ခွေးမျိုးစိတ် အုပ်စုများ
- Diva The Bully
- Apr 20, 2022
- 4 min read
ခွေးလေးတွေကို စနှစ်တကျ နဲ့ မွေးကြမယ်လို့ စဉ်းစားလိုက်ပြီဆိုတာနဲ့ ဘယ်ခွေးအမျိုးအစား က သင်နှင့် သင့်မိသားစု အတွက် အဆင်ပြေမလဲ ဆိုတာကို ဆုံးဖြတ်ရတာ ဆုံးဖြတ်ရ ခက်တဲ့ decision တစ်ခုပါ။ ဒီ့ အတွက် ပထမဦးဆုံးအဆင့် အနေ နဲ့ akc အသိအမှတ်ပြု အဓိက ခွေးအမျိုးအစား အုပ်စု (၇) ခုရှိတယ်ဆိုတာကို နားလည်ထားရပါမယ်။ အုပ်စု တစ်ခုခြင်းစီ တိုင်းမှာ သူတို့ရဲ့ origin ၊ ဘယ် purpose အတွက် မျိုးဖေါက်ခဲ့တယ်စသည့်တို့ကို တိုင်းတာ စီစစ်ပြီး မှ အုပ်စု (၇) ခုခွဲထားခြင်းဖြစ်ပါတယ်။

(၁) Herding Group (နွားကျောင်းခွေး)
အရွယ်အစား အားဖြစ် medium to large ခွေးမျိုးတြွေဖစ်ပြီး ဒီခွေးတွေဟာ နိုင်ငံတိုင်းရဲ့ မွေးမြူရေးလုပ်ငန်းတွေအတွက် အဓိက ကျတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး နွားကျောင်းခွေးတစ်ကောင်ရဲ့ ရုပ်ပိုင်းဆိုင်ရာလက္ခဏာများနှင့် ဗီဇ များကို ဆက်လက်ထိန်းသိမ်းထားစဲဖြစ်တယ်။
ဤမျိုးစိတ်ထဲမှ ခွေးတွေဟာ အသိဉာဏ် မြင့်မားတယ်၊ ကျန်းမာ ဖြတ်လတ်တယ်၊ ကြံခိုင်တယ်၊ ဝိရိယရှိ ကြသူလေးတြွေဖစ်တယ်။ မျိုးစိတ်တွေအားလုံးထဲမှာမှ လေ့ကျင့်ဖို့ အလွယ်ဆုံး ခွေးမျိုးစိတ်လေးတြွေဖစ်သလို intel အမြင့်ဆုံးခွေးလေးတွေလဲဖြစ်ပါတယ်။ ဥပမာအားဖြစ် Border collies မျိုးစိတ်ဆိုရင် ကမ႓ာ့ခွေးလိမ္မာ championship ပြိုင်ပွဲ တွေမှာ သူတို့ ချည်း ဗိုလ်ဆွဲနေကြကလေးတွေပါ။ မြန်မာပြည်မှာ လူတိုင်း ချစ်တဲ့ German Shepherd အယ်ဇင်းရှင်းလေးတွေဟာ လဲ Herding dog လေးတွေပါဘဲ။
လုံလောက်တဲ့ လေ့ကျင့်ခန်းများနှင့် စိတ်ပိုင်းဆိုင်ရာ stimulation များရရှိပါက နွားကျောင်းခွေး herding dog group မျိုးစိတ် ကလေးတွေဟာ သင့် အတွက် အကောင်းဆုံး ၊ သင့်တစ်ယောက်ထဲကိုဘဲ သူ့ရဲ့ အချိန်တွေကို ကုန်ဆုံးချင်တဲ့ အကောင်းဆုံး အဖေါ်မွန် ဖြစ်လာမှာပါ။
Herding Group မှာ ပါတဲ့ Top breeds တွေ။
Australian Cattle Dogs
Australian Shepherds
Belgian Malinois
Border Collies
Bouviers des Flandres
Cardigan Welsh Corgis
Collies
German Shepherd Dogs
Icelandic Sheepdogs
Old English Sheepdogs
Pembroke Welsh Corgis
Shetland Sheepdogs
အပေါ်က ပုံထဲကခွေးမျိုးစိတ်လေးက တော့ Border Collie လေးပါ။

(၂) The Hound Group (အမဲလိုက်ခွေး )
