top of page

တော်ဝင်နန်းတွင်းကနေ ရုပ်ရှင်ထဲထိ ပါဝင်ခဲ့ကြတဲ့ Collieတို့ရဲ့ သမိုင်းကြောင်း

  • Writer: Diva The Bully
    Diva The Bully
  • May 15, 2022
  • 3 min read


၂၀၁၄ခုနှစ်အရောက်မှာ DreamWorks Animation က ကြေညာချက်တစ်ခုထုတ်ပါတယ်။ ဒါကတော့ Lassie ဆိုတဲ့ စိတ်ကူးယဥ်ခွေးဇာတ်ကောင်ကို ပြန်လည်ဖန်တီးတော့မယ်ဆိုတဲ့ အကြောင်းပါပဲ။ ဒါပေမဲ့ အများထင်ထားတဲ့ ပုံစံတော့မဟုတ်ခဲ့ပါဘူး။

“Lassieမှာ ဝင်ငွေအမြတ်ကြမ်းကြမ်းရစေတဲ့ အဖိုးတန်စစ်မှန်မှုတစ်ခုရှိတယ်ဆိုတာ ကျွန်တော်တို့ နားလည်ထားပါတယ်” ဒီစကားကို DreamWorksရဲ့ Executive Michael Francis က The New York Times ကို ဂုဏ်ယူစွာနဲ့ ပြောပြပေးခဲ့တာပါ။ Francisက “နှစ်‌ပေါင်း ၇၆နှစ်ကြာပြီဖြစ်တဲ့ အမှတ်အသားပြယုဂ်တစ်ခုက Lassie productsတွေဖြစ်တဲ့ ခွေးစာ၊ အိပ်ရာ၊ လည်ပတ်နဲ့ ခြယ်သရေးကိရိယာတွေ ထုတ်လုပ်ရောင်းချရာမှာ ပြန်လည်ပါဝင်လာမယ်”လို့ ဆိုလိုက်ပါတယ်။ ဈေးကွက်ကြီးကြီးမားမားရှိတယ်လို့ ဈေးကွက်လေ့လာသူတွေက ညွှန်းဆိုကြတဲ့ ဈေးကွက်တစ်ခုပါပဲ။

သိသာစွာပဲ…Lassie ရွှေထီးဆောင်းခဲ့တဲ့ ရုပ်ရှင်နဲ့ ရုပ်သံတွေဆီကို တကျောပြန်လာ‌ရေးက သူတို့အကြံအစီရဲ့ တစိတ်တပိုင်းတော့ မဖြစ်ခဲ့ပါဘူး။

တချိန်က နိုင်ငံ့အချစ်တော်ဖြစ်ခဲ့တဲ့ ခွေးလေးနဲ့ ပိုင်ရှင်ကောင်လေးတို့ရဲ့ ဇာတ်လမ်းတွေက ယနေ့ခေတ်ရဲ့ zombie slayersနဲ့ superheroesတွေကို မယှဥ်နိုင်တော့ပါဘူး။ နွေရာသီရောက်လာချိန်မှာ ခရစ်စမတ်ဇာတ်ကောင်တွေ ရေပန်းမစားတော့သလိုမျိုးပေါ့ဗျာ…ဒီလိုပဲ Lassieဟာလဲ ဒီနေ့ခေတ်ရဲ့ လူငယ်တွေအသည်းနှလုံးကို သိမ်းကြုံးယူငင်နိုင်စွမ်းလျော့ကျလာတဲ့ သဘောပေါ့ဗျာ။

Lassie Come Homeရုပ်ရှင်ဟာ မျက်မှောက်ကမ္ဘာမှာ တကယ်ပဲလမ်းပျောက်နိုင်ခြေ ရှိနေသလား??

