top of page

Borzoi, Russia နိုင်ငံ၏ အလှတရား တစ်ခု

  • Writer: Diva The Bully
    Diva The Bully
  • Apr 27, 2022
  • 1 min read

ree

ဒီ မျိုးစိတ်ဟာ Russian မြေခွေးတစ်ကောင်ကို ဖမ်းနိုင်ရမယ် ဆိုတဲ့ လိုအပ်ချက်၊

နောက်ပြီး Greyhound အုပ်စု၀င် ခွေးတွေလို လေဟုန်ခွင်းအားကောင်းတဲ့ body shape ဖြစ်ရမယ်ဆိုတဲ့ လိုအပ်ချက်. ဒါ့အပြင် ရှရှားနိုင်ငံရဲ့ အေးခဲ တဲ့ရာသီဥတု ကို ခံနိုင်ရည်ရှိမယ့် လှပ‌ဆွဲဆောင်မှုရှိသော body coat မျိုးရှိရမယ်.

ပြီးတော့ ဒီမျိုးစိတ်က သန်မာ ပြီး အကြောက်တရား ကင်းမဲ့ရမယ် ဆိုတဲ့ လိုအပ်ချက် fact တွေကို အခြေပြုပြီး ရှရှား အထက်တန်းလွှာ အတွင်း bred လုပ်ပေါက်ဖွား လာသော "Borzoi" မျိုးစိတ်ဖြစ်ပါတယ်။ ၁၆ ရာစုတွင် Borzoi မျိုးစိတ်ကို Russia နိုင်ငံတွင် ပထမဦးဆုံးအောင်မြင်စွာ မျိုးစပ်ခဲ့ပြီး တွင်တွင်ကျယ်ကျယ် Borzoi နှင့်ပတ်သက်၍ အနုပညာ၊ အားကစား၊ ပန်းချီ၊ နှင့် အခြား ကိစ္စများ တွင်အသုံးပြုခဲ့ပါတယ်။ ရှရှား အထက်တန်းလွာ ပျော်ပွဲရွင်ပွဲများ၏ တစ်စိတ်တပိုင်းဖြစ်သော အမဲလိုက်ရာတွင် Borzoi သုံးကောင် ကို ကွင်းပြင်ထဲသို့ လွတ်ပေးပြီး ပထမဦးဆုံး မြေခွေး ကို မိတဲ့ Borzoi ဘယ်ကောင်လဲဆိုပြီး လောင်းကြေးစားကြေး ကစားကြပါတယ်။ Borzoi ၏ အမဲလိုက်ရာတွင် လုပ်သော အလုပ်မှာ သားကောင်ကို လက်စတုံးမည့် မုဆိုးမလာခင်အချိန်အထိ ထိုမြေခွေးကို သူ့ပြေးအားဖြင့် ပြေးပေါက်ပိတ်၊ အမောဆို့အောင် ခြောက်ခြင်း၊ မထိတထိ နာကျင်အောင်လုပ်ခြင်း တို့‌ဖြစ်ပါတယ်။ ထို Borzoi မျိုးစိတ်မှာ အကြောင်းမလှစွာ ဖြင့် Russia တော်လှန်ရေးနောက်ပိုင်း ယခင် စစ်ရှုံးအာဏာပိုင် မိသားစုများမှ ဆင်းသက်လာသော ခွေးမျိုးဆိုပြီး တံဆိပ်ရိုက်ကာ ထို Borzoi မျိုးနှင့်ပတ်သက်သည့် အရာ၀တ္ထုမှန်သမျှ ဖျက်ဆီး၊ Borzoi မျိုး ခွေးအား မျိုးဆက်တုန်း သက်ဖြတ် ခဲ့ကြပါတယ်။ ယခု တွေ့ရှိနေသည့်မျိုးများမှာ ထို အရေးအခင်းမှ လွတ်မြောက်အသက်ရှင်ခဲ့ကြသော မျိုးများ မှသက်ဆင်းလာ သည့် မျိုးများ ဖြစ်ကြပါတယ်။ တန်ဖိုးအနေဖြင့် quality ပေါ်အလိုက် USD 2500 ၀န်ကျင်လောက်မှ စကြပါတယ်။


ree

ပင်ကိုယ်စရိုက်လက္ခဏာ Borzoi တွေက သူတို့ကိုယ်သူတို့ အထက်တန်းလွာ မျိုးရိုးက လာတယ်ဆိုတာ သိကြပါတယ်။ နေတာထိုင်တာ အရမ်း နူးညံ့သိမ်မွေ့တယ်။ ပျော်စရာရွှင်စရာတွေ နဲ့ တွေ့ရင် ပျော်ပျော်နေတယ်၊ ပြေးတဲ့အချိန်ပြေးတယ်၊ စားစရာရှိစားတယ်၊ ဘာမှလုပ်စရာမရှိရင်သူ့ဘာသာသူ အေးအေးဆေးဆေး နေတတ်တဲ့ မျိုးလေးတွေပါ။ ခြံကျယ်ကျယ်မရှိရင်တောင် နေ့တိုင်းပြေးဖို့လိုနေတဲ့ မျိုးစိတ်မို့လို့ အားကစား သမားတွေ နဲ့ အထူးသင့်တော်ပါတယ်။

Russia မျိုးစိတ်ဖြစ်တာတဲ့ အညီ အေးမြတဲ့ ရာသီဥတု ကို အထူး နှစ်သက်တာမို့ သူ့နေတဲ့ နေရာမှာ ကျောက်ပြားအေးအေးလေးတွေ ကပ်ထားရင်လဲ အဆင်ပြေပါတယ်။

အလေးချိန်အားဖြင့် အထီး 75-105 ပေါင် အမ 60-85 ပေါင် အထိလေးကြပြီး အရပ်အမြင့် အထီး 32-34 လက်မ အမ 24-26 လက်မ အထိ မြင့်ကြပါတယ်။ ပုံမှန် Grooming လုပ်ပေးသင့်တဲ့ အမွေးတွေရှိကြပြီးတစ်နှစ်တစ်ခါ အမွေးပုံမှန် ကျွတ်တတ်ကြပါတယ်။ သက်တမ်းတွေ အနေ နှင့် ဆယ်နှစ်မှ တစ်လေးနှစ်လောက်ထိ ရှည်ကြပါတယ်။


ree

Comments


Post: Blog2 Post

+959452718466

©2022 by Myanmar K-9 Media. Proudly created with Wix.com

bottom of page