ရှေးယခင်သမိုင်းကြောင်းတွေမှာ အမဲလိုက်ဖို့အတွက်ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့တဲ့ ခွေးမျိုးစိတ်တွေပါ။ ခေတ်ကာလ ရေစီးကြောင်းတွေပြောင်းပြီး ယခုအနေနဲ့ဆိုရင်ဖြင့် အမဲလိုက်ဖို့သီးသန့် သုံးတာကတော့ နည်းသွားပြီ ဖြစ်ပါသော်ငြားလည်း ထို hound မျိုးစိတ်ခွေးလေးတွေမှာတော့ အမဲလိုက် ဗီဇကတော့ ဆက်လက် ပြင်းထန်ဆဲ။ Hound မျိုးစိတ်ကိုမှ Sighthound နှင့် Scenthound ဆိုပြီး နှစ်မျိုးထပ်ခွဲပါသေးတယ်။ Sighthound ရဲ့ အကောင်းဆုံးအမြင်အာရုံကို ပိုင်ဆိုင်ထားသူတြွေဖစ်ပြီး ၊ Scenthound ကလေးတွေရဲ့ အနံ့ခံစွမ်းရည်ဟာ အလွန်တရာ စူးရှထပ်မြက်ပါတယ်။ ထို Hound နှစ်မျိုးလုံးဟာ မတူညီသော် အမဲ တိရိစ္ဆာန် တွေလိုက် ဖို့ အတွက် ရွေးချယ် မျိုးစပ်ထားကြခြင်းဖြစ်သည်။ Sighthound တွေကို အမဲကြီး (ဥပမာ - သမင်ကြီးမျိုး၊ တောဝတ်) များကို လိုက်ဖို့အတွက် သုံးကြပြီး Scenthound တွေကို ကြတော့ မြေကြီးတွေထဲမှာ မြုပ်ထားတဲ့ ပစ္စည်း၊ မြေကြီးထဲမှာ နေတတ်ကြတဲ့ တိရိစ္ဆာန်တွေကိုလိုက်ဖို့အတွက် သုံးကြပါတယ်။
Sighthound နဲ့ Scenthound တွေကို အချိုးကျ စပ် breed လုပ်ထားတဲ့ ကလေးတွေကို တော့ အမဲသေး လေးတြွေဖစ်တဲ့ ယုန်တို့၊ foxes တွေကို ဖမ်းဖို့ အတွက် သုံးကြပါတယ်။
Hound Group မှာ ပါဝင်တဲ့ Top Breeds တွေ
Afghan Hounds
Basenjis
Basset Hounds
Greyhound
Beagles
Black and Tan Coonhounds
Bloodhounds
Borzoi
Dachshunds
Irish Wolfhounds
Rhodesian Ridgebacks
Whippets
ပုံမှာပြထားတာကတော့ Greyhound ပါ။

(၃) The Non-Sporting Group
ဒီ အုပ်စုထဲမှ ခွေးလေးတွေဟာ သူတို့ မူလ မျိုးစပ်ခဲ့ရတဲ့ ရည်ရွယ်ချက် purpose တွေကို ဆက်လက်တာဝန် ထမ်းဆောင်ရန် မလို အပ်တော့တဲ့ ကလေးတတြွေဖစ်ပါတယ်။ ဥပမာအားဖြစ် Dalmatian ခွေးလေးတွေဟာ မြင်းရထားတွဲများနှင့် အတူ တွဲခေါ်ရာတွင်အတွက် မသုံးတော့ သလို၊ Bulldog လေးများဟာလဲ Bull-baiter အနေနဲ့လည်း မသုံးကျတော့ပါ။ သူတို့မျိုးစိတ်လေးတွေဟာ ဒီဖက်ခေတ်ပိုင်းမှာတော့ သူတို့ရဲ့ personality လေးတွေကြောင့် family dog အနေနဲ့ popular ဖြစ်လာကျပါတယ်။ Non-Sporting ခွေးမျိုးစိတ်လေးတွေမှာ အရွယ်အစားမျိုးစုံ၊ အမွေးတို၊ရှည် မျိုးစုံ၊ အသွင်အပြင်မျိုးစုံ၊ personality မျိုးစုံ မတူညီကွဲပြားကြပါတယ်။ အလားတူ မတူည်ီသော် background မျိုးစုံက လာတဲ့ စိတ်ဝင်စားစရာ မျိုးစိတ်လေးတွေပါ။ Sturdy အဖြစ်ဆုံး၊ အကြမ်းဆုံ Chow Chow size မှ အစအသေးဆုံး French Bulldog အထိရှိသလို မြေခွေးရုပ်ထွက်ဖြစ်သော် Keeshond မျိုးတွေအထိ Non-Sporting မျိုးစိတ်တွေဟာ ကွဲပြားပါတယ်။ ဤမျိုးစိတ်ထဲရှိ ကလေးတော်တော်များများဟာ အိမ်အတွက်၊ မိသားစုအတွက်၊ သခင်အတွက် တာဝန်သိ၊ တာဝန်ကျေပွန်ကြတဲ့ watchdog, guarddog ကောင်းလေးများ ဖြစ်ကြပါတယ်။
Non-Sporting Group ထဲရှိ Top Breeds တွေ
Bichons Friar
Boston Terriers
Bulldogs
Chinese Shar-Pei
Chow Chows
Dalmatians
French Bulldogs
Keeshond
Lhasa Apsos
Poodles
Shiba Inus
Tibetan Terriers
ပုံထဲမှာပြထားတာကတော့ ဂျပန်က နာမည်ကြီးမျိုးစိတ်လေး ဖြစ်တဲ့ Shiba Inu မျိုးစိတ်လေးဖြစ်ပါတယ်။

(၄) The Sporting group
ခုနှစ် ၁၆၀၀ ကနေစပြီး အမဲလိုက်မုဆိုးတွေရဲ့
အကောင်းဆုံး လက်ရုံးတော်လေးတွေဖြစ်ခဲ့၊ ဖြစ်နေ၊ ဖြစ်ဆဲ ခွေးမျိုးစိတ်လေးတြွေဖစ်ပါတယ်။ Proper training ပေးထားခံရမယ့် သူတို့လေးတွေဟာ မုဆိုးတွေကို သားကောင်ရှာပေးခြင်း၊ သားကောင် အချက်ပြပေးခြင်း၊ သားကောင်တွေကိုထောင်ချောက်ထဲ ရောက်အောင်မောင်းပေးခြင်း၊ သားကောင်ကို သွားကောက်ပေးခြင်း၊ သားကောင်ထွက်မပြေးနိုင်အောင် တားဆီးပေးခြင်း (finding, pointing, flushing, holding and retrieving game) စသည့် တာဝန်များကို သခင်မုဆိုးအတွက် လွန်စွာ ကျေပွန်စွာ ထမ်းဆောင်နိုင်သူလေးတြွေဖစ်ပါတယ်။ သင်တို့ အိမ်က ချစ်စဖွယ် Golden Retriever လေးတွေဟာလည်း ဒီ Sporting Group ထဲက ကလေးတွေဘဲ ဖြစ်ပါတယ်။ သူတို့လေးတွေရဲ့ မမိတ်မသုန်သော သစ္စာတရား ရှိမှု၊ ထူးခြားပြောင်မြောက်သော လေ့ကျင့်သင်ကြားပေးနှိုင်မှု တို့ကြောင့် ခွေးချစ်သော မိသားစု များကြားတွင် လွန်စွာ နာမည်ကြ်ီးကြသော breed လေးတြွေဖစ်ပါတယ်။ မုဆိုးများအတွက် အလုပ်လုပ်ပေးနိုင်ရုံသာ မက Therapy dog, မသန်စွမ်းတွေ အတွက် Assistance dog, ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများအတွက် Search and rescue dog အနေ နဲ့ပါ လူ့အကျိုးပြု လုပ်ငန်းတွေပါ လုပ်ဆောင် နိုင်တဲ့ ခွေးကလေးတြွေဖစ်ပါတယ်။ ကျန်းမာ ဖြတ်လတ် ပြီး အမြဲတမ်း active ဖြစ်နေတဲ့ သူတို့လေးတွေရဲ့ ပင်ကို သဘောကောင်းစိတ်နေသဘောထားပိုင်ရှင် များ ဖြစ်ရုံသာမက သခင်နှင့် ဘာ activities ပဲလုပ်လုပ် စိတ်အားထက်သန်သော attitude ပိုင်ရှင်လေးတွေပါ။ အဲ့ လို အကျင့်လေးတွေရှိကြတဲ့အတွက် သူတို့ဟာ ပုံမှန်ထက်ပိုသော လေ့ကျင့်ခန်းလေးတွေတကို သူတို့လေးတွေ စိတ်ကော ကိုယ်ကော ကျန်းကျန်းမာမာဖြစ်စေဖို့အတွက် လိုအပ်ပါတယ်။
