top of page

Petလေးတွေနဲ့ အချိန်တွေကုန်ဆုံးရတာကြိုက်တဲ့ ရာသီခွင် ၆မျိုးရဲ့ အကြောင်း

  • Writer: Diva The Bully
    Diva The Bully
  • Apr 25, 2022
  • 2 min read

တချို့လူတွေက လူတွေနားမှာနေရတာထက်စာရင် အိမ်မွေးတိလေးတွေနဲ့နေရတာ ပိုပြီး စိတ်ချလက်ချရှိကြပါတယ်။ သင့်ဆီမှာရော အမွှေးဖားဖားအဖော်အပေါင်းလေးတွေ ရှိနေပြီလား…

ဒီလိုဘော်ဒါ ဘော်ဂျွတ်တွေကို အနားခေါ်ထားရတာက အခင်ဆုံးသူငယ်ချင်းတို့ သိပ်သိပ် Ro ရတဲ့ ရည်းစားတို့ထက် ပိုပြီး ကောင်းပါလားဟ လို့ တွေးမိတဲ့အခါမျိုးတွေ ရှိတတ်ပါသလား။

ခွေးမွေးထားတဲ့သူ အများအပြားကတော့ တခြားမိသားစုဝင်တွေနဲ့ နီးနီးကပ်ကပ်နေတာထက်ကို သူတို့ခွေးလေးတွေနဲ့ ပိုပြီး နီးနီးကပ်ကပ်နေတတ်ကြပါတယ်။ ပြီးတော့ ကိုယ့်ကလေးလို တယုတယဆက်ဆံတတ်ကြပါတယ်။

ခွေးတွေဟာ တချို့အချိန်တွေမှာ လူတွေထက်တောင်မှ သခင်ရဲ့စိတ်ခံစားချက်တွေကို နားလည်ကြပါတယ်။ တကယ်တမ်းပြောရရင် ကျွန်တော်တို့ ထင်ထားတာထက်တောင်မှ သူတို့က လူစကားနားလည်ကြပါတယ်။ ဒါကြောင့်လဲ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ အိမ်ထောင်စုတွေရဲ့ ၆၈ရာခိုင်နှုန်းသော အိမ်တွေမှာ အနည်းဆုံး ခွေးတစ်ကောင်တော့ ရှိကြပါသတဲ့…ရာခိုင်နှုန်း အကိတ်ကြီးနော် မိတ်ဆွေတို့…လူတွေနဲ့ မရောနှောဘဲ ကင်းကင်းနေချင်ကြသူတွေအဖို့တော့ ကိုယ့်အပေါ် မယိမ်းမယိုင်သောခင်မင်မှုနဲ့ ပြင်းပြင်းပြပြပေါင်း‌ဖော်ပေးနိုင်မဲ့ စကားမပြောတတ်တဲ့ မိတ်ဆွေတွေက အကောင်းဆုံးဖြစ်မှာပါပဲ။

ဒီနေ့တော့ တိတွေနဲ့ ပိုပြီးခင်တွယ်ယှက်နွယ်တတ်ကြတဲ့ zodiac signတွေအကြောင်းကို ပြောပြဖို့ အကြောင်းဖန်လာပါပြီ။ ရာသီဖွားအားလုံးက လူသားတွေက ကိုယ့်အိမ်မွေးတိတွေကို ချစ်တတ်တယ်ဆို‌ပေမဲ့ နက္ခတ္တဗေဒမှာတော့ တိလေးတွေကို ရှယ်အချစ်ပလန်နဲ့ တကယ်အစစ်အမှန်ချစ်ခင်ကြတဲ့ ဘဝတလျှောက်လုံး အခြားသူတွေထက် ပိုပြီးထူးကဲချစ်ခင်ကြတဲ့ ရာသီဖွားတွေကတော့ သတ်သတ်မှတ်မှတ်ရှိပါတယ်။ အားလုံးသိတဲ့အတိုင်း ခွေးတွေကတော့ ကျွန်တော်တို့လူသားတွေရဲ့ အကောင်းဆုံးမိတ်ဆွေတွေပါပဲ…အောက်မှာ ပြောပြသွားမဲ့ zodiac signတွေကတော့ အိမ်မွေးတိတွေကို မိသားစုသဖွယ် သတ်မှတ်ချစ်ခင်တတ်ကြတဲ့ ရာသီခွင်ပိုင်ရှင်တွေပဲ ဖြစ်ပါတယ်။



1. TAURUS (April 20 - May 20)

Taurusတွေကတော့ အလွန်အကြူးကို ကာကွယ်တတ်ကြသူတွေပဲဖြစ်ပါတယ်။ အချစ်ခံရတဲ့ petကလေးတွေကတော့ သူတို့ရဲ့ အခိုင်ခံ့ဆုံး တာဝန်ကျေပွန်မှုကြောင့် သိပ်ကံကောင်းမဲ့ ကောင်လေးတွေဖြစ်လာမှာပါ။ သူတို့က စိတ်ရှည်ပြီး တာဝန်သိတဲ့ ခွေးဖေဖေ ခွေးမေမေတွေလို့ ဆိုရပါမယ်။ ခွေးကလေးတွေကို ယုယပွေ့ပိုက်ပြီး ပါပီလေးတွေ အာဘွားပေးတာခံရပြီများဆိုရင် အပျော်ကြီးပျော်နေတတ်ကြပါတယ်။ Taurusတွေဟာ လူမှုရေးမခေါင်းပါးကြပေမဲ့ ခွေးလေးတွေရဲ့ လုံခြုံမှုအတွက် လိုက်လုပ်ပေးနေရရင် ကျေနပ်ပြီး အချိန်တွေကုန်သွားတတ်ပါတယ်။ လူအချင်းချင်း ဆက်ဆံရေးမှာဆို သူတို့အတွက် အတက်အကျရှိပြီး မတည်ငြိမ်တတ်ပေမဲ့ Petလေးတွေနဲ့ တီတီတာတာပြောဖို့ဆိုရင်တော့ ထာဝရအကောင်းဆုံး အကျွမ်းကျင်ဆုံးဖြစ်နေကြမှာပါ။


2. GEMINI (May 21 - June 20)

Gemini(မေထုန်ရာသီဖွား)တွေကတော့ socialပိုင်းမှာ သိပ်ရောရောနှောနှောမနေတတ်ကြဘူးလို့ လူပြောများပါတယ်။ ဒီလို ဆက်ဆံရေးကွက်လပ်ကပဲ petတွေနဲ့ အချစ်ကြီးချစ်ဖို့ တွန်းပို့ပေးလိုက်သလိုပါပဲ။ လူတွေအနားမှာ မရှိတာနဲ့ သူတို့ petလေးတွေနားကို ကပ်နေတော့တာပဲဗျို့။ Geminiတွေဟာ တကိုယ်တည်းအထီးကျန်တာကို မနှစ်သက်တာကြောင့် ခုလိုမျိုး အမွှေးဖားဖားသူငယ်ချင်းလေးတွေကို မွေးထားရတာက သူတို့ပျော်ရွှင်မှုရဲ့ မရှိမဖြစ်အရာတစ်ခုအဖြစ် ပေါ်ပေါက်လာခဲ့ပါတယ်။ တခြားလူတွေနဲ့ မပေါင်းရရင်တောင်မှ အချစ်တော်ခွေးကလေးတစ်ကောင်ရှိနေတာက အပြန်အလှန်ခင်တွယ်မှုကို ထုတ်ဖော်ပြမဲ့ အဖော်ကောင်းရှိနေပြီလို့ သူတို့က ယူဆထားကြပါတယ်။


