Bandogge (Ban Dog) (သို့) Regal Beast
- Diva The Bully
- Apr 27, 2022
- 2 min read

လက်ရှိ Pit Bull မျိုးစိတ် စိတ်၀င်စားသူများ ခဏခဏ လာမေးလေ့ရှိကြတဲ့ မေးခွန်းတစ်ခုနဲ့ ပတ်သက်ပြီး ပို့စ် တစ်ခု ရေးလိုက်ပါတယ်။
Pit Bull နဲ့ Bandogge က တစ်မျိုးထဲလား၊ သက်သက်စီလား? Pit Bull Ban dog ဆိုပြီး တွေ့တယ်၊
Pit Bull လို့ general ယူဆ လို့ရလား ဆိုတဲ့ မေးခွန်းပါ။
ဒီ Article ရည်ရွယ်ချက်က တော့ Pit Bull breed မွေးချင်တဲ့ သူတွေ Pit Bull မွေးလို့ရအောင် Bandogge မွေးချင်တဲ့သူတွေ အနေနဲ့ လည်း Bandoggeရဲ့ မျိုးစိတ် ကို လေ့လာ လို့ရအောင် လေ့လာ ရေးသား ထားခြင်း ဖြစ်ပါတယ်။

Picture : Australian Bandog
Bandogge (Ban Dog) ဆိုတဲ့ မျိုးစိတ်ဟာ ၁၉၇၀ နောက်ပိုင်း တစ်ကမ္ဘာလုံး အတိုင်းအတာ ဖြင့် စိတ်၀င်စားမှု မြင့်တက် လာခဲ့ပါတယ်။ Bandogge ဆိုတဲ့ နာမည်ဟာ ရှေးယခင်ခေတ်များတွင် English Mastiff မျိုးများကို ခိုင်းနှိုင်းသုံးတဲ့ နာမည်ဖြစ်ပြီး တိုင် (သို့) ချည်တိုင် တစ်ခုခု တွင် ခိုင်ခံသော ကြိုးများဖြင့် ချည်ထားလေ့ရှိသော ခွေးများ ဟု အဓိပ္ပါယ်ရကာ Saxon ဘာသာ (Banda) မှ ဆင်းသက်လာပြီး English လို (Chain) ဖြစ်ပါတယ်။
English Mastiff သာမက Tibetan Mastiff များကိုလည်း ဒေသဆိုင်ရာ အခေါ်အေ၀ါ် Bandog ဟူ၍လည်း ခေါ်ပါတယ်။ ရှေးခေတ် Bandogge များကို မျိုးစပ်ရာတွင် ကိုယ်ခန္ဓာကြီးမားသော English Mastiff မျိုးများကို အခြေခံကာ ခြံစောင့်မျိုးများတွင် အကောင်းဆုံးသောမျိုးစိတ်များနှင့် တိုက်ခိုက်ရေး၊ အမဲလိုက်ခွေး များတွင် အကြမ်းဆုံးသော မျိုးစိတ်များဖြင့်သာ တင်းတင်းကျပ်ကျပ် မျိုးစပ်ခဲ့ကြပါတယ်။ ထို မျိုးစိတ်သီးသန့်များသည် Britain, Spain, Germany, Italy, Poland နှင့် ဥရောပ နိုင်ငံများတွင် စတင် အခြေပြု ပေါက်ဖွားလာပြီး နောက်ပိုင်းတွင် English Mastiff မျိုးများအပြင် Alano Espanol, Presa Canario, Rottweiler, Neapolitan Mastiff, Cane Corso များဖြင့် Breed လုပ်ထားသော Bandogge များပါ ပေါ်ထွက်လာခဲ့ပါတယ်။ မည်သို့ပင် Breed အမျိုးကွဲများဖြင့် စပ်စေကာမူ Bandogge ၏ မူလရင်းမြစ်ကတော့ ယနေ့ခေတ် သိရှိထားတဲ့ Bullmastiff (ခေါ်) English Mastiff မျိုးတစ်မျိုး ဖြစ်ပါတယ်။
၁၉၆၀ အချိန်များတွင် Bandogge မျိုးများသည် America တွင် လူစိတ်၀င်စား မှု များလာသည်နှင့် အမျှ American တိကု ဆရာ၀န် John Swinford သည် English Bulldog, APBT, English Mastiff မျိုးစိတ်များ နှင့် Neapolitan Mastiff များပေါင်းစပ်ကာ specialized Bandogge မျိုးစိတ် တစ်ခုကို Breed လုပ်ခဲ့ပါတယ်။ သူရဲ့ Bandogge မျိုးစိတ်သည် worldwide အတိုင်းအတာဖြင့် မအောင်မြင်ခဲ့သောလည်း ယနေ့ခေတ် နာမည်ကြီး Bandogge kennel များသည် Swinford’s Bandogge မျိုးစိတ်ကို Inspired ယူထားသော Bandogge များဖြစ်နေကြောင်း လေ့လာတွေ့ရှိရပါတယ်။