Sporting group မှ Top breed များ
Brittanys
Chesapeake Bay Retrievers
Cocker Spaniels (American)
English Cocker Spaniels
English Springer Spaniels
German Shorthaired Pointers
German Wirehaired Pointers
Golden Retrievers
Gordon Setters
Irish Setters
Labrador Retrievers
Vizslas
Weimaraners
Wirehaired Pointing Griffons
ပုံကတော့ အားလုံး အချစ်တော် Golden Retriever လေးဖြစ်ပါတယ်။

(၅) Terrier Group
ဒီမျိုးစိတ်ကတော့ မြန်မာပြည်မှာ လူတိုင်းကြားဖူးတဲ့ မျိုးစိတ်ပါ။ လက်တင်စကားလုံး ဖြစ်တဲ့ "Terra" က ဆင်းသက်လာတာ ဖြစ်ပြီး စကားလုံး အဓိပ္ပါယ်ကတော့ "Earth" , မြေကြီး "မြေကြီး၊ လေ၊ ရေ၊ မီး စသည့် ဓါတ်ကြီးလေးပါးမှ မြေကြီး" လို့ အဓိပ္ပါယ် ဖွင့်ဆိုပါတယ်။ ဒါ့ကြောင့်မို့ "Terrier" မျိုးစိတ်ခွေးလေးတွေဟာ မြေဓါတ် ကို ကြိုက်တဲ့ ခွေးလေးတြွေဖစ်ပါတယ်။ ထို မြေတူးခွေးလေးတွေ အတွက် မြေကြီးထဲမှာ နေတတ်ကြတဲ့ မြွေပါ၊ ခွေးတူဝက်တူ၊ ကြွက် ၊ ရှ ဉ့်၊ ဖျံ စသည့် တိရိစ္ဆာန်များဟာ သူတို့ အတွက် ရန်သူများဖြစ်ပါတယ်။ ဒီ တယ်ရီယာ ခွေးမျိုးစိတ်လေးတွေဟာ ရာစုနှစ်ချီကြာအောင် ခွန်အားကြီးမားပြီး စိတ်ဓာတ်ခိုင်မာ ပြတ်သားသော မျိုးစိတ်တြွေဖစ်အောင် သေချာစီစစ်ကာ မျိုးဖောက်ခဲ့ကြခြင်းဖြစ်ပါတယ်။
အချို့သော Terrier လေးတွေမှာတော့ ကွဲပြားသော double အမွေး ကုတ်တွေရှိပြီး Groomingအတွက် အထူးဂရုပြု ရန်လိုအပ်သော undercoat နှင့် wiry jacket များပါဝင်ပါတယ်။ တစ်ချို့ ခွေးလေးတွေမှာတော့ သူတို့ ရဲ့ ထူးခြားသော အသွင်အပြင်များ ကြောင့် Grooming လုပ်ရာတွင် လက်ဖြင့် လုပ်မှ အဆင်ပြေမည် ဖြစ်သောကြောင့် အချိန်တော့ ပေးရပါမယ်။
Terrier group မှ Top Breed များ
Airedale Terriers
American Staffordshire Terriers
Border Terriers
Bull Terriers
Cairn Terriers
Miniature Schnauzers
Norwich Terriers
Parson Russell Terriers
Scottish Terriers
Soft Coated Wheaten Terriers
Staffordshire Bull Terriers
West Highland White Terriers
Wire Fox Terriers
ပုံမှာ ပြထားတာတော့ American Staffordshire Terrier ဖြစ်ပါတယ်။

(၆) The Toy Group
