်ရုံသာမက မိသားစုဝင်တွေနဲ့ အေးအေးဆေးဆေးနေတတ်ကြပါတယ်။ ကလေးလေးတွေ ရှိရင်လဲ ကလေးတွေနဲ့ တည့်ပြီး ကောင်းကောင်းမွန်မွန်နေထိုင်တတ်ကြပါတယ်။

7. သူတို့ရဲ့ ပုံပန်းအသွင်အပြင်ကတော့ Pitbullနဲ့ နီးနီးစပ်စပ်ကို တူညီကြပါတယ်။

8. American Bully Kennel Clubကို ၂၀၀၄ခုနှစ်မှာ စတင်တည်ထောင်နိုင်ခဲ့ကြပါတယ်။

9. ဒီ Breedမှာတင်ကို pocket, standardနဲ့ giantဆိုပြီး ပုံစံကွဲ မျိုးကွဲ (၃)ခုထိ ရှိနေပါတယ်။


10. Bullyတွေဟာ တစ်ရက်ကို (၃၀) မိနစ်ကနေ (၆၀) မိနစ်ထိ လေ့ကျင့်ခန်း လုပ်ပေးဖို့ လိုအပ်ပါတယ်။

ree

American Bully Temperament (American Bullyတို့ရဲ့ ဉာဉ်)


သူတို့ရဲ့ စိတ်နေစိတ်ထားနဲ့ ပတ်သက်လို့ Pitbullတွေရဲ့ အကျင့်စရိုက်တွေ ကပ်ပါလာမှာကို လူတော်တော်များများက စိုးရိမ်တတ်ကြပါတယ်။ ကံအားလျော်စွာပဲ ဒီ Breedမှာ ရန်လိုတဲ့စရိုက်တွေကို အထူးသဖြင့် ဖယ်ရှားပြီး မျိုးဖောက်လိုက်နိုင်ပါတယ်။


ဒါကြောင့် သူတို့ဟာ လူတွေအတွက် အေးဆေးပြီး နှစ်လိုဖွယ်ကောင်းရုံသာမက စိတ်သဘောထားကောင်းမွန်ပြီး ခင်ခင်မင်မင်ရှိတတ်တဲ့ အပေါင်းအဖော်တွေ ဖြစ်လာခဲ့ကြပါတယ်။


သူတို့ချစ်ခင်ရတဲ့သူတွေကို ကာကွယ်တတ်ကြပေမယ့် သူတို့ဟာ အစောင့်ခွေးတွေတော့ မဟုတ်ကြပါဘူး။ အစောင့်အကြပ်အဖြစ် သူတို့ကို သုံးနိုင်မယ်လို့လဲ မမျှော်လင့်ထားသင့်ပါဘူး။


ခွေးချစ်သူတွေအနေနဲ့ ခွေးတစ်ကောင်ရဲ့ ဉာဥ်နဲ့ အသွင်အပြင်ကို ဝေဖန်ဖို့ဆိုတာ သိပ်ကို ခက်လွန်းနေပါတယ်။


American Bullyတွေရဲ့ သိသာထင်ရှားတဲ့ ကြွက်သားထုကြီးကို ကြည့်ပြီး တချို့က သူတို့ကို ရန်လိုတတ်တဲ့ခွေးတွေလို့ ထင်တတ်ကြပေမဲ့ သူတို့ကတော့ ပျော်ပျော်နေတတ်ကြပြီး Sweetဖြစ်တဲ့ ချစ်စရာခွေးမျိုးတွေပဲ ဖြစ်ပါတယ်။


သူတို့ကို attentionပေးတာကို သဘောကျတတ်ကြရုံတင်မက ချစ်အောင်ခင်အောင်လဲ လိုက်ပြီး ချွဲတတ်ကြပါသေးတယ်…ဒါကြောင့် ခေါင်းနဲ့ တိုးဝှေ့ချွဲတာတို့၊ သင့်မျက်နှာကို လျှာနဲ့လိုက်ယက်တာတို့ မျက်နှာကို တိုးဝှေ့နမ်းပစ်တာတို့ကို အားပါးတရ လုပ်တတ်ကြပါတယ်။