ဘုရင်မနဲ့ ဗိုလ်ပါလက်သုံးတော်


Lassieနဲ့ အနွယ်တူ ခွေးတွေဟာ TV, movies, and printing pressesတွေမပေါ်ခင် ရာစုနှစ်ပေါင်းများစွာကတည်းက အခြေတည်လာခဲ့ကြတာပါ။ သူ့ရဲ့မျိုးရိုးဟာ ကြေးခေတ်(before 1200 B.C ) မှာ စတင်တည်ရှိလာတဲ့ သိုးထိန်းခွေးတွေကတဆင့် ထွက်ပေါ်လာခဲ့တာပါ။ ဒီနောက်မှာတော့ သူတို့မျိုးရိုးဟာ ဗြိတိန်ဖြစ်လာမဲ့ ဒေသမှာ ပြောင်းရွှေ့အခြေချပြီး မွေးမြူရေးတိရစ္ဆာန်တွေကို ကာကွယ်ပေးရင်း ကူညီခဲ့ကြပါတယ်။

သမိုင်းပညာရှင်၊ တက်ကြွအားသန်သူနဲ့ Dog Show အကဲဖြတ်ဒိုင်တစ်ယောက်လဲဖြစ်တဲ့ Gayle R. Kayeကတော့ သူ့ရဲ့နာမည်ကြီး စာအုပ်တစ်အုပ်ဖြစ်တဲ့ The Collie in Americaထဲမှာ Collieဆိုတဲ့ စကားလုံဆင်းသက်လာပုံကို ရှင်းပြထားပါတယ်…ဒီစကားလုံးဟာ ၁၃၈၇ကနေ ၁၄၀၀ပြည့်နှစ်အတွင်း Ran Colle oure doggeရေးခဲ့တဲ့ Chaucer’s Canterbury Talesထဲမှာ ပထမဆုံးအကြိမ် ပါဝင်လာခဲ့ပါတယ်။ Kayeကတော့ သိသာတဲ့ သက်သေသက္ကာယ မရှိပေမဲ့ ဒီစာလုံးဟာ အဲ့နောက်ပိုင်းမှာ အသုံးတွင်ကျယ်လာခဲ့တယ်လို့ မှတ်ချက်ချခဲ့ပါတယ်။

Collieဆိုတဲ့စကားဟာ Anglo-Saxon Wordတစ်ခုဖြစ်တဲ့ Collကနေ ဆင်းသက်လာပြီး Coal- အနက်ရောင်လို့ အဓိပ္ပါယ်ရပါတယ်။ နောက်ထပ်မြစ်ဖျားခံရာလို့ ယူဆတာကတော့ Collarလို့ခေါ်တဲ့ အဖြူရောင်ကို ကိုယ်စားပြု စကားလုံးကနေ လာတယ်လို့လဲ တွေ့ရပါတယ်။ Collieရဲ့ အခြားသော အနက်တစ်ခုကတော့ ရိုးသားခြင်း၊ ယုံကြည်ရခြင်း၊ သစ္စာရှိခြင်းလို့ ဆိုနိုင်ပါတယ်…ဒီတော့ကာ အဖြူရောင်၊ အနက်ရောင်နဲ့ အခြားသော ဂုဏ်သတ္တိတွေ ရောမွှေထားတဲ့ စကားလုံးတစ်ခုလို့ ဆိုနိုင်ပါတယ်။

ရာစုနှစ်ပေါင်းများစွာ ဖြတ်သန်းပြီးနောက်မှာတော့ Collieတွေဟာ မြေယာစိုက်ခင်းတွေရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် တည်ရှိလာခဲ့ကြပါတယ်။ အမွှေးရှည်လျားတဲ့ ကောင်တွေဟာ စကော့ချ်ကုန်းပြင်မြင့်တွေထက်မှာ သိုးထိန်းများအဖြစ် တာဝန်ကျေကြသလို အမွှေးတို Collieမျိုးခွဲတွေကတော့ အင်္ဂလန်နိုင်ငံမြောက်ပိုင်းက ဖုန်းဆိုးလွင်ပြင်‌ဒေသတွေမှာ မွေးမြူရေးထိန်းကျောင်းရေး ခွေးတွေအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။

