top of page

Pit Bull တွေဟာ Smart ဖြစ်ကြလား?

  • Writer: Diva The Bully
    Diva The Bully
  • Apr 10, 2022
  • 3 min read

Updated: Apr 12, 2022



Pit bulls တွေဟာ ခွေးချစ်သူတွေအကြား ရေပန်းစားသောခွေးအဖြစ် ပထမကမ္ဘာစစ်ကာလမှ စတင်ကာ ယခုခေတ်အထိ သူတို့ရဲ့ ရုပ်ထွက်၊ စတိုင်၊ personality လေးတွေကြောင့် လူကြိုက်များနေဆဲ ဖြစ်ပါတယ်။

တစ်ချိန် တစ်ခါတုန်းက fighter လေးတွေဟာ ယခုအခါ မိသားစုတော်တော် များများရဲ့ အချစ်တော်လေးတွေ ဖြစ်နေကြပါပြီ။

ဒီတော့, Pit Bulls တွေက အခြား GR, Rottweiler or Doberman တွေလိုမျိုး smart ဖြစ်ကြလား?

Pit Bulls တွေ ထဲကမှ Staffordshire Bull Terrier နဲ့ American Staffordshire Terrier (Amstaff) တွေမှာ ပုံမှန်ထက် ပိုတဲ့ ဉာဏ်ရည်ဉာဏ်သွေးပိုင်ဆိုင်ထားကြပါတယ်။ အဖွဲ့ အစည်းများ ရဲ့ တိုင်းတာချက်များအရ သူတို့ နှစ်မျိုးဟာ Obedience နှင့် working intelligence အတွက် ဉာဏ်ရည်အကောင်းဆုံး ခွေးမျိုးစိတ် ၁၀၀ မှာတော့ အဆင့် ၉၄ နှင့် အဆင့် ၄၈ အသီးသီးရှိကြပါတယ်။ မည်သို့ပင်ဆိုစေကာမူ Pit Bulls တွေရဲ့ သင်ယူမှတ်ယူနိုင်စွမ်း နဲ့ ပင်ကို ကိုယ်ပိုင်တွေးတတ် တော်တတ် တဲ့ ဉာဏ်ရည် (Pit Bull တွေ ခေါင်းမာရခြင်းအချက်) ရှိ တာများကြောင့် သူတို့တွေဟာ တကယ်ကို smart ဖြစ်သော ခွေးများလို ဆိုနိုင်ပါတယ်။


Ranking အနေအထားအရ Pit Bulls တွေဟာ နှိမ့်မယ်ထင်ရပေမယ့် ကျွန်တော်တို့ ထင်ထားတာထက် ပိုပြီး သူတို့တွေဟာ smart ဖြစ်နေကြမလား?
အဖွဲ့အစည်းတွေက ဘာကြောင့် Pit Bulls တွေကို ranking အမြင့်မပေးတာလဲ?
ဘာကြောင့် နောက်ပိုင်း မိသားစုတွေရဲ့ အချစ်တော် ကလေး လေးတွေဖြစ်လာရတာလဲ 
ဆိုတာ ဆက်ဆွေးနွေးသွားပါမယ်။ 


"Pit Bull"ကို အဓိပ္ပါယ် ဖွင့်ဆိုခြင်း

ဂတုံး "Pitbull" မဟုတ် ၊ "Pit Bull" ပါ။

အရင်ဦးဆုံး သူတို့ smart ဖြစ်မဖြစ် အရင်မပြောခင် "Pit Bull Breed" ဆိုတာ ဘာလဲကို ရှင်းလင်းအောင်သိထားရပါမယ်။ Pit Bull ဆိုတာ ခွေးမျိုးစိတ် တစ်မျိုးထဲ ကိုပြောချင်းမဟုတ်ပါ၊ မတူညီသော ခွေးမျိုးစိတ် (၄) မျိုး ကို ခြုံငုံပြီး Pit Bulls များလို့ ခေါ်တွင်ခြင်းဖြးစ်ပါတယ်။ ထို (၄) မျိုး ကတော့ -

(၁) American Pit Bull Terrier (APBT)

(၂) American Staffordshire Terrier (Amstaff)

(၃) Staffordshire Bull Terrier

(၄) American Bully (Classic American Bulldog breed ကိုထပ် မွမ်းမံ မျိုးစပ်ထား)

ခွေးမျိုးပေါင်းများစွာ ထဲမှ ထို (၄) မျိုးသာ Pit Bull Category အောက်မှာ ရှိပါတယ်။ အခြား Pit Bull နဲ့ ဆင်ပြီး Pit Bull လို့အထင်ခံရတဲ့ ခွေးမျိုးများလည်းရှိတယ်။




