ဓနုရာသီဖွား(Sagittarius) တွေ အရွေးသင့်ဆုံး Breed ၁၀ မျိုး
- Diva The Bully
- Apr 12, 2022
- 2 min read

သင့်စိတ်နဲ့ လိုက်ဖက်ညီမဲ့ ခွေးလေးတစ်ကောင်ကို ရှာဖွေတဲ့အခါ နက္ခတ်ရာသီခွင်နဲ့ ညှိချင်လာပါလိမ့်မယ်။ သင်နဲ့ အသင့်တော်ဆုံးခွေးကို ရွေးချယ်တဲ့အခါ ချစ်ဖို့ကောင်းတဲ့အချက်တစ်ခုတည်းကို တွက်ဆပြီး ရွေးချယ်လို့ မရနိင်ပါဘူး။ သင်ရဲ့ နေထိုင်မှုပုံစံနဲ့ ဘယ်လောက်ထိ ကိုက်ညီနိုင်သလဲဆိုတဲ့ အချက်က အဓိကကျလာပါပြီ။ သင်က တောင်တက်ရတာ နှစ်သက်သူဆိုရင်တော့ လှုပ်ရှားမှုနဲတဲ့ ခွေးလေးတစ်ကောင်က ဘယ်လိုမှ သင့်အတွက် အလိုင်းမင်းညီမယ့် ဘော်ဒါကောင်း စွန့်စားဖော် ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ အထူးသဖြင့် ဓနုရာသီဖွားတွေအတွက်ဆိုရင် အဓိကရွေးချယ်ရမှာက စွန့်စားခန်းဖွင့်ဖော်ပဲ ဖြစ်ပါတယ်။ Sagittarius Signပိုင်ရှင်တွေအတွက် တကယ်လိုနေတာကတော့ ခရီးကြမ်းကားပေါ် စွေ့ကနဲတက်ပြီး တောင်တွေဘက်ပဲ ခရီးနှင်နှင်၊ ပင်လယ်ကိုပဲ ခြေဆန့်ဆန့် အသင့်ဖြစ်နေမဲ့ ခွေးမျိုးတွေကသာ အသင့်တော်ဆုံးလို့ ဆိုရပါမယ်။
Sagittarius(ဓနုရာသီခွင်) သင်္ကေတကတော့ စိတ်အားထက်သန်ခြင်း၊ စွမ်းအင်ပြည့်ဝခြင်းနဲ့ အတူ သေချာဖုံးကွယ်ထားတတ်တဲ့ (တူးဆွရှာဖွေရမဲ့) အချစ်တွေကို ပိုင်ဆိုင်ထားတဲ့ Zodiac Signတစ်ခုပါပဲ။ ဓနုရာသီဖွားတွေလိုချင်တတ်တဲ့ ခွေးအမျိုးအစားကတော့ ဘယ်လိုနေရာမျိုးမှာပဲဖြစ်ဖြစ် ကြိုးနဲ့ ဆွဲထိန်းထားစရာမလိုဘဲ ဘေးနားကနေ တဖဝါးမခွာ ကပ်လိုက်နိုင်မဲ့ ခွေးအမျိုးအစားပဲ ဖြစ်ပါတယ်။ သိတဲ့အတိုင်းပဲ သင့်ခွေးဟာ သင့်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တာကြောင့် သင့်ခွေးကို ‘ရပ်’၊ ‘နေ’ ဆိုတဲ့ အမိန့်ပေးစေခိုင်းချက်တွေမှာ လိုက်နာတတ်အောင် လုပ်ထားဖို့တော့ လိုပါမယ်။
တကယ်တော့ ဓနုရာသီဖွားတွေက ဘဝကြီးခက်ခဲနေပါစေဦးတော့ ခွေးလေးတွေနဲ့ ရှင်သန်ရတာကို နှစ်သက်ကြသူတွေပဲ ဖြစ်ပါတယ်။ ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်တွေကို သင်နဲ့ တူတူလိုက်တက်မဲ့ ခွေးမျိုးစိတ်တွေ အများကြီးရှိပါတယ်။ သူတို့က သင်ကားမောင်းနေရင် ဘေးကထိုင်ပြီး Protein Barလေး Dog Boneလေးခဲရင်း ပျော်ပျော်ကြီး လိုက်လာမဲ့ သင့်အချစ်တော်တွေပေါ့ဗျာ။ General Zodiac personality တွေကို match ဖြစ်အောင် ရေးထားတာဆိုတော့ အမြင်မတူ တာလေးတွေရှိနိုင်ပါမယ်။ နောက်ပြီး ခွေးမျိုးစိတ် အသစ်လေးတွေ ပါတော့ ခွေး စမွေး မယ့် သူတွေ အတွက် new breed အသစ်တွေ စဥ်းစားလို့ရတာပေါ့။