Compatibility with Families (မိသားစုနဲ့ သင့်မြတ်မှု)


American Bullyတွေဟာ ကြင်နာတတ်တယ်၊ ချစ်ဖို့ကောင်းတယ်ပြီး မိသားစုဝင်တွေနဲ့ဆို သက်တောင့်သက်သာ ရှိတတ်ကြပါတယ်။ သူတို့ဟာ အဆော့မက်တဲ့အပြင် ဂရုလဲစိုက်တတ်ကြတာကြောင့် ကလေးရှိတဲ့အိမ်တွေအတွက် သိပ်ကို သင့်တော်ပါတယ်။ ကလေးတွေနဲ့ပါ စိတ်ရှည်တာကြောင့် ကလေးငယ်လေးတွေ ရှိတဲ့အိမ်မှာ မွေးထားဖို့ လက်တွန့်စရာမလိုတော့ပါဘူး။ တကယ့်ကို ပြီးပြည့်စုံတဲ့ Lap Dogအမျိုးအစားလဲ ဖြစ်တာ‌ကြောင့် သူတို့ကို တကယ့်စစ်မှန်တဲ့ အပေါင်းအဖော်အဖြစ် သတ်မှတ်လို့ရပါတယ်။


သူတို့ရဲ့ လိုက်လျောညီထွေရှိမှုနဲ့ ကြင်နာတတ်မှုကြောင့် တချို့ပိုင်ရှင်တွေက သူတို့ကို တခြားအကောင်ပလောင်တွေနဲ့လဲ လွှတ်ထားလို့ အဆင်ပြေမယ်လို့ ထင်တတ်ကြပါတယ်။ ဒီလိုလွှတ်ထားနိုင်ဖို့ဆိုတာက သူတို့ကို ငယ်ငယ်ကတည်းက တခြားအကောင်တွေနဲ့ တစိမ်းတွေနဲ့ ရင်းနှီးအောင် Socializedလုပ်ထားဖို့ အရေးကြီးပါတယ်။ ဒါမှသာ သူတို့ချင်းထိတွေ့မှုက အဆင်ပြေပြေဖြစ်နိုင်မှာပါ။


American Bullyတွေက အလွန်အမင်းသစ္စာရှိတဲ့ မျိုးတွေအဖြစ် ထင်ရှားပါတယ်…ဒီအချက်ကပဲ သူတို့ကို လုံးဝပြီးပြည့်စုံတဲ့ Family Petတစ်ကောင် ဖြစ်လာအောင် လုပ်ပေးတဲ့ အကြောင်းအရင်းတွေကို ပိုမိုအားကောင်းအောင် လုပ်ပေးရာရောက်သွားပါတယ်။


ree

American Bullyတို့ရဲ့ အသွင်အပြင်


သူတို့ဟာ စိတ်နှလုံးနူးညံ့ကြပေမယ့် အပြင်ပန်းအသွင်အပြင်ကတော့ ကြွက်သားအဖုဖုနဲ့ တည်ဆောက်ထားတာကြောင့် သွားမစသင့်တဲ့ ခွေးတစ်ကောင်ရဲ့ အသွင်အပြင်အဖြစ် ပေါ်လွင်နေပါတယ်။