Pit Bulls များ၏ ဉာဏ်ရည်ကို တိုင်းတာခြင်း

ခွေးတစ်ကောင်ရဲ့ ဉာဏ်ရည်ကို တိုင်းတာခြင်းသည် လွယ်ကူတဲ့ အရာတော့မဟုတ်ပါ။ ဉာဏ်ရည်ကို တိုင်းတာရာ၌ တိတိကျကျ အခြေအနေ တစ်ခု ကို စံယူ၍ တိုင်းတာလို့ မရသောကြောင့် အနီးစပ်ဆုံး ခွေးတစ်ကောင်ရဲ့ အမိန့်နာခံမှု နဲ့ သူတို့ ရဲ့ အလုပ်လုပ်နိုင်စွမ်းများ ကိုသာ စံယူ၍ ခွေးတွေ၏ ဉာဏ်ရည်ဉာဏ်သွေးကို တိုင်းတာကြပါတယ်။

ခွေးတွေရဲ့ intel ကို တိုင်းတာရာတွင် ဆုံးဖြတ်ပုံများ -

(ဤ criteria ကို ranking list ကို develop လုပ်ခဲ့သော ခွေးစိတ်ပညာဆိုင်ရာ ပညာရှင် Dr Stanley Coran website မှ ကောက်နှုတ်ထားပါတယ်)

(၁) အမိန့် အသစ်တစ်ခု ကို သင်ရာတွင် အကြိမ်ဘယ်လောက်အရေအတွက် အသုံးပြုရသလဲ ? အကြိမ်အရေ အတွက် နည်းလေ၊ ranking မြင့်လေဖြစ်ပါတယ်။

(၂) အမိန့်အသစ်တစ်ခုကို သင်ပေးပြီး ပထမဦးဆုံး အကြိမ် on site အမိန့်ပေးရာတွင် အမိန့်နာခံ အောင်မြင်မှု ရာခိုင်နှုန်း ဖြင့် တိုင်းတာကြပါတယ်။ အောင်မြင်မှု ရာခိုင်နှုန်းများလေ ပိုပြီး smart ဖြစ်လေဖြစ်ပါတယ်။

ဒါပေမယ် ခွေးတိုင်းကို smart ဖြစ်မဖြစ်မတိုင်းပါဘူး။ ထို တိုင်းတာချက်များဟာ AKC, UKC or CKC အစရှိတဲ့ International အဖွဲ့အစည်းများ အသိအမှတ်ပြုခံထားရတဲ့ ခွေးမျိုးစိတ်တွေ ကိုသာCoran criteria နဲ့ တိုင်းတာကျပါတယ်။ ထို့ကြောင့် Pit Bull Category ထဲမှ ခွေး (၄) မျိုးစလုံး မပါ၀င်ဘဲ၊ အသိအမှတ်အပြုခံထားရတဲ့ American Staffordshire Terrier နဲ့ Staffordshire Bull Terrier နှစ်မျိုးသာ ပါ၀င်ရခြင်းဖြစ်ပါတယ်။



Pit Bull တွေဘယ်လို စွမ်းဆောင်ကြသလဲ?

Pit Bull မျိုး ကိုယ်စားပြု Amstaff နဲ့ Staffordshire Bull လေးတွေဟာ သူတို့ ရဲ့ ဉာဏ်ရည်စမ်း စာမေးပွဲ တွေကို ကောင်းကောင်းမွန်မွန် အောင်အောင်မြင်မြင် စွမ်းဆောင်နိုင်ခဲ့ကြပြီး Amstaff က အဆင့် (၄၈) ၊ Staffordshire Bull Terrier တွေက အဆင့် (၉၄) ကိုယ်စီရရှိကြပါတယ်။ ထို ရလာဒ်များကို အခြေခံ၍ Amstaff များကို "Above intelligent" category အောက်တွင်ထားကာ Staffordshire Bull Terrier များကိုတော့ "Above average intelligent" category class အောက်တွင် ထားရှိပါတယ်။

ထိုသို့ထားရှိရခြင်း အဓိပ္ပါယ်က -

Amstaff တစ်ကောင်ကို အမိန့် အသစ် တစ်ခု သင်ပြီ ဆိုရင် အကြိမ်အရေအတွက် ၁၅ ကြိမ်ကနေ ၂၅ ကြိမ် ဖြင့် အမိန့် တစ်ခု ကို မှတ်သားတတ်၊ တတ်မြောက် တတ်ကြကာ၊ အမိန့် အသစ်တစ်ခု ကို ပထမဦးဆုံး အောင်မြင်အောင် လုပ်ဆောင် နိုင်ရန် ရာခိုင်နှုန်း ၇၀ ရှိကြပါတယ်။