1. Bernese Mountain Dog
Bernese Mountain Dogတွေကတော့ သင်နဲ့အပြိုင် တောင်ပေါ်တက်နိုင်တဲ့ ကောင်တွေပါ။ အပြင်မှာ အရမ်းအေးနေလို့ အိမ်ထဲသွင်းချင်ရင်တော့ တော်တော်ကြိုးစားထည့်ရမဲ့ အပြင်ကြိုက်ကောင်စားတွေပေါ့ဗျာ။ Bernerတွေဟာ cuddle bearတွေလို ပွေ့ဖက်ချင်စရာ အသွင်အပြင်အပြည့်ရှိပါတယ်။ တချို့ကောင်ကြီးတွေဆို ကြီးလွန်းလို့ ဝက်ဝံအလားတောင် အမှတ်မှားရပါသေးတယ်ဗျာ။ ဒါပေမဲ့ ဒီကောင်ကြီးတွေဟာ သူတို့ရဲ့ ဓနုရာသီဖွား လူသားအဖော်နဲ့အတူ ဟိုဟိုဒီဒီ ကားလျှောက်စီးဖို့ အမြဲ အသင့်ဖြစ်နေပြီးသားပါတဲ့ဗျာ။

2. Border Collie
B order Collies တွေကတော့ ကစားချိန်အများကြီးလိုအပ်ပါတယ်။ အမြဲလိုလို လျှောက်ဒိုးနေတတ်တဲ့ ဓနုရာသီဖွားတွေနဲ့ ဒီကောင်တွေရဲ့ energy high keyက အံဝင်ခွင်ကျဖြစ်နေတော့တာပေါ့ဗျာ။ စွန့်စားဖေါ်ကောင်းဖြစ်လာနိုင်ခြေရှိတဲ့ Border Collieဟာ သခင်ကို frisbee ကစားစရာ အခါတစ်ရာမက ပစ်ပြီး ဆော့ခိုင်းနေမဲ့ ကောင်စားမျိုးတွေပါ။

3. Siberian Husky
ခရီးထွက်တဲ့အခါ အမွှေးပွပွမိတ်ဆွေကို အပါခေါ်သွားချင်ရင်တော့ Siberian Huskyမှတပါး အခြားမရှိလို့ ဆိုရပါမယ်။ Huskyတွေက ဒီလိုမျိုး လျှောက်လည်နေရတာကို နှစ်သက်ကြပါတယ်။ သူတို့မှာ ပြေးလွှားဖို့ နေရာကျယ်ကျယ်လိုသလို ရှာဖွေစွန့်စားခန်းဖွင့်ဖို့ ဒီထက်ပိုကျယ်တဲ့ နေရာအကျယ်ကြီးတစ်ခုကိုလဲ လိုအပ်ပါသေးတယ်။

4. Labrador Retriever
Labrador Retriever ကတော့ လူတွေအပေါ်မှာ သစ္စာရှိပြီး ခင်မင်ဖို့ကောင်းတဲ့ အမွှေးထူသတ္တဝါတစ်ကောင်လို့ ဆိုနိုင်ပါတယ်။ သူတို့ကတော့ ဖြတ်သွားဖြတ်လာမှန်သမျှကို လိုက်လံမိတ်ဆွေဖွဲ့ဖို့ ကြိုးစားနေမှာ ဖြစ်ပါတယ်။ သူတို့ကတော့ socializingလုပ်ဖို့ အဓိကရည်ရွယ်ပြီး လမ်းလျှောက်ထွင်ချင်ကြတတ်ပါတယ်။ Labrador Retriever တစ်ကောင်ဟာ Sagittariusတွေ နှစ်ခြိုက်မဲ့ အမျိုးအစားထဲမှာ ပါဝင်ပါတယ်။

5. Australian Shepherd
ဉာဏ်ရည်ဉာဏ်သွေးကောင်းမွန်မှုကြောင့် ကျော်ကြားတဲ့ Australian Shepherd အမျိုးကတော့ Sagittariusဖွား ပိုင်ရှင်လက်ထဲမရောက်ဘဲ အခြား ရာသီခွင်ဖွားတွေနဲ့ တွေ့လို့ကတော့ ပျင်းနေရမှာ အသေအချာပါပဲ။ ဒီခွေးအမျိုးအစားကတော့ အပြင်သွားနေရဖို့ လိုအပ်ပြီး အပန်းဖြေ အနားယူ သက်တောင့်သက်သာနေတဲ့အခါ ခေါ်သွားဖို့ အသင့်တော်ဆုံးပါပဲ။