Picture : Brazilian Bullmastiff
ယနေ့ခေတ် တစ်ကမ္ဘာလုံး စံ အတိုင်းအတာ ဖြင့် လက်ခံထားသည့် Bandogge Breeding formula တွင် American Pit Bull Terrier မျိုးစိတ် သည် 50% နှင့် Mastiff မျိုးစိတ် 50% ပါ၀င်နေပြီး Mixed Breed ဖြစ်သည့် အတွက် နိုင်ငံအတော်များများ၏ Major Kennel Club များတွင် စံ ခွေးမျိုးစိတ် တစ်ခုအနေဖြင့် သတ်မှတ်ထားခြင်းမရှိပါ။ Bandogge များကို မျိုးစပ်ရာတွင် သုံးသည့် Mastiff Breed များတွင် English Mastiff, Bullmastiffs, Cane Corsos, Rottweilers, Japanese Tosas, American Bulldog, Brazilian Fila များ ကို နိုင်ငံတစ်နိုင်ငံ နှင့် တစ်နိုင်ငံ မတူညီဘဲ ပါ၀င်လေ့ရှိကြပြီး တစ်ချို့နိုင်ငံများတွင် Central Asian Shepherd, Irish Wolfhound များသုံးကာ မျိုးစပ်ကြပါတယ်။ နာမည်ကြီး Bandogge မျိုးများမှာ Czech Bandog, Australian Bandog, German Bandogge, Brazilian Bullmastiff, Ambullneo Mastiff များဖြစ်ပါတယ်။ Professional Bandogge kennel များ အနေဖြင့် မျိုးစပ်ရာတွင် သုံးသည့် စံမှာ အဖေ (Game Dog Type Bull_Terrier) မျိုးနှင့် အမေ (ကိုယ်ခန္ဓာကြီးမားသော Type Mastiff) မျိုးများဖြင့် သားစပ်ကြပါတယ်။
မျိုးရိုးကောင်းမွန်ခိုင်မာသည့် Bandogge များသည် Confident watchdog များဖြစ်ကြပြီး သူတို့ နေထိုင်တဲ့ အိမ်၊ သခင်နှင့် သခင်ပိုင်ဆိုင်သည့် Property များကို စိတ်ချယုံကြည်စွာ စောင့်ရှောက် နိုင်သည့် ခွေးများဖြစ်ကြပါတယ်။ ကြီးမားကြံ့ခိုင်သော Muscle များနှင့် Body များကြောင့် အိမ်သူခိုးကပ်လျှင်တောင် အသေကိုက် သတ်နိုင်သည် အထိ လုပ်ဆောင်နိုင်ပါတယ်။ Bandogge တစ်ကောင်သည် သူ၏ ဆင်းသက်ရာ မျိုးရိုး အလိုက် အလွန် Smart ဖြစ်သော ခွေးများဖြစ်နိုင်သလို လေ့ကျင့်လို အလွန်လွယ်ကူသည့် ခွေးများလည်း ဖြစ်နိုင်ပါတယ်။ သို့သော် Bandogge များသည် သူတို့လုပ်ခြင်တာကို စိတ်အားထက်သန်စွာ လုပ်တတ်သလို ပိုင်ရှင် အပေါ် လွမ်းမိုးမှုရှိခြင်တဲ့ ဗီဇများကြောင့် ခွေးကို အခုမှ စမွေးမည့် သူတွေအတွက် အဆင်မပြေနိုင်ပါ။
Bandogge များသည် သူတို့ကို မျိုးစပ်ဖန်တီးခဲ့သည့် ရည်ရွယ်ချက်မှာ ရုပ်ထွက်လှ ကြည့်ကောင်းဖို့ အတွက်မဟုတ်ဘဲ Performance ကောင်းကောင်းပြနိုင်မည့် Working Dog အတွက်သာ ဖြစ်တဲ့အတွက် သူတို့ရဲ့ ရုပ်ထွက်မှာလည်း တစ်ကောင် နဲ့ တစ်ကောင် မတူညီပါ။ တစ်ချို့ Bandogge များသည် Pit Bull မျိုးခွေး အကြီးစား ရုပ်ထွက်များရှိပြီး တစ်ချို့ခွေးများသည် မျက်နှာ အတွန့်များများ Bullmastiff အသေးစား များနှင့် ဆင်တူရှိပါတယ်။ အမွေးတို smooth ဖြစ်ပြီး ပုံမှန်အားဖြင့် ပေါင် ၈၅ မှ ၁၂၆ ပေါင်အထိရှိကြပါတယ်။ မည်သို့ပင် ရုပ်ထွက်ကွဲပြားစေကာမူ Bandogge အစစ်တစ်ကောင်သည် သွက်လက်ရမယ်၊ သန်မာရမယ်၊ Powerful ဖြစ်ရမယ် ဆိုတာတွေကတော့ စံအဖြစ်ရှိနေရပါမယ်။
နိဂုံး ချုပ်ချင်တာကတော့ Pit Bull မျိုးစိတ်သည် Bandogge မဟုတ်သလို Bandogge မျိုးစိတ်သည် လည်း Pit Bull မျိုးစိတ်ထဲ မ၀င်ပါ။ Different Stories များဖြစ်ပါတယ်။
အောက်မှာ APBT နှင့် Bandogge ကို General အကြမ်းမျဉ်း နှိုင်းယှဥ်ထားပါတယ်.
APBT (Terrier Dog) မျိုးစိတ်ကို တရား၀င်သတ်မှတ်သည့် မူလရင်းမြစ်နိုင်ငံ - United State အရပ်အမြင့် - ၁၅-၂၃ လက်မ အလေးချိန် - ၃၀-၆၇ ပေါင် သက်တမ်း - ၈-၁၅ နှစ် သားပေါက်နှုန်း - ၅-၁၀ ကောင် ခွေးအရွယ်အစား - Medium Size
Bandogge (Working Dog) မျိုးစိတ်ကို တရား၀င်သတ်မှတ်သည့် မူလရင်းမြစ်နိုင်ငံ - United Kingdom အရပ်အမြင့် - ၂၀-၃၀ လက်မ အလေးချိန် - ၈၅-၁၂၆ ပေါင် သက်တမ်း - ၁၀-၁၂ နှစ် သားပေါက်နှုန်း - ၂-၅ ကောင် ခွေးအရွယ်အစား - Large Size

Picture : American Bandogge
コメント