Staffordshire Bull Terrier တစ်ကောင်ကို အမိန့် အသစ် တစ်ခု သင်ပြီ ဆိုရင် အကြိမ်အရေအတွက် ၂၅ ကြိမ်ကနေ အကြိမ် ၅၀ ဖြင့် အမိန့် တစ်ခု ကို မှတ်သားတတ်၊ တတ်မြောက် တတ်ကြကာ၊ အမိန့် အသစ်တစ်ခု ကို ပထမဦးဆုံး အောင်မြင်အောင် လုပ်ဆောင် နိုင်ရန် ရာခိုင်နှုန်း ၅၀ ရှိကြပါတယ်။

ခြုံပြောရရင် Pit Bull လေးတွေရဲ့ ဉာဏ်ရည်ဟာ pet dog တစ်ကောင် ဖြစ်ထိုက်တဲ့ ဉာဏ်ရည် ရှိကြပါတယ်။ Average ဉာဏ်ရည်ပိုင်ဆိုင်ထားတာ နဲ့ ပတ်သက်ပြီးလည်း ဘာမှထွေထွေထူးထူး တစ်ခြားခွေးတွေ နဲ့ ယှဉ်ရင် ပြောင်းလဲသွားတာ မရှိပါဘူး။ နောက်ပြီး Pit Bull ခွေးများဟာ Average ထက်သာလွန် တဲ့ ဉာဏ်ရည်ပိုင်ရှင်တွေ ဖြစ်ပါတယ်.



Pit Bulls ‌ တွေနဲ့ အခြား Smart အဖြစ်ဆုံး ခွေးမျိုးစိတ် တွေ နဲ့ နှိုင်းယှဉ်ကြည့်ရင်ကော?

ထို smart အဖြစ်ဆုံး ခွေးတွေဆိုသည်မှာ အမိန့်ပသသ်တစ်ခု ကို သင်ရာတွင် အကြိမ် ၅ ခါ မပြည့်မှီ တွင်တောင် တတ်မြောက်လွယ်ကြတဲ့ ကောင်တွေ ဖြစ်ပါတယ်။ နောက်ပြီး သူတို့မှာ 95% higher success rate ရှိကြကာ Pit Bulls တွေနဲ့ ယှဉ်ရင် ၃ ဆ မြန်မြန်ဆန်ဆန် သင်လွယ် တတ်မြောက်လွယ်ကြပါတယ်။

တနည်းအားဖြင့် Pit Bull တွေထက် ပိုပြီး အမိန့် နာခံ, လိုက်နာကြပါတယ်။

အဲ့ဒီ့ Ultra-Smart ခွေးမျိုးစိတ်တွေမှာ Border Collie, Poodle, GSD, Golden Retriever, Shetland sheepdog, Labrador, Papillon, Doberman နဲ့ Rottweiler စတဲ့ ခွေးမျိုးစိတ်တွေ ပါ၀င်ပါတယ်။

Pit Bull တွေ ဘာလို့ Ranking နည်းရတာလဲ?

Pit bull ပိုင်ရှင် တွေကတော့ သူတို့ခွေးတွေဟာ လိမ္မာတယ်၊ တော်ကြတယ် တတ်ကြတယ် လို့ လက်ခံ ထားပေးမယ့် ဘာဖြစ်လို့ အဖွဲ့ အစည်းတွေ သတ်မှတ်ထား တဲ့ ranking တွေမှာ ဘာလို့ နည်းနေကြတာလဲ?

ဒီ အခြေအနေ ကို သုံးသပ် ရမယ် ဆိုရင်တော့ ဖြင့် ခွေးတွေ ရဲ့ စိတ်နေသဘောထား အပိုင်းမှာ ကွဲပြားခြားနားမှု တွေ တွေ့ရပါမယ်။ ခွေးမျိုးစိတ် များတွင် Border Collie လိုမျိုး သခင် ခိုင်းတာ နဲ့ တစ်သဝေမတိမ်း ခိုင်းသမျှ လိုက်လုပ် ပေးမယ့် ခွေးရှိသလို သခင် ခိုင်း စရာ မလို ဘဲ သူ့ သဘာ၀ အရ ခိုင်းစရာ မလို၊ auto လုပ်ပေး တတ်တဲ့ ခွေးမျိုးစိတ်တွေ လဲရှိပါတယ်။