6. German Shepherd
German Shepherd တွေမှာ အမိန့်ပေးစေခိုင်းမှုကို သင်ယူပြီး နာခံနိုင်တဲ့ စွမ်းရည်ရှိပါတယ်။ သူတို့က သစ္စာရှိတဲ့အပြင် သတ္တိကောင်းကြပါတယ်။ သခင်ရဲ့ vibeတစ်ခုလုံး ကောင်းမွန်နေအောင် လုပ်ပေးနိုင်ဖို့ ယုံကြည်မှု အပြည့်ရှိတဲ့ ကောင်တွေလဲ ဖြစ်ပါတယ်။

7. Nova Scotia Duck Tolling Retriever
Nova Scotia Duck Tolling Retriever ကတော့ ဉာဏ်ရည်ကောာင်းမွန်ပြီး ချစ်ဖို့ကောင်းတဲ့ မျိုးစိတ်တစ်ခုဖြစ်ပါတယ်။ တနေကုန် ရေကူး၊ တောင်တက်၊ လူတွေနဲ့ထိတွေ့ လုပ်ပြီးတာတောင်မှ ကားပေါ်မှာ သခင်ဖြစ်တဲ့Sagittariusဖွားနဲ့ တာတာတွတ်နေမဲ့ အမျိုးလဲ ဖြစ်ပါတယ်။

8. Portuguese Water Dog
စွန့်စားခန်းဖွင့်ရတာနှစ်သက်ပြီး ဆော့ကစားရတာနှစ်သက်တဲ့ နောက်ထပ်ခွေးတစ်မျိုးကတော့ သိပ်ချစ်ဖို့ကောင်းတဲ့ Portuguese Water Dog ပဲ ဖြစ်ပါတယ်။ Sagittariusတွေနဲ့ အထူးသင့်တော်ပြီးတော့ Portuguese Water Dogတစ်ကောင်ဟာ သင် ငါးဖမ်းထွက်ခဲ့ရင်တောင် အကောင်းဆုံးအဖော်အဖြစ် အမြဲလိုက်ပါနေမှာ ဖြစ်ပါတယ်။

9. Australian Cattle Dog
Sagittarius ဆိုတာကတော့ လေ့လာသင်ယူနေရတာကို ကြိုက်တဲ့ Signပိုင်ရှင်တွေပါ။ ဒီလိုမျိုး လုပ်တတ်တဲ့ ဓနုဖွားတွေကိုတော့ စူးစမ်းတတ်ပြီး စမတ်လဲကျတဲ့ Australian Cattle Dog တွေက ကူညီပေးပါလိမ့်မယ်။ လူတွေနဲ့ ယှဥ်ရင် ပါးနပ်တဲ့ ဒီကောင်တွေကတော့ ဓနုရာသီဖွားတွေကို သူတို့လိုချင်တာ သိတဲ့အထိ ပြုမူလုပ်ပြတတ်ကြပါတယ်။ ကြာလာတော့လဲ ခွေးနဲ့လူ တသားတည်းဖြစ်သွားမှာပေါ့ဗျာ…

10. Bullies and APBTs
ဒါကတော့ Personal choice ဖြစ်ပါတယ်။ တစ်ချို့သော introvertတစ်ပိုင်း extrovert တစ်ပိုင်း sagittarius တွေက အများအားဖြင့် အေးအေးလူလူနေရတာ ကိုသဘောကြကြ ပြီး ရံဖန်ရံခါမှ ထ သောင်းကျန်းပြီး ခရီးတွေ လျှောက်သွားကြ တတ်တယ်။ Pit Bull မျိုးလေး တွေက သခင် သောင်းကျန်းရင် လိုက် သောင်းကျန်း နိုင်သလို၊ သခင် က potato courch ဆိုဖာ ပေါ် တစ်နေကုန် ထိုင် chill မလား လိုက် chill နိုင်တဲ့ ခွေးလေးတွေဖြစ်ပါတယ်။ သခင် အရိပ်အကဲ ကြည့်ပြီး နေတတ် တဲ့ ကလေးတွေဖြစ်တာကြောင့် Introvert Sagi တွေ စကားပြောဖော် မရှိရင် တောင် Pittie ကြီးတွေ ကို အနောက် ကဖတ် ပြီး သူတို့ကို တီတီတာတာ စကား ထိုင်ပြောနေရင်တောင် သူတို့လေးတွေ က ခင်ဗျား အတွက် ငြိမ်ငြိမ် လေး ထိုင်နားထောင်နေပေးမှာပါ။
Thank you for reading!
Comments