၁၈၆၀ပြည့်နှစ်နှောင်းပိုင်း ကာလတွေအရောက်…သမိုင်းတလျှောက် ခွေးအချစ်တတ်ဆုံး ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့ Queen Victoria စကော့တလန်ကို အလည်အပတ်ရောက်လာတဲ့အခါမှာတော့ ထူးခြားလှတဲ့ Collieမျိုးစိတ်ကို သတိပြုမိတော်မူခဲ့ပါလေ‌ရောလားဗျာ။ သိပ်မကြာခင် အချိန်အတွင်းမှာပဲ သူမရဲ့Royal Kennelမှာ Collieတို့အတွက် တနေရာစာ ပေးသနားတော်မူလိုက်ပါတော့တယ်။

၁၈၅၉မှာ ကျင်းပတဲ့ ပထမဆုံး British dog showအပြီး ၂နှစ်အကြာမှာတော့ “Scotch-Colleys”တွေဟာ ပြိုင်ပွဲတွေမှာ ခြေဆန့်ကျင်လည်လာခဲ့ပါတော့တယ်။ ၁၈၇၃ခုနှစ်အ‌ရောက်မှာတော့ Irish sportsmanတစ်ယောက်ဖြစ်တဲ့ Sewallis E. Shirleyဟာ ဒီနေ့ခေတ် Collieအားလုံးရဲ့ ဘိုးဘေးဖြစ်လာမဲ့ Collieတစ်ကောင်ကို စတင်ပြီး မှတ်ပုံတင်စာရင်းသွင်းခဲ့ပါတယ်။

ဘုရင်မတစ်ပါးဟာ နန်းတွင်းမှာ ပြသဖို့အတွက် Collieတွေကို ယာတောက ခေါ်ခဲ့သလိုပဲ captainတစ်ယောက်ဖြစ်တဲ့ John Pierpont Morganကတော့ သူတို့ကို အမေရိကတိုက်ဆီ ခေါ်လာခဲ့ပါတယ်။ Victoriaလိုပဲ Morganဟာလဲ စကော့တောင်တန်းတွေပေါ်မှာ အလုပ်လုပ်နေကြတဲ့ ခွေးတွေကို သတိထားမိခဲ့ပြီး တစ်ကောင်‌‌လောက်မွေးလိုက်ဖို့ ပြင်ဆင်လာခဲ့ပါတယ်။ English championလို့ဆိုနိုင်တဲ့ ထိတ်ထိတ်ကြဲတစ်ကောင်ကို သူဝယ်လိုက်ပြီး ၁၈၈၈ခုနှစ်အရောက်မှာတော့ Hudsonဖြစ်ကမ်းနံဘေးမှာ သူ့ရဲ့ ကိုယ်ပိုင်‌ခွေးမွေးမြူရေးဖြစ်တဲ့ Cragston Kennelကိုတည်တောင်ခဲ့ပါတယ်။ Kayeကတော့ Captain Morganကို ၁၈၀၀ပြည့်နှစ်နှောင်းပိုင်းရဲ့ “King of the Collieworld”လို့ စာအုပ်ထဲမှာ ရေးထားခဲ့ပါတယ်။ big canine gatheringတစ်ခုမှာ အားလုံးကြားနိုင်တဲ့ ပထမဆုံးမေးခွန်းကတော့ “Morgan Colliesတွေက ဘယ်မှာလဲ” ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါလိမ့်မယ်တဲ့… ဒီမှတ်ချက်ကတော့ ၁၉၁၃မှာ ထုတ်ဝေခဲ့တဲ့ ‘စီးပွားရေးပညာရှင်တစ်ယောက်ရဲ့မှတ်တမ်း’ စာအုပ်ထဲမှာ Collie Folioအဖြစ် ပါဝင်လာတဲ့ မှတ်ချက်တစ်ခု ဖြစ်ပါတယ်။



