ခွေးတွေရဲ့ ထူးထူးဆန်းဆန်းဗီဇများ
- Diva The Bully
- Apr 10, 2022
- 3 min read

ခွေးတွေမှာ မွေးကတည်းက သင်ပေးစရာမလိုတဲ့ ကိုယ်ပိုင် ပင်ကိုဗီဇ၊ အပြုအမူလေးတွေရှိကြပါတယ်။ တစ်ချို့ ခွေးမျိုးတွေမှာ ကြတော့ သိသိသာသာ ထင်ထင်ရှားရှားကို ကို ထူးခြားတဲ့ ဗီဇ စွမ်းရည်တွေ ရှိတတ်ကြပါတယ်။ ဥပမာ အားဖြင့် ခြံစောင့်၊ နွားကျောင်းတတ် တဲ့ behavior တွေ (သို့မဟုတ်) အမဲလိုက်တတ်တဲ့ စွမ်းရည်တွေ ရှိတတ်ကြပါတယ်။ ၄င်း ဗီဇများဟာ လည်း သက်ဆိုင်ရာ ခွေးမျိုးစဥ်မျိုး စိတ် breeding လုပ်စဉ် အချိန်များ တွင် ရည်ရွယ်ချက် ရှိရှိ ၊ ပါရှိအောင် ဖန်တီး ထားခြင်းဖြစ်တယ်။ ခွေးမျိုးစိတ်တိုင်းမှာ မတူညီတဲ့ စွမ်းရည်၊ ဗီဇ တွေ ပိုင်ဆိုင်ထားကြသောလည်း အချို့ သဘာ၀ အပြု အမူတွေ ကြတော့ ခွေးတိုင်း နီးပါး တူညီ ကြပါသေးတယ်။
ဥပမာ ပေးပြောရရင် ခွေးတိုင်းဟာ သူတို့ရဲ့ နှာခေါင်း၊ မျက်လုံး နဲ့ နားရွက် (အနံ့၊ အမြင်၊ အသံ) တို့ကို သုံး ပြီး သင်ယူရမယ်ဆိုတာ နဲ့ သူတို့ရဲ့ အစားအစာ၊ နေရာထိုင်ခင်း နဲ့ သူ့ရဲ့ မိသားစု (အသိုက်အ၀န်း) ကို စောင့်ရှောက်ကာကွယ်ရမယ်ဆိုတဲ့ အကျင့်များ ဟာ မွေးကတည်း ပါလာသော ဗီဇများ ဖြစ်ကြပါတယ်။
နောက်ပြီး သက်ဆိုင်ရာ ခွေးမျိုးစိတ်များရဲ့ origin ဟာ ကျွန်တော် တို့ ကမ္ဘာ လောက ကြီး ထဲကို အလုပ်အကျွေး ပြုဖို့ အတွက် ရောက်ရှိ လာကြခြင်း ဖြစ်ကြပါတယ်၊ အစာ စားဖို့ နဲ့ ကစား ဖို့ အတွက်သာ မဟုတ်ပါဘူး။
ကျွန်တော် တို့ဟာ ကျွန်တော် တို့ ခွေးတွေရဲ့ သဘာ၀ ဗီဇ အပြုအမူလေးတွေ ကို နားလည်နိုင်မယ် ဆိုရင် သူ ဘာတွေ လိုအပ်နေလဲ ဆိုတာကို သိနိုင်မယ်၊ သူ နဲ့ ကိုယ် နဲ့ အကြား ဆက်ဆံရေး ပိုပြီး ကောင်းမွန် လာနိုင်မယ်၊ ပြီးတော့ ကိုယ့် ကို သူ့ အသိုက်အမြုံ ခေါင်းဆောင် အနေ နဲ့ လက်ခံ လာနိုင်ပါလိမ့် မယ်။ (ခွေးများဟာ အသိုက်အ၀န်း နဲ့သာနေတတ်သော တိရိစ္ဆာန် များ ဖြစ်တဲ့ အကြောင်းကို နောက် ပို့စ်တွင် ရေးပါမည်။) ခွေးတစ်ကောင်ဟာ သူ့ရဲ့ အစာ (သို့) နေရာ ကို ကာကွယ်နေပြီ ဆိုတာ ကို သင့်အနေဖြင့် သူ့ အပြုအမူကို ကြည့်ရုံ ဖြင့် သိရှိနိုင်ပါတယ်။ နောက်ပြီး ခွေးတွေ ရဲ့ နှာခေါင်းဟာ သူတို့ အတွက် အရေးအပါဆုံး အာရုံခံ အစိတ် အပိုင်း ဆိုတာကို သူတို့ရဲ့ ဘာမဆို လိုက်ပြီး အနံ့ ခံ စပ်စု တတ်တဲ့ အကျင့်တွေကဖော်ပြနေပါတယ်။ နောက် ထပ်ထူးခြားတဲ့ အပြုအမူ တွေ ရှိနေပါသေးတယ်။
1. လျှာဖြင့် လျက်ခြင်း