American Bullyတွေမှာ သူတို့ရဲ့ ကြွက်သားအတိပြီးတဲ့ ခန္ဓာကိုယ်နဲ့လိုက်ဖက်အောင် ကြီးမားတဲ့ ဦးခေါင်းတွေ ရှိတတ်ကြပြီး ချွန်ထက်တဲ့ နားရွက်တွေပါဝင်ပါတယ်။ ဘဲဥပုံ မျက်လုံးတွေကတော့ အညိုရင့်ရောင် (သို့) အပြာရောင်ရှိတတ်ကြပါတယ်။ ပါးစပ်နဲ့ နှာခေါင်းပိုင်းကတော့ အဝိုင်းကနေ လေးထောင့် သဏ္ဍန်ထိ ပုံစံအမျိုးမျိုးရှိနိုင်ပြီး တိကျသေသပ်တဲ့ မေးရိုးနှစ်ဘက်ရဲ့ဘေး တဘက်တချက်စီမှာ နူးညံ့တဲ့ အရေပြားလေးတွေ တွဲလျားကျနေတာကို မြင်တွေ့ရနိုင်ပါတယ်။


Size


American Bully Kennel Club က သတ်မှတ်ထားတဲ့ မျိုးကွဲတွေအလိုက် သူတို့ရဲ့ အရွယ်အစားက ပြောင်းလဲ ကွာခြားသွားနိုင်ပါတယ်။ ဒါတွေကတော့…


Pocket variety လေးတွေမှာ အထီးဆိုရင် 14 to 17 inches/ အမဆိုရင် 13 to 16 inches


Standardမျိုးတွေမှာတော့ အထီးတွေက 17 to 20 inches/ အမတွေက 16 to 19 inches


Giant/XL breedတွေမှာ အထီးတွေဆိုရင် 20 to 23 inches/ အမတွေဆိုရင် 19 to 22 inchesအထိ အမြင့်တွေကွာခြားတတ်ကြပါတယ်။


Coat


တောက်ပြောင်တဲ့ အမွှေးတိုလေးပဲ ရှိတာကြောင့် သူတို့ရဲ့ အမွှေးတွေကို ‘သ’ဖို့ စရိတ်စကတော့ သိပ်မကုန်ကျပါဘူး။ တစ်ပတ်ကို တစ်ကြိမ်လောက်ပဲ ဒီကောင်တွေရဲ့ အမွှေးတွေကို ဖြီးသင်ပေးဖို့ လိုအပ်ပါလိမ့်မယ်။ သူတို့အတွက် မကောင်းတဲ့ အချက်ကတော့ အမွှေးတိုလေးတွေသာ ရှိတာကြောင့် အအေးဒဏ်ကို တခြားခွေးတွေလို သိပ်မခံနိုင်ကြပါဘူး။ ဒါကြောင့် အေးလာတဲ့ ရာသီမှာ သင့်ခွေးကို အနွေးထည်လေးဝတ်ပေးထားဖို့၊ အဝတ်ထူထူလေး ဝတ်ပေးထားဖို့တော့ လိုအပ်ပါလိမ့်မယ်။


Grooming


အပေါ်မှာ ပြောခဲ့သလိုပါပဲ… American Bullyတွေမှာ သပေးဖို့ အပိုစာသားတွေ သိပ်မလိုအပ်လှပါဘူး။ ဒါကြောင့် သူတို့ရဲ့ ထိန်းသိမ်းရေးလိုအပ်ချက်တွေက သိပ်ကို ရိုးရှင်းပါတယ်။


တစ်လကို တစ်ကြိမ်လောက်ပဲ သူတို့ကို ရေချိုးပေးဖို့ လိုအပ်ပါမယ်…ဒီထက်တောင် နဲချင်နဲနိုင်ပါမယ်…ဘယ်လောက်ထိ ပေပေတူးတူးဆော့ထားသလဲ ဆိုတဲ့အပေါ်မူတည်ပြီး ‌ရေချိုးပေးဖို့ စဥ်းစားသင့်ပါတယ်။


သွားကိုတော့ ဖြစ်နိုင်ရင် နေ့တိုင်းတိုက်ပေးဖို့ လိုပါတယ်…တစ်ပတ်အတွင်းမှာ မကြာခဏတိုက်ပေးသင့်ပါတယ်။ လက်သည်းတွေညှပ်ပေးဖို့လဲ လိုအပ်ပါတယ်။ ခွေးဆရာဝန်နဲ့ Pet Spaက ဝန်ထမ်းတွေနဲ့ တိုင်ပင်ပြီး သူတို့ရဲ့ အကူအညီကို ရယူသင့်ပါတယ်။