စီးပွားရေးသမားကြီးတစ်ယောက်ဖြစ်တဲ့ J.P. Morganဆိုတာကတော့ ဘယ်တော့မှ သေးသေးဖွဲဖွဲလုပ်နေမဲ့ လူစားမျိုး မဟုတ်ပါဘူး။ ဒါကြောင့် ၁၈၉၃ခုနှစ်အရောက်မှာတော့ သူအရမ်းသဘောကျသွားတဲ့ Collie breedကို ပြသဖို့ဆုံးဖြတ်လိုက်ပြီး New York, Highland Fallsဒေသမှာ သူ့ကိုယ်ပိုင်Cragston Kennelတည်ဆောက်ဖို့ ဒေါ်လာတစ်သန်းလောက် သုံးစွဲခဲ့ပါတယ်။ သူ့ရဲ့ Kennelမှာ မွေးဖို့အတွက် British champion မျိုးရိုးလိုင်းစစ်စစ်ကို တင်သွင်းခဲ့ပါတယ်။ ဒါ့အပြင် သူဟာ England’s top kennel masterတစ်ယောက်ဖြစ်တဲ့ Alf Blewittကိုပါ ခေါ်ယူခဲ့ပါတယ်။  



Morganရဲ့ စိတ်အားထက်သန်မှုဟာ Collieမျိုးစိတ်ကို အမေရိကတိုက်ရဲ့ ဇာတ်ခုံပေါ် အားကောင်းကောင်းနဲ့ တွန်းတင်ပေးလိုက်တယ်လို့ဆိုနိုင်ပါတယ်။ ဒါပေမဲ့ Lassieဇာတ်လမ်း ဖန်တီးရှင် စာရေးသူနှစ်ယောက်ဖြစ်တဲ့ Albert Payson Terhuneနဲ့ Eric Mowbray Knightတို့က တပြည်လုံးကို Collie crazyဖြစ်အောင် လုပ်ပေးလိုက်တယ်လို့ ပြောရပါမယ်။

Knightနှစ်ယောက်ရဲ့ creationဖြစ်တဲ့ Lassieဇာတ်ကောင်ဟာ အကျော်ကြားဆုံးခွေးတစ်ကောင်ဆိုတာ သံသယမရှိပေမဲ့ Kayeကတော့ “Terhuneတို့ဟာ ဒီမျိုးစိတ်ကို အခြား မျိုးရိုးလိုင်းတွေထက် လူကြိုက်များအောင် အမွှန်းတင်လွန်းခဲ့တယ်” လို့ သုံးသပ်ပါတယ်။ ၁၉၁၆ခုနှစ်မှာ စတင်ထုတ်‌ဝေခဲ့တဲ့ Redbook Magazineမှာ ပါဝင်ခဲ့တဲ့ “His Mate”က စလို့ သူ့ခွေးတွေဖြစ်တဲ့ Lad, Wolfနဲ့ Bruceတို့အကြောင်း ချစ်ခင်ဖွယ်ဇာတ်ကြောင်းလေးတွေနဲ့အတူ စာဖတ်သူတွေကို သူနေထိုင်ရာ New Jerseyပြည်နယ်၊ Sunnybankတဝိုက်က ဘဝတွေအကြောင်းကို စိတ်ဝင်စားဖွယ် ရေးပြနိုင်ခဲ့ပါတယ်။ Sunnybankဟာ ဒီနေ့ခေတ်မှာတော့ အမှတ်တရလည်ပတ်စရာ နေရာတစ်ခုဖြစ်လာခဲ့ပြီး Terhuneရဲ့ စာအုပ်ထဲမှာပါဝင်တဲ့ ခွေးလေးတွေရဲ့ အထိမ်းအမှတ်အုတ်ဂူလေးတွေကို လည်ပတ်သူများ လွမ်းမောဖွယ်တွေ့မြင်နိုင်ပါမယ်။