3. CANCER (June 21 - July 22)

ရာသီခွင်ပိုင်ရှင်တွေအားလုံးထဲမှာတော့ cancer(ကရကဋ်ရာသီဖွား)တွေဟာ မသိစိတ်အရရော ခံစားချက်အရပါ အာရုံသိမှု ကောင်းကောင်းအလုပ်လုပ်တဲ့သူတွေ ဖြစ်ပါတယ်။ ခင်ရမင်ရတဲ့ အပေါင်းအသင်းတွေကို ရွေးပေါင်းတတ်ပြီး တန်ဖိုးလဲ မြင့်မြင့်မားမားထားတတ်ကြပါတယ်။ တိလေးတွေနဲ့ဆိုရင်တော့ ဆိုဖွယ်ရာမရှိ သည်းသည်းလှုပ်လှုပ်ချစ်တတ်ကြပါတယ်။ တခါတလေမှာဆိုရင် သူတို့ဟာ တခြားသူတွေက သူတို့ခံစားချက်ကို နားမလည်ကြဘူးလို့ထင်နေတတ်ကြပါတယ်…ဒါမှမဟုတ် သူတို့ဟာ ကိုယ့်အတွေးနဲ့ ကိုယ် တကိုယ်တည်းနေတတ်ကြပါတယ်။ ခွေးလေးတစ်ကောင်မွေးထားဖြစ်တယ်ဆိုရင် cancerတွေအတွက်တော့ စကားလုံးတွေမပါဘဲ deep connectionတစ်ခုကို တည်ဆောက်လိုက်နိုင်တာပါပဲ။ Cancerတွေဟာ သူတို့အချစ်တော်ခွေးလေးတွေရဲ့ နားလည်ပေးမှုကို ရယူရင်း ခံစားချက်ချင်းဆက်သွယ်ရတာကို အထူးသဘောကျကြပါတယ်။


4. VIRGO (August 23 - September 22)

Zodiac signတွေထဲမှာတော့ Virgo(ကန်ရာသီဖွား)တွေဟာ အပြောင်မြောက်ဆုံးတိချစ်သူတွေပါပဲ။ သဘာဝတရားနဲ့ နက်နဲစွာချိတ်ဆက်မှုအဖြစ် တိလေးတွေကိုချစ်တတ်ကြပြီး သူတို့လေးတွေနဲ့ အချိန်ကုန်လွန်ကြပါတယ်။ တခါတရံများဆိုရင် လူတွေနဲ့ဆက်ဆံရေးကို လျစ်လျူရှုထားတတ်ပြန်ပါရောလားဗျာ… တကယ်လို့များ ခင်ဗျားရဲ့Virgo friendက ခင်ဗျားအတွက် အချိန်သိပ်မပေးနိုင်ဘူးဆိုရင် စိတ်တော့မရှိလိုက်ပါနဲ့ဗျာ။ ဘာလို့ဆိုတော့ သူတို့က သဘာဝတရားနဲ့ ပိုမိုထိစပ်ဖို့လိုအပ်ပြီး မွေးထားတဲ့အကောင်ပလောင်လေးတွေကို ဂရုစိုက်ဖို့လိုအပ်နေလို့ပဲ ဖြစ်ပါတယ်။

တကယ်လို့ ကိုယ့်ဆရာက Virgoဖွားကောင်မလေးတစ်ယောက်ကို ချဥ်းကပ်နေတာဆိုရင်တော့ သူတို့အသည်းကျော်လေးတွေဖြစ်တဲ့ တိလေးတွေဘက်ကသာ လှည့်ဝင်ပေတော့ဗျို့…