သူတို့မှာ ညင်သာတဲ့ အမူအရာနဲ့ ခင်မင်ရင်းနှီးလိုတဲ့ ဟန်ပန်ရှိတာကြောင့် သူတို့ကို ဂရုစိုက်ပေးဖို့အတွက် သိပ်တော့ ဒုက္ခရောက်မှာ မဟုတ်ပါဘူး။


Food and Dietary Requirements (အစားအစာနှင့် နေ့စဥ်အစားအသောက်ပုံစံ လိုအပ်ချက်များ)


ခွေးစာ၀ယ်မယ်ဆို အလွန် demand များပါတယ်၊ တော်ရုံအပေါစားတွေ ကျွေးရင် အရေပြားဆိုင်ရာ ပြသနာ ရှိပါမယ်။ Skin Allergic prone အလွန်ဖြစ်ပါတယ်။

သူတို့ရဲ့ အရွယ်အစားတွေက အပြောင်းအလဲတွေ ရှိနိုင်ပြီး Breedအတွက် သတ်မှတ်ထားတဲ့ စံအလေးချိန်မရှိတာကြောင့် တစ်ရက် ဘယ်‌လောက်စားသင့်လဲဆိုတာကို ပုံသေသတ်မှတ်ထားဖို့ မလိုအပ်လှပါဘူး။ ဒါပေမယ့် အတွေ့အကြုံအရ အများသတ်မှတ်ထားကြတာကတော့ သူတို့ခန္ဓာကိုယ်အလေးချိန် တစ်ပေါင်အတွက် (၃၀) ကယ်လိုရီ အစာစွမ်းအင် လိုအပ်ချက်ရှိပါတယ်။


ဥပမာ- သင့်ခွေးက ပေါင်(၃၀)ရှိတယ်ဆိုရင် သူ့အတွက် တစ်ရက်တာ စွမ်းအင်လိုအပ်ချက်က (၉၀၀)ကယ်လိုရီ ထိ ရှိနေပါလိမ့်မယ်။


အရည်အသွေးမြင့်တဲ့ အစာခြောက်(dry kibbled diet) တွေဟာ အလယ်အလတ် အရွယ်အစားခွေး ကနေ ခွေးကြီးမျိုးတွေထိ ကျွေးလို့အဆင်ပြေအောင် အထူးပြုထုတ်လုပ်ထားတာဖြစ်လို့ ကျွေးရတာ အဆင်ပြေနိုင်ပါတယ်။


ခွေးတွေက ‌ကျွေးသလောက် စားချင်တာ မှန်ပေမယ့် တစ်ရက်ကို (မနက်စာနဲ့ ညစာ) နှစ်ကြိမ်လောက်ထိပဲ ကျွေးဖို့ အကြံပေးချင်ပါတယ်။



ree

Exercise Requirements (လေ့ကျင့်ခန်း လိုအပ်ချက်များ)


ဒီ Breedတွေမှာ နေ့စဥ်လေ့ကျင့်ခန်းကို ကစားချိန်နဲ့ လမ်းအမြန်လျှောက်ခြင်းကနေ ရယူပေးနိုင်ဖို့ လိုအပ်ပါတယ်။


တစ်ရက်တာအတွက် လေ့ကျင့်ခန်းလုပ်ပေးချိန်ကို (၃၀)မိနစ်ကနေ (၆၀)မိနစ်ထိ အချိန်ပေးလုပ်ဆောင်ခိုင်းဖို့ အကြံပေးလိုပါတယ်။


သင့်ခွေးကို ဒီလိုလေ့ကျင့်ပေးတာက သူနဲ့ ပိုပြီး နီးကပ်စေသလို သူ့ရဲ့ ချုပ်တည်းထားရတဲ့ Energyတွေကို ဖြုန်းပေးရာလဲ ‌ရောက်ပါတယ်။ ပြီးတော့ စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်ပေးပြီးသား ဖြစ်သွားပါတယ်။