Terhuneဟာ Lassie Come Homeဆိုတဲ့ Eric Knightရဲ့ ဝတ္တုကိုအခြေခံထားတဲ့ ရုပ်ရှင်ထွက်မလာခင် တစ်နှစ်အလို ၁၉၄၂ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဒီရုပ်ရှင်မှာ ကလေးသရုပ်ဆောင် Roddy McDowellနဲ့အတူ ခွေးဆိုးဘဝကနေ Canineလောကရဲ့ စံနမူနာဖြစ်လာတဲ့အထိ ဘဝပြောင်းသွားတဲ့ ခွေးသရုပ်ဆောင် Palတို့ ပါဝင်သရုပ်ဆောင်ခဲ့ကြပါတယ်။ Palကိုတော့ Hollywood animal trainerတစ်ယောက်ဖြစ်တဲ့ Rudd Weatherwaxက လေ့ကျင့်ပေးခဲ့တာ ဖြစ်ပါတယ်။

၁၉၅၀နဲ့ ၁၉၆၀ဝန်းကျင်မှာ Lassieဇာတ်လမ်းတွေ ရေပန်းစားနေပေမဲ့ သူမျှဝေချင်တဲ့ ရဲစွမ်းသတ္တိ၊ သစ္စာရှိမှုနဲ့ ကောင်းမြတ်ခြင်းတွေကတော့ အဲ့ဘက်ခေတ်မှာ အားမကောင်းနိုင်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ အဲ့အချိန်မှာ ကိုယ့်အတ္တကို ကိုယ် ဗဟိုပြုတဲ့ အယူအဆ သဘောထားတွေ အားကောင်းနေတာကြောင့်ပါပဲ။ Lassieလေးလဲ တိုးမပေါက်ခဲ့ဘူးလို့ ဆိုရမလိုလိုပါပဲ။ ၁၉၉၀ပြည့်နှစ်များမှာလာတဲ့ ကြော်ငြာတစ်ခုမှာတော့ Lassieဟာ accidentဖြစ်နေတဲ့ Timmyကို (ဇာတ်ကြောင်းအရ) ထပ်ခါထပ်ခါ ကယ်တင်ရတာကို ငြီးငွေ့ဟန်ပေါက်နေပြီး ကွန်ပြူတာကီးဘုတ်ကနေ pet-adoption websiteတစ်ခုမှာ consultingလုပ်ဖို့ ပြင်နေတာကို မြင်တွေ့ရပါတယ်။ နောက်ဆုံးပြကွက်မှာတော့ ပြင်သစ်သံဝဲဝဲနဲ့ အမျိုးသမီးကြးတစ်ယောက်က “Lassieရေ…နင့်ရဲ့ caviar(စားစရာ)ကို လက်စသပ်စားလိုက်တော့လေ” လို့ ပြောနေဟန်နဲ့ အဆုံးသတ်ထားပါတယ်။ ကြော်ငြာအရတော့ Lassieလို ခြေလေးချောင်းပိုင်ရှင်လေးတွေအတွက် ဒီကမ္ဘာကြီးက စိတ်အားထက်သန်မှုမဲ့လာပြီး ပျင်းဖို့ကောင်းလာဟန်ပါပဲ။



ထူးချွန်တဲ့ Collieတွေ


“ဒါပေမဲ့ Lassie Dogတွေနဲ့ တူတူနေရတဲ့ သူတွေကို ဒီအကြောင်းတွေတော့ သွားမပြောမိစေနဲ့ဗျာ…သင်က Collieတွေအကြောင်း သိတဲ့သူဆိုရင်တော့ အကြင်နာဆုံး အသိမ်မွေ့ဆုံးနဲ့ ဂရုအစိုက်တတ်ဆုံး ခွေးတစ်ကောင်အကြောင်းကို သင်သိထားနှင့်ပြီးသားဖြစ်မှာပါ”… ဒီစကားကိုတော့ Oklahomaမှာနေတဲ့ Toni Baileyက ပြောခဲ့တာပါ။ Baileyဟာ Terhuneရေးထားတဲ့ စာအုပ်တွေဖတ်ရင်း ကြီးပြင်းလာခဲ့တာဖြစ်ပါတယ်။ “သူရေးထားတဲ့ စာလုံးတိုင်းကို ကျွန်မကတော့ ၁၁နှစ်သားကတည်းက စွဲမြဲအောင်မှတ်ထားလိုက်ပြီး ဆုံးဖြတ်ချက်တစ်ခုကိုပါ ပိုင်ပိုင်နိုင်နိုင်ချလိုက်နိုင်ပါတယ်။ ဒါကတော့ ကျွန်မ ဘယ်တော့မှ အိမ်ထောင်ပြုဖြစ်မှာ မဟုတ်ပေမဲ့ Sunnybankနဲ့ အလားတူဒေသတခုခုမှာ Collieမျိုးစိတ်တွေကို မြေတောင်မြှောက်ပေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်”