Pit Bull တွေဟာ စိတ်ဓာတ်ကြံ့ ခိုင်ပြီး energy များစွာကြွယ်၀ ကြသော ခွေးမျိုးစိတ်ဖြစ်ကာ ထို့ ကြောင့်ဘဲ သူတို့‌ လေးတွေဟာ ခေါင်းမာပြီး တဇွတ်ထိုးလုပ်တတ် ကြပါသေးတယ်။ Pit bull ပိုင်ရှင်တွေ သူတို့ နေ့စဉ် ဆက်တိုက် ခေါင်းမာမာ နဲ့ သူတို့ လုပ်ချင်ရာ လုပ်တတ်ကြတာ အသိဆုံးပါ ။

Obedience နဲ့ working ဉာဏ်ရည် ကို သာ အဓိက တိုင်းသော Smart dog criteria တွင် Pit Bulls များရဲ့ ထို ခေါင်းမာ သော အကျင့် ကြောင့် ranking အောက် ရောက်သွား ခြင်းဖြစ်တယ်။ သခင်ရဲ့ စကားကို ရံဖန်ရံခါ လိုက်နာ လုပ်ဆောင်ခြင်း မရှိသော လည်း သင်ဘာကို ဆိုလိုတယ်၊ သင် သူ့ကို ဘာခိုင်းနေတယ် ဆိုတာ ကို တော့ ဆရာ Pit Bull တွေ ကောင်းကောင်း ကြီးနားလည်ကြပါတယ်၊ ဒါပေမယ့် သူတို့ စိတ်ပါမှ အမိန့် အတိုင်း လိုက်လုပ်ပေးကြတာပါ။ အဲ့ အချက်ကလည်း Pittie တွေရဲ့ ခေါင်းမာမှု ကို ဖော်ပြနေပါတယ်။


Pit Bulls တွေဟာ smart ဖြစ်တယ်ဆိုတဲ့အခြား Reasons များ

ခွေးတစ်ကောင်ရဲ့ IQ ကိုစမ်းမယ်ဆိုရင် သူတို့ရဲ့ obedience နဲ့ working intelligence များ ကို ပထမဦး ဆုံး တိုင်းကာ စမ်းသပ်ပါတယ်။

ဒါပေမယ့် အဲ့ နှစ်ခု တိုင်းယုံ မျှနှင့် ခွေးတစ်ကောင်ရဲ့ story တစ်ခုလုံးကို judge လုပ်လို့မရပါဘူး။

Dr.Stanley Coren ရဲ့အဆိုအရ ခွေးတစ်ကောင်ရဲ့ အသိဉာဏ် ကို ပိုင်းခြားသုံးသပ်လျှင် ရှုထောင့် နှစ်ခု ဖြင့် သုံးသပ်ရပါတယ်၊

ပထမ ရှုထောင့်မှာ instinctive intelligence , ပင်ကို ဗီဇပါလာသော အသိဉာဏ် ဖြစ်ပြီး ဒုတိယ ရှုထောင့်မှာ adaptive intelligence ပတ်၀န်းကျင်နှင့် လိုက်လျောညီထွေပြုပြင်နိုင်သော အသိဉာဏ်ဆိုပြီး နှစ်ခုရှိပါတယ်။ ထိုဧရိယာ ရှုထောင့် နှစ်ခုတွင် Pit Bull များဟာ တစ်ခြားခွေးတွေထက် ထူးခြားကြပါတယ်။



Thank you for reading!


Source References :

1. Pit Bulls - Breeds & Pictures. (n.d.). Retrieved September 03, 2020, from https://www.pitbullinfo.org/pit-bulls-breeds-and-pictures...

2. Jeng, W., Jeng, R., Says:, A., & Says:, E. (2019, December 05). Are Pitbulls Smart? - A Guide to Measuring Pit Bull Intelligence. Retrieved September 03, 2020, from https://thesmartcanine.com/are-pitbulls-smart/

3. Latimer, M. (2017, November 06). American Staffordshire Terrier Dog Breed Information. Retrieved September 03, 2020, from https://www.akc.org/dog.../american-staffordshire-terrier/

4. American Pit Bull Terrier. (n.d.). Retrieved September 03, 2020, from https://www.dogbreedinfo.com/americanpitbull.htm

Commentaires


Post: Blog2 Post

+959452718466

©2022 by Myanmar K-9 Media. Proudly created with Wix.com

bottom of page