ဒီကောင်တွေက လေ့ကျင့်ခန်းတွေ အများကြီး အကြာကြီးလဲ လုပ်ပေးစရာ မလိုအပ်လှပါဘူး။ တိုက်ခန်းမှာ မွေးဖို့ လိုက်လျောညီထွေလဲ ရှိသလို လမ်းများများလျှောက်ပေးလိုက်တာနဲ့ လေ့ကျင့်ခန်းလိုအပ်ချက်ကလဲ ပြည့်သွားနိုင်ပါတယ်။


ကိုယ်တွင်းအပူချိန် မြင့်တတ်မှုကို ကာကွယ်ရန် အတွက် အပြင်ထွက်တိုင်း ရေဘူးတော့ဆောင်ထားသင့်ပါတယ်။

ree

Training (လေ့ကျင့်ပေးခြင်း)


လေ့ကျင့်ပေးတာက သူတို့ရဲ့ ဦးဏှောက်တွေကို လှုံ့ဆော်ပေးရာ ရောက်တဲ့အပြင် သင်နဲ့သူ့ကြားမှာ ပိုပြီး ရင်းနှီးစေပါတယ်။ ဒါ့အပြင် ငယ်ငယ်လေးကတည်းက လေ့ကျင့်ပေးမယ်ဆိုရင် သင့်ခွေးလေးက အပြုအမူကောင်းတွေ တတ်မြောက်နိုင်ပြီး ပြောစကားကိုလဲ နာခံတတ်တဲ့ ခွေးအဖြစ် ကြီးပြင်းလာပါလိမ့်မယ်။


အပြုသဘောဆောင်တဲ့ လေ့ကျင့်နည်းက ခွေးပေါက်လေးတွေကို လေ့ကျင့်ရာမှာ အသုံးဝင်ပါတယ်။


သူတို့ ကောင်းကောင်းမွန်မွန်နဲ့ လေ့ကျင့်ခန်း လိုက်လုပ်ရင်တော့ သူတို့ကို ချီးကျူးစကားပြောပြီး ဆုချသင့်ပါတယ်။(အစာကျွေးတာမျိုးပေါ့) စကားနားမထောင်ဘဲ ပေါက်ကရတွေ လုပ်နေရင်တော့ သူတို့ကို လစ်လျူရှုထားသင့်ပါတယ်။ (ဆုပေး ဒဏ်ပေး ပုံစံပါပဲ)


American Bullyတစ်ကောင်အတွက်ဆိုရင်တော့ ရိုးရှင်းတဲ့ ခိုင်းစေမှုတွေကို အလွယ်တကူနာခံပြီး လိုက်လုပ်တတ်သင့်ပါတယ်။


စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုကလဲ သင့်ခွေးအတွက် အခြားသောလိုအပ်ချက်တွေပါပဲ။ သင့်ခွေးကို စိတ်ပိုင်းဆိုင်ရာလှုံ့ဆော်မှုတွေ ဆက်တိုက်ပေးထားနိုင်တာကလဲ သူ့ကို အပျက်သဘောဆောင်တဲ့ အပြုအမူ(တွေ့သမျှ လျှောက်ပြီး ကိုက်ဝါးခြင်းလိုမျိုး) လျှောက်လုပ်တာကနေပါ လျှော့ချထားပြီးသား ဖြစ်သွားပါလိမ့်မယ်။


သင့်ခွေးကို စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်နိုင်ဖို့အတွက် training sessionတွေ exerciseတွေနဲ့ gameတွေ သုံးပြီးတော့တောင်မှ လေ့ကျင့်လှုံ့ဆော်ပေးနိုင်ပါတယ်။


Health Concerns (ကျန်းမာရေး စောင့်ရှောက်မှု)