ဘဝက သူမစိတ်ကူးထားသလို ဖြစ်မလာခဲ့ဘဲ သူမလဲ အိမ်ထောင်ပြုဖြစ်ခဲ့ပါတယ်။ မိသားစုလေးတစ်ခု ထူထောင်ဖြစ်ခဲ့ပြီး ဘေးဒုက္ခရောက်နေတဲ့ mixed-breedsတွေကို ကယ်တင်ခဲ့ပါတယ်။ ၁၉၉၈အရောက်မှာတော့ Purebred Collieတစ်ကောင်ကို သူမရဲ့ New Canine Family Memberအဖြစ် မွေးမြနိုင်ခဲ့ပါတယ်။ Badenလို့ နာမည်ပေးထားတဲ့ ဒီခွေးလေးဟာ သူငယ်ငယ်ကဖတ်နေကျ Terhuneရဲ့ စာအုပ်ထဲက ထွက်လာတယ်လို့ တင်စားရမလိုပါပဲ…သိပ်ကို လိမ္မာ သိတတ်နေတာကြောင့် နောက်ထပ် Collieတစ်ကောင် မွေးဖို့ သူမ ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။

ဒုတိယမြောက်ကောင်Jamesကတော့ တချိန်က ဟောလိဝုအကျော်အမော် Clark Gableကို ခွေးသားမွှေးတွေနဲ့ မြင်လိုက်ရသလိုပါပဲ…သူကပဲ သခင်ဖြစ်တဲ့ Baileyကို ဦးဆောင်ပြီး doggie dancingလုပ်ပြပြီး စွမ်းရည်ကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။

“Collieတွေဆိုတာက ခွေးလောကမှာဆိုရင် အကအခုန်ကျွမ်းဝင်သူတွေလို့ ဆိုနိုင်ပါတယ်။ သူတို့ဟာ ဉာဏ်ရည်မြင့်ကြတယ်၊ ခွင့်လွှတ်တတ်ကြတယ်၊ နာခံတတ်ကြရုံသာမက ရှုပ်ထွေးတဲ့ကကွက်တွေကို အလိုက်သင့်စီးမျောနိုင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြပါတယ်။ ပြီးတော့ ကခုန်တဲ့အခါ စိတ်နှလုံးစီးမျောပြီး ကြည့်လို့တင့်တယ်တာကို တွေ့ရပါတယ်” လို့ Baileyက ရှင်းပြပါတယ်။

“သူတို့ကိုကြည့်ရတာ သိပ်လှပါတယ်…သူတို့ ဟိုဒီခါရမ်းနေတဲ့အချိန်ဆိုရင် အမွှေးတွေရမ်းခါနေပုံက မြင်ရသူ ပရိသတ်ကို မျက်စိပသာဒ သိပ်ဖြစ်စေတာပေါ့ရှင်” လို့ Baileyက ဆက်ရှင်းပြပါတယ်။ Jamesကြီး သေသွားပြီးနောက်မှာတော့ Baileyဟာ တတိယမြောက် Collie ဖြစ်လာမဲ့, Prosperကို မွေးထားပြီး လမ်းလျှောက်ထွက်တတ်ကြပါတယ်။

Baileyကတော့ Collieတွေမှာ အဖော်ကောင်းဖြစ်ဖို့နဲ့ ခြေနှုတ်ခြေသိမ်းလှတဲ့ ဦး‌နှောက်ကို ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။ “ကျွန်မခွေး ကတဲ့ လှမ်းတဲ့ခြေလှမ်းတိုင်းက သူ့ဘာသာဆုံးဖြတ်ပြီး လုပ်နိုင်တယ်လို့ ပြောပါတယ်။



