top of page

Great Dane, the Apollo of dogs

  • Writer: Diva The Bully
    Diva The Bully
  • Apr 27, 2022
  • 1 min read


Great Dane ကြီးတွေဟာ ကြီးမားသန်မာပြီးကြည့်ရှုရတာ အလွန် ကျွရွ လှပပါတယ်။ သိသလောက်အနည်းငယ်မျှဝေခြင်ပါတယ်။

Great Dane အထီးတွေဟာ ၃၂လက်မ နှင့် အမ ၃၀လက်မ အမြင့်ရှိတတ်ပြီး အလေးချိန်အနေ နဲ့ပေါင် ၁၀၀ ကနေ ၁၂၀ အတွင်းရှိကြပါတယ်။ (45 to 59 kg)

Great Dane တွေအနေ နဲ့ ဘယ်လိုပုံစံတွေရှိတတ်ကြလဲဆိုတော့ ကျွန်တော် အသေးစိတ်ရှင်းပြလဲ ကျော်ဖတ်သွားမှာဆိုတော့ အပေါ်မှာ ပြထားတဲ့ Great Dane original ပုံကိုဘဲရှိးလိုက်ပါနော်။

အမွေးအရမ်းကျွတ် တဲ့ မျိုးမဟုတ်ပါဘူး၊ အရောင်တွေ အနေ နဲ့ အဖြူအမည်း စပ် တွေများစွာရှိပြီး၊ ရှားပါးရောင်တွေအနေ နဲ့ Blue အပြာညိှ့ရောင်၊ ညိုဝါရောင်နု (သမင်သွေးရောင်)၊ အညိုရောင်ပြောက်ကြား နဲ့ Harlequin ရောင် (အဖြူရောင် coat ပေါ်မှာ အမည်း ဖြောက်ရောင်) တွေရှိကြပါတယ်။ Great Dane တွေအနေ နဲ့ သက်တမ်းအားဖြင့် ၆ - ၈ နှစ်လောက်ထိနေကြပါတယ်။


Personality

Great Dane ကြီးတွေဟာ ပင်ကိုယ်စိတ်သဘောတရားအားဖြင့် ရုပ်ထွက် အရွယ်အစားကြီးက The Rock (Dwayne Johnson) size လောက်ဖြစ်ပေမယ့် အသည်းနှလုံး နူးညံ့ ကြ‌သူကြီး‌တွေပါ။ ပုံမှန်အားဖြင့် အဆော့သန်၊ သခင်တွေအပေါ်တွယ်တာချစ်ခင်ကြပြီး ကလေးတွေ နဲ့လည်း အဆင်ပြေပြေ နေထိုင်နိုင်ကြပါတယ်။ သူတို့သခင်နေအိမ်ကို သူတို့ တာ၀န်ကျေ စောင့်ရှောက်မယ်၊ အိမ်မှာ တခြား တိရိစ္ဆာန် လေးတွေ နဲ့ ငယ်ငယ်တည်းက တူတူကြီးပြင်းလာခဲ့မယ်ဆိုရင် ချစ်ချစ်ခင်ခင်နေထိုင်နိုင်ကြပါတယ်။ တခြား မျိုးမတူတဲ့ ခွေးအမျိုးအစားတွေ နဲ့တော့ လုံး၀မတည့် တဲ့ Great Dane ကြီးတွေလည်းရှိတတ်ပါတယ်။ သင်ရကြားရလွယ်ကူတယ်၊ ဒါပေမယ့် လူကဘာပြောနေလည်းဆိုတာ ကို နားလည်ပြီး Diva တို့လို ပြန်မပြောနားမထောင် ခေါင်းမာမာတွေလည်းရှိတတ်ကြပါတယ်။ ကြီးမားတဲ့အရွယ်အစားကြောင့် တိုက်ခန်းနဲ့အစဉ်မပြေနိုင်သလို တစ်နပ်တစ်နပ် ကိုရှယ်ပလန် size နဲ့စားတာကြောင့် Chihuahua ကိုကျွေးသလို amount စာလောက်ပဲ ကုန်မှာမဟုတ်ပါဘူး Obedience training ကိုငယ်ငယ်တည်းက လေ့ကျင့်‌သင်ကြားပေးဖို့လိုပါတယ်။ Great Dane တွေအဖြစ်များတတ်တဲ့ ရောဂါကတော့ အတွင်းအူလိမ်‌ ခေါက်ခြင်းကြောင့် အစာအိမ် gas များဖြင့် ဗိုက်ပွခြင်း စတဲ့ ကိစ္စများ ဖြစ်နိုင်ပါတယ်။


သမိုင်းကြောင်း

Great Dane ရဲ့ origin က Danish လူမျိုးများမှ စတင်ခဲ့တာ မဟုတ်ပဲ German လူမျိုးများဖြင့်စတင်ပေါက်ဖွားလာတာဖြစ်ပါတယ်။ Great Dane မျိုးဟာ လွန်ခဲ့သော နှစ်ပေါင်း ၄၀၀ လောက်ကတည်းက စတင်ပေါက်ဖွားလာကာ Mastiff မျိုးစိတ် DNA မှ သက်ဆင်း ပြောင်းလဲ လာတာဖြစ်ပါတယ်။ German တော်၀င်မျိုးနွယ် များမှ မျိုးစမ်းသက် bred လုပ်ခဲ့တာဖြစ်ပြီး တော်၀င်အိမ်ခြံ၀င်းများ ကို လုံခြုံရေး စောင့်ဖို့ နှင့် တော်၀က် အမဲလိုက်ရာတွင် အသုံးပြုခဲ့ ကြပါတယ်။ ၁၈ ရာစုနှစ်များတွင် Great Dane များဟာ ဂျာမန် အိမ်တော်ခြံ၀န်းများ နှင့် Carriages များ ၏ အိ‌ န္ဒြေသိက္ခာရှိသော guardian ခွေးများ အဖြစ် မှတ်တမ်း၀င်ကြပြီး ထိုအချိန်က အထက်တန်းလွာ အားကစား များထဲမှတစ်ခုဖြစ်‌ သော တော၀က် အမဲလိုက် ရာတွင် အမဲဖမ်းသော ‌အရာ တွင် အလွန်‌ရေပန်းစား ခဲ့ပါတယ်။ 1800s မှစတင် ပေါက်ဖွားလာသော Great Dane ဆိုတဲ့ နာမည် ကို Garman အစိုးရမှ 1880s တွင် ban လိုက်ပြီး "Deutsche Dogge(Garman mastiff)" ဟုပြောင်းလဲခေါ်တွင်စေခဲ့ပါတယ်။ သို့သော်ငြားလည်း English စကားပြောနိုင်ငံများ နှင့် အချို့သော နိုင်ငံများတွင်လည်း "Great Dane" ဆိုတဲ့ နာမည်ဟာ ဆက်လက် ခေါ်တွင်ဆဲဖြစ်ပါတယ်။



Comments


Post: Blog2 Post

+959452718466

©2022 by Myanmar K-9 Media. Proudly created with Wix.com

bottom of page