သင့်ခွေးဟာ သင့်ကိုလျက်ရတာ ကို ကြိုက်ပုံ ပေါ်နေတာလား? အဲ့အပြုအမူကို ကြည့်ခြင်းအားဖြင့် သင့်ခွေးဂာ သင့်ကို နှစ်သက် သဘောကျလို့ (or) သင်ဟာ သူ့ရဲ့ favorite person ဖြစ်နေလို့သာ သင့်ကို သူ့ လျှာနဲ့ လျက်ရခြင်းဖြစ်ပါတယ်။ ဒါတင် မဟုတ် ခွေးတွေဟာ သူတို့ကို သူတို့ လျှာဖြင့် လျှက်ကာ သန့်ရှင်းရေးလုပ်တယ်၊ ခွေးအခြင်းခြင်း လျှာဖြင့် လျှက်ကာ ဆက်သွယ်မှု လုပ်ကြပြီး၊ ရံဖန်ရံခါ ကိုယ့်ကိုကို လျှက် ကာ သူတို့ကို သူတို့ calm ဖြစ်အောင် နေတတ်ကြပါသေးတယ်။ မီးဖွား စ ခွေးမိခင်တွေဟာ သူတို့ရဲ့ newborn puppies လေးတွေ နွေးနွေးထွေးထွေးရှိကာ အသက်ရှု၀ စေရန်အတွက် သူတို့ လျှာ ဖြင့် လျှက်ကြပါသေးတယ်။
2. အမြီးနှံ့ခြင်း
ခွေးတွေရဲ့ နောက်ထပ် ဆက်သွယ် တဲ့ ပုံတစ်မျိုးဖြစ်ပြီး ကျွန်တော်တို့ လူသားတွေ တော်တော်များများ နားလည်ကြပါတယ်
3. ခွေးအခြင်းခြင်း ဖင်ကို နမ်းရှုံ့ခြင်း
ကျွန်တော် တို့လူသားတွေ social media ပေါ်ကနေ လူတစ်ယောက်အကြောင်း တစ်ယောက် စုံစမ်းသလိုမျိုး ခွေးတွေ အတွက် ဤအပြုအမူ သည် ခွေးအခြင်းခြင်း တွေ့ဆုံပြီး တစ်ယောက် အကြောင်း learn လုပ်ခြင်း ဖြစ်ပါတယ်။ သူတို့ရဲ့ အနံ့ခံအာရုံဟာ အလွန်ကောင်းလွန်းတာကြောင့် ထိုသို့ Butt Sniffing လုပ်ခြင်းအားဖြင့် အခြား ခွေးတစ်ကောင်ရဲ့ diet, အထီး၊အမ၊ စိတ်ခံစားမှု အခြေအနေ အထိမှာ learn လုပ်နိုင်ကြပါတယ်။
4. Burying
Wild dog တွေဟာ သူတို့ရှာ ဖွေထားတဲ့ အစာ တွေကို အခြားသားရဲတိရိစ္ဆာန်တွေ လာရောက် လုယူစားသုံး ခြင်းမရှိအောင် မြေမြုပ်ဖွက်ထားတတ် တဲ့ အကျင့်ရှိကြပါတယ်။ ထိုသို့ မြေခွေး၊ wild dog မျိုးများမှ ဆင်းသက်လာသော လက်ရှိ မိသားစု ခွေးလေးများသည်လည်း ထိုကဲ့သို့ သူတို့ အရုပ်၊ treat ၊ သူ့အစာအချို့ကို ဖွက် တတ်သော၊ မြေမြုပ် တတ်သော အကျင့်လေးတွေရှိပါက သင့်ကို " ဒါ၊ ငါပိုင်တဲ့အရာတွေ၊ ငါစောင့်ရှောက်မှ ရမယ်" လို့သူ့ဘာသာစကားနဲ့ သူပြောနေတာပါ။ နားလည်ပေးလိုက်ပါ၊ အချိန်နည်းနည်း ပေး၍ သင်ကြားပေးလိုက်ပါ။
5. Trailing (သို့) leading
အောက်ဖော်ပြပါ အချက်နှစ်ချက်ထဲမှ ဘယ်အချက်ကို သင်ကြုံတွေ့နေရသလဲ? (၁) သင့်ခွေးနဲ့ လမ်းလျောက်တိုင်း သင့်ခွေးက ချည်းဘဲ အရှေ့ကနေဦးဆောင်ပြီး လျောက်၊ သင်က leash တန်းလန်း နဲ့ အနောက်ကနေ တရွက်တိုက်ပါ၊ (၂) သင့်ခွေးနဲ့ လမ်းလျောက်တိုင်း သင်က ချည်းဘဲ သင့်ခွေးကို တောက်လျောက် စောင့်ခေါ်နေရ။ (၃) သင်နဲ့ သင့်ခွေးဟာ ဟန်ချက်ညီညီ သော်လည်းကောင်း၊ သင့်အနောက်ကနေ ထပ်ချပ်မကွာ သော်လည်းကောင်း တူတူ လမ်းလျောက်။ ထို သုံးချက်ဟာ ခွေးတွေရဲ့ အလေ့အထ နဲ့ ဆက်နွယ်နေတာ ဖြစ်သောကြောင့် သင့်အနေ နဲ့ နားလည်ထားဖို့ လိုအပ်ပါတယ်။ သဘာ၀အား ဖြင့် ခွေးများဟာ အုပ်စုလိုက်၊ အသိုက်အမြုံလိုက် တစ်နေရာမှ တစ်နေရာသို့ ခရီးသွားရာ ၌ Front, back, middle စသည့် formation ဖြင့်သွားလေ့ရှိပြီး ခွေးများဟာ ထို နေရာ သုံးနေရာထဲမှ တစ်ခုခု ကို သူ့သဘာ၀ အလျောက်ရွေးချယ်လေ့ရှိကြပါတယ်။ Front တွင်ရှိသော ခွေးများဟာ ခရီးလမ်းကြောင်းပြခြင်း တွေ့ကြုံရသော အန္တရာယ်များကို ရှင်ဆိုင်ဖြေရှင်းခြင်းစသည့် တာ၀န်များကိုယူ ခြင်း၊ Back position ခွေးများကတော့ ရှေ့မှသွားသည့် လမ်းကြောင်းကို လိုက်ကာ အနောက်မှ ကျရောက်မည့် အန္တရာယ်များကို စောင့်ကြည့် သတိပေးခြင်း၊ Middle position မှ ခွေးများကတော့ အုပ်စု အရှေ့ပိုင်း နှင့် အနောက်ပိုင်း ရှိ ခွေးများအကြား ဆက်သွယ်မှု ပိုင်းဆိုင်ရာ ကူညီပေးခြင်း၊ စသည့် လုပ်ငန်းစဉ် များကို လုပ်ဆောင်ကြပါတယ်။
6. ညစ်ညစ်ပတ်ပတ် နေရာများတွင် လူးလိမ့်ခြင်း
မြင်ယောင်ကြည့်ပါ၊ သင့်ခွေး နဲ့ သင်လမ်းလျောက်နေတုန်း ငှက်သေတစ်ကောင်ကို တွေ့တယ် ဆိုပါစို့။ အဲ့ ငှက်က သေပြီး ပုပ်လဲ ပုပ်နေပြီ၊ သင့်အနေ နဲ့တော့ မကြည့်ချင်ပေမယ့် ဘာမှ ထူးထူးဆန်းဆန်း မခံစားရဘူး။ ဒါပေမယ် ရုတ်တရက် သင့်ခွေးဂာ ထိုငှက်သေစီကို ပြေးသွားတယ်၊ သင့်အနေ နဲ့ သင့်ခွေးဟာ ထို ငှက်သေကို သွားစားတယ် လို့ ထင်လိုက်မယ်၊ ဒါပေမယ့် သူလုပ်တာက သင်ထင်တာ ထက်ပို ဆိုးတယ်၊ ပို ရွံဖို့ ကောင်းတဲ့ ထို ငှက်သေပုံ ပေါ်မှာ သူ့တစ်ကိုယ်လုံး ကို လူးလိမ့်လိုက်ခြင်းဖြစ်တယ်။ ဘာလို့လဲ? ဒီလို ဖြစ်တာကလဲ သူတို့ရဲ့ hidden ဗီဇ လေးတွေပြန်ပေါ်လာတာ ဖြစ်ကောင်းဖြစ်နိုင်ပါမယ်။ ခွေး(အထူးသဖြင့် ခွေးတွေရဲ့ ancestors ဖြစ်တဲ့ မြေခွေး၊ဝံပုလွေ) တွေဟာ သဘာ၀အတိုင်း သူတို့ရဲ့ သားကောင် များကို အမဲလိုက် စားသုံးကြရပါတယ်။ တကယ်လို့ သူတို့ရဲ့ အမဲသားကောင်များဟာ သူတို့ရဲ့ အနံ့ကို ကြိုရနေပါက အလွယ်တကူ ထွက်ပြေးနိုင်ပြီး သူတို့ ထမင်း ငတ်မှာ ဖြစ်ပါတယ်။ ထို့ကြောင့် မြေခွေး၊ ခွေးတွေဟာ သူတို့ ရဲ့ ကိုယ်နံ့ကို ရွံ့နွံတွေ၌ လူးခြင်း၊ (သို့) အနံ့ ပြင်းသော အရာများ ဖြင့် ပျောက် တတ်ကြပါတယ်။ အထက်ပါ ဖော်ပြထားသည့် အချက်များ အပြင် သင်တို့ ကြုံတွေ့နေရသော သင်တို့ ခွေးတွေရဲ့ ထူးထူးဆန်းဆန်း behaviour များရှိရင်လည်း share ပေးကြပါဦးနော်။
Comments