5. LIBRA (September 23 - October 22)

Libra(တူရာသီဖွား)တွေကတော့ အထူးဂရုစိုက်ပြီး အထူးသဖြင့် petလေးတွေကို လိုလေသေးမရှိ လုပ်ကိုင်ပေးရတာကို သဘောကျတတ်တဲ့သူတွေပါပဲ။ ခွေးလေးတွေကို မွေးထားဖြစ်တယ်ဆိုရင်ပဲ သူတို့ရဲ့ sharing spiritဟာ အားကောင်းလာပြီး ဒီလိုမျှဝေရင်းနဲ့ သူတို့ရဲ့ အထီးကျန်စိတ်တွေလဲ လွင့်ပါးသွားပါတော့တယ်။ ပြီးတော့ Libraတွေဟာ အလွန်အမင်းကို စိတ်ရှည်ပြီး သိမ်မွေ့တာကြောင့် petမွေးဖို့အတွက် အထူးသင့်တော်တဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်ထားကြပါတယ်။ Libraတွေဟာ သူတို့ချစ်ခင်ရတဲ့ မိသားစုနဲ့ သူငယ်ချင်းတွေရှိတဲ့အတွက် ပျော်ရွှင်သလိုပဲ တခါတရံမှာတော့ petလေးတစ်ကောင်ရဲ့ အချစ်ကလဲ သူတို့အတွက် အရေးကြီးတဲ့ အချစ်ခံရခြင်းတစ်ခုအဖြစ် သူတို့က သတ်မှတ်ထားကြပါတယ်။


6. PISCES (February 19 - March 20)

Libraတွေလိုပါပဲ… Pisces(မိန်ရာသီဖွား)တွေဟာ အလွန်အမင်းဂရုစိုက်တတ်ပြီး ကရုဏာကြီးမားသူတွေပဲ ဖြစ်ပါတယ်။ သူတို့ဟာ အခြားသူတွေကို ကူညီရတာနှစ်သက်ကြပြီး အချိန်အများစုကို အများအကျိုးဆောင်တဲ့အလုပ်တွေနဲ့ ကုန်ဆုံးပစ်တတ်ကြပါတယ်။ ဆိုပေမဲ့ သူတို့ရဲ့ အကောင်းဆုံးရောင်းရင်းတွေကတော့ သူတို့ဘဝထဲကို ခေါ်လာခဲ့တဲ့ တိလေးတွေပဲ ဖြစ်ပါတယ်။ Piscesရာသီဖွားတစ်ယောက်အတွက်ကတော့ လေလွင့်ခွေး၊ ကြောင်လေးတွေကို အိမ်မှာ ကယ်တင်မွေးစားဖို့ အမြဲစိတ်အားထက်သန်နေတတ်ပါတယ်။ တိလေးတွေဟာလဲ Piscesနွယ်ဖွား သခင်ကို အချစ်ကြီးချစ်ကြပါတယ်။ သခင်ရဲ့ အဆုံးမဲ့အချစ်က သူတို့ဆီကနေ သခင့်ဆီကို တဖန် ရောင်ပြန်ဟပ်တယ်လို့ ဆိုနိုင်ပါတယ်။ အပေါ်က ရာသီဖွားတွေနဲ့ မတူတဲ့အချက်ကတော့ Piscesတွေဟာ socialလဲ ကောင်းကြပါတယ်။ ဒီလို socialကောင်းလို့ အပေါင်းအသင်းပေါပေမဲ့ သူတို့ကတော့ တိလေးတွေကိုသာ အချစ်ဆုံးအဖြစ် သတ်မှတ်ချစ်ခင်ကြပါတယ်။

ဒီနေ့တော့ တိတွေနဲ့ fitအဖြစ်ဆုံး ရာသီခွင်ခြောက်ခုအကြောင်းကို ပြောပြပေးဖြစ်ပါတယ်…

နောင်လာလတ္တံ့သော စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုလဲ လွတ်မသွားစေဖို့

ဒီ Website လေးနဲ့ မျက်ခြည်မပြတ်ရှိနေပေးပါဦးဗျာ…


Thanks for reading!

Sharing is Caring



Comentários


Post: Blog2 Post

+959452718466

©2022 by Myanmar K-9 Media. Proudly created with Wix.com

bottom of page