တခြားအကောင်တွေနဲ့ ယှဥ်ရင် Breedအသစ် ဖြစ်တာကြောင့် American Bullyတွေမှာ ဘယ်လိုရောဂါတွေ ဆက်နွယ်နေလဲဆိုတာ အဖြေထုတ်ဖို့ ခက်ခဲနိုင်ပါတယ်။ သူတို့မှာ ဖြစ်တတ်တဲ့ ရောဂါတွေကတော့ Cherry Eyeလို့ခေါ်တဲ့ မျက်စိရောဂါတစ်ခုနဲ့ Dysplasiaလို့ခေါ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ တစ်သျှူးတွေ ကြီးထွားဖွံ့ဖြိုးမှု မူမမှန်တဲ့ ရောဂါတို့ပဲ ဖြစ်ပါတယ်။


Cherry Eyeဆိုတာ သူတို့ရဲ့ တတိယမျက်ရစ်မှာ ဖြစ်တတ်တဲ့ ချို့ယွင်းမှုကြောင့် ဖြစ်လာတဲ့ ရောဂါပါ (ဟုတ်ပါတယ်…ခွေးတွေမှာ မျက်ရစ်သုံးခုတိတိ ရှိပါတယ်ခင်ဗျာ)


မျက်လုံးထဲက မျက်ရည်ဂလန်းက အပေါ်ကိုကြွတက်လာပြီး အနီအစက်အပြောက်တစ်ခုကို ပေါ်လာစေပါတယ်။ (အဲလို အနီပေါ်လာလို့ Cherry Eyeလို့ ခေါ်ကြတာပါ) ‌ဒီရောဂါကြောင့် ရေရှည်မထိခိုက်ရအောင် တိမွေးကုဆရာဝန်တစ်ယောက်နဲ့ပြပြီး သေချာကုသပေးရပါမယ်။


Hip and Elbow Dysplasiaဆိုတာကတော့ တင်ပါးဆုံနဲ့ ခြေတံခေါက်ကွေးနေရာတွေမှာ အရိုးတွေပွပြီး ကြွပ်ဆတ်နေတတ်တဲ့ သဘောပါ။ ဒီလိုဖြစ်ရတာက အရိုးတွေဆုံတဲ့ Jointနေရာတွေမှာ လွဲကုန်တာကြောင့်ပါပဲ။ ဒီရောဂါကိုတော့ အသက်ကြီးလာတဲ့ ခွေးတွေမှာ အတွေ့ရများပါတယ်…နောက်ဆက်တွဲကတော့ ခြေလက်တွေ အနည်းနဲ့ အများ ဆိုင်းလာတတ်ပါတယ်။


Summary (အနှစ်ချုပ်)
ကလေးတွေရှိတဲ့ မိသားစုရော မိသားစုအတွက် အဖော်လိုအပ်နေတဲ့သူတွေရော American Bully ကိုမွေးဖို့ သင့်တော်ပါတယ်။ ကြင်နာတတ်တဲ့၊ နူးညံ့တဲ့၊ ချစ်ဖို့ကောင်းတဲ့၊ ခင်တွယ်တတ်တဲ့၊ လူကိုခင်တဲ့ သူတို့ဟာ အဖော်မွန်ကောင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဒီ Breedတွေက ပုံမှန်လေ့ကျင့်ခန်းလှုပ်ရှားမှုလေးသာ ရှိနေရင် ဘယ်လိုအခြေအနေမျိုးမှာမဆို သင့်တော်ပါလိမ့်မယ်…အိမ်က ဆိုဖာပေါ်မှာ ထိုင်နေတာပဲဖြစ်ဖြစ် ညနေခင်း အေးဆေး ဖြည်းဖြည်း လမ်းထွက်လျှောက်တာပဲဖြစ်ဖြစ် သူကတော့ သင့်ဘေးမှာ အကောင်းဆုံးအဖော်အဖြစ်နဲ့ ရှိနေမှာပါ။

ree

Comments


Post: Blog2 Post

+959452718466

©2022 by Myanmar K-9 Media. Proudly created with Wix.com

bottom of page