တကယ့်ဘဝထဲက Collie Breed



ကပွဲကြမ်းပြင်နဲ့ လှုပ်လှုပ်ရှားရှားအားကစားတွေမှာ ထက်သန်တဲ့ Collieတို့ဟာ တာဝန်တွေက ပိုပြီးနက်နဲလေ ပိုပြီးစွမ်းဆောင်နိုင်လေပါပဲ။ Leslie Rappaportရဲ့ Oregonမှာရှိတဲ့ Kings Valley Collies Kennelကနေ စွမ်‌ဆောင်မှုမှာ ချန်ပီယံဖြစ်တဲ့ AKCမျိုးဆက်တွေကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ သူမဟာ နှစ်ပေါင်း၂၀လုံးလုံး မသန်စွမ်းတွေကို ကူညီပေးနိုင်တဲ့ Collieတွေကို မွေးထုတ်ပေးပြီး လေ့ကျင့်ပေးခဲ့တာဖြစ်ပါတယ်။ “Collieမျိုးဆိုတာက ပင်ကိုဗီဇကြွယ်ဝတဲ့အပြင် လိုက်လျောညီထွေလုပ်နိုင်စွမ်းလဲ မြင့်မားတာကြောင့် ခက်ခဲတဲ့အလုပ်တွေအတွက်တော့ မရှိမဖြစ်ပါပဲ” လို့ သူမက ရှင်းပြပါတယ်။

ပြီးတော့ Collieတွေမှာ Baileyရှာတွေ့ထားတဲ့အချက်တစ်ခုဖြစ်တဲ့ service dogs တွေမှာ မရှိမဖြစ်ပါဝင်ရမဲ့ လူသားသခင်ရဲ့အမိန့်ကို တခါတရံမှာ မနာခံဘဲ သူတို့ဘာသာ လွတ်လွတ်လပ်လပ်ဆုံးဖြတ်နိုင်တဲ့ စွမ်းရည်တွေပိုင်ဆိုင်ထားကြပါတယ်။

Rappaportရဲ့ websiteမှာတော့ Collieတွေဟာ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ချို့တဲ့ဝေဒနာရှင်တွေအတွက် အပြင်လောကနဲ့ အဆက်မပြတ်အောင် လုပ်ပေးနိုင်ကြတယ်လို့ ဆိုပါတယ်။ အာရုံကြောဝေဒနာရှင်တွေ၊ ဦးနှောက် မိုင်ဂရိမ်းသမားတွေ၊ လေဖြတ်နေသူတွေ၊ ကားတိုက်မှုကြောင့် မသန်စွမ်းဖြစ်ရသူတွေ၊ အယ်လ်ဇိုင်းမားရောဂါသည်တွေနဲ့ အော်တစ်ဇင်သမားတွေအတွက်တော့ တကယ့်ကို အဖော်လုပ်ပေးနိုင်တဲ့ Collieတွေလို့ ဆိုရပါမယ်။

Rappaportရဲ့ Kennelထွက်ခွေးတွေထဲက တစ်ကောင်ဖြစ်တဲ့ Ramseyကတော့ ဇာတ်လမ်းတွေထဲမှာ ဖတ်ရဖူးတဲ့ သတ္တိမျိုးကို ပြသသွားခဲ့ပါတယ်။ ၂၀၀၄ခုနှစ်မှာ Ramseyဟာ လေဖြတ်ထားတဲ့ Scottဆီကို ရောက်လာခဲ့ပါတယ်။ ငါးနှစ်ကြာပြီးနောက်မှာ Scottနဲ့ သူ့partner Jennyတို့ Disney Worldကို အားလပ်ရက်အလည်အပတ်ခရီးထွက်လာခဲ့ကြပါတယ်။ Jennyဟာ Ramseyနဲ့အတူ မနက်ခင်း လမ်းလျှောက်ထွက်ခဲ့ပါတယ်။ သူတို့ ဟိုတယ်ဝင်းထဲကို လှမ်းဝင်လိုက်တာနဲ့ Ramseyဟာ စူးစူးရဲရဲထိုးဟောင်ပြီး သူမကို အထဲမဝင်အောင် တားဆီးနေခဲ့ပါတယ်။ သူမကတော့ Ramseyတားမြစ်ချက်ကို လျစ်လျူရှုပြီး အထဲကို ဝင်လိုက်ရုံသာမက အဝမှာတင်ရပ်ပြီး အခြားသူတွေနဲ့ စကားစမြည်ပြောနေခဲ့ပါတယ်။

ရုတ်တရက်ပဲ Ramseyဟာ သူမရှေ့ကို ခုန်ဝင်လာပြီး မြက်ခင်းထဲကနေ တဟုတ်ထိုးချဥ်းကပ်လာတဲ့ အဆိပ်ပြင်းမြွေတစ်ကောင်ကို အချိန်မီတားဆီးလိုက်နိုင်ပါတယ်။ ဒါပေမဲ့ ရဲစွမ်းသတ္တိအပြည့်နဲ့ တားဆီးခဲ့တဲ့ Ramseyကတော့ အသက်ပေးလိုက်ရပါတော့တယ်။

သူသာမဝင်လိုက်နိုင်ရင် Jennyတယောက် မြွေကိုက်ခံရဖို့များပါတယ်။ ဒီလိုစတေးခဲ့ရမှုကိုတော့ ဒီနေ့ခေတ်ရဲ့ ရုပ်ရှင်ဖန်တီးသူတွေ အကြိုက်မဟုတ်ဘူးလို့တော့ ကျွန်တော်က ထင်တာပါပဲဗျာ။

ရုပ်ရှင်‌ဝေဖန်သူတစ်ယောက်ကတော့ “တခေတ်က နာမည်ကြီးခွေးဇာတ်လိုက် Lassieအနေနဲ့ စွမ်းအားရှင်ဆန်ဆန်ထွက်လာပြီး အကြမ်းကြီးတွေ လုပ်မပြနိုင်ရင်တော့ ဒီဘက်ခေတ်ကလေးပရိသတ်က ပျင်းနေကြမှာပဲ” လို့ ဆိုပါတယ်။

ဒါပေမဲ့ ခွေးချစ်တတ်သူတွေအတွက်ကတော့ တကယ့်ခွေးစစ်စစ်ရဲ့ အလှတရား၊ ဉာဏ်ရည်ဉာဏ်သွေး၊ သတ္တိရှိမှု၊ သစ္စာရှိမှုနဲ့ ချစ်ခြင်းမေတ္တာတို့က သူတို့ကို superheroအဖြစ် အမြင်ခံရဖို့ လုံလောက်တယ်လို့ ဆိုနိုင်ပါတယ်။

“ခွေးတစ်ကောင်လောက်မွေးထားပြီး တူတူနေကြည့်စမ်းပါ…အင်း နေဖူးသွားရင်တော့ Lassie stories အားလုံးက တကယ့်အမှန်တွေဆိုတာ ခင်ဗျားသိလာလိမ့်မယ်၊ ဘယ် special effectမှ မလိုဘူး”လို့ Rappaportက စိတ်အားထက်သန်စွာပြောပါတယ်။

ရုပ်ရှင်ထက် တကယ့်အဖြစ်အပျက်တွေက ကျွန်တော်တို့ရဲ့ နေ့စဥ်ဘဝကို လွှမ်းမိုးထားနိုင်ပါတယ်။ ဒီလိုအမှန်တရားကို သင်မွေးထားတဲ့ ခွေးလေးတစ်ကောင်ဆီမှာလဲ ရှာတွေ့နိုင်ပါတယ်။ သူတို့နဲ့တူတူ ပျော်မွေ့ကြည့်ဖို့လဲ တိုက်တွန်းလိုက်ပါရစေလားဗျာ။


Reference : AKC:Collie

Comments


Post: Blog2 Post

+959452718466

©2022 by Myanmar K-9 Media. Proudly created with Wix.com

bottom of page