အကယ်၍ သင်ဟာ small package ထဲမှ ခွေးအမျိုးအစားစွာကို ရှာဖွေသူဖြစ်ပါက ဒီ Toy မျိုးစိတ်လေးတွေဟာ သင့်အတွက် ဖြစ်ကောင်း ဖြစ်ပါ လိမ့်မည်။ ဤ မျိုးစိတ်ထဲမှ အရုပ် ဆိုတဲ့ စကားလုံး ဟာ ခွေးလေးတွေ (သူတို့ကမှ တကယ့် ခွေးသေး လေးတွေပါ) ရဲ့ အရွယ်အစား ကြောင့် အရုပ်ခွေး လို့ သတ်မှတ်ထားကြတာပါ။ သို့သော် သူတို့ရဲ့ strong ဖြစ်သော စိတ်ဓာတ် နဲ့ personality များ ကြောင့် တစ်ခါတစ်ရံ ခွေးအကြီးမျိုး တွေ အပြင် ကောင်းမွန်စွာ လေ့ကျင့်ထားခြင်း မရှိပါက လူတွေအပေါ်မှာ တောင် လွှမ်းမိုးနိုင်ကြပါတယ်။ အများစုမှာ တယ်ရီယာ နှင့် spaniels မျိုး တို့မှ ဆင်းသက်လာကြပြီး သူတို့လေးတွေ တော်တော်များများဟာ အကောင်းဆုံး lapdogs လေးများ ဖြစ်သည့် အပြင် သင့် အတွက် royal အဖော်ကောင်းလေးတွေ ဖြစ်ကြမှာပါ။ အရွယ်သာသေးတာ အကောင်သေး အသံကျယ်လေးတွေ ပါ။ တိုက်ခန်းကျဉ်းတွေမှာ နေသူတွေအတွက် အထူးသင့်တော်ပါတယ်။
Toy group မှ Top breed များ
Cavalier King Charles Spaniels
Chihuahuas
Chinese Cresteds
Havanese
Italian Greyhounds
Japanese Chin
Maltese
Miniature Pinschers
Papillons
Pekingese
Pomeranians
Pugs
Shih Tzu
Silky Terriers
Toy Fox Terriers
Yorkshire Terriers
ပုံမှာပြထားတာကတော့ ခွေးမျိုးစိတ်လေးတွေများထဲမှ mean အဖြစ်ဆုံး မျိုးစိတ်လေး Chihuahua ဖြစ်ပါတယ်

(၇) The working group
လက်ရှိ domestic ခွေးမျိုးစိတ် အားလုံးဟာ တစ်ချိန် က လူသား မျိုးနွယ်တွေအတွက် အစေခံရန် ရည်ရွယ် ချက်ဖြင့် မျိုးစပ် မွေးဖွားပေး ခံခဲ့ရတာ ဖြစ်ပါတယ်။ နိုင်ငံ တိုင်း တွင် breed တွေကို hunter dog, draft dog, guardian dog စသည့် မတူညီသော် breed များ ဖြစ်စေရန် ဖန်တီးခဲ့ ကြ ဖန်တီး နေကြတုန်း ဖြစ်ပါတယ်။
ဒီ working group ဝင်ခွေးလေးတွေဟာ လည်း ထို ရည်ရွယ်ချက် များဖြင့် တည်ရှိနေကြသော် breed လေးတွေ ဖြစ်ပါတယ်။ သူတို့ တွေရဲ့ အရွယ်အစားတွေ ဟာ large to medium အရွယ်အစားရှိ ခွေးကြီး မျိုးတြွေဖစ်ပါတယ်။ သင်ရတာ လွယ်ကူတယ်၊ ပါးနပ်တယ်၊ သန်မာတယ်၊ သူနေထိုင်ရာ ပတ်ဝန်းကျင် အတွက် awareness အရမ်းရှိတယ်၊ ပြီးတော့ အရမ်း alert ဖြစ်ကြတဲ့ ကလေးတြွေဖစ်ပါတယ်။ ကိုယ့်သခင် မိသားစု၊ ကိုယ့် သခင် ပိုင်ဆိုင်မှုပစ္စည်းတွေ၊ ကိုယ့် သခင် အိမ်တွေ ကို ကာကွယ်စောင့်ရှောက်ရမယ် ဆိုတဲ့ စိတ်ဓာတ် တွေဟာ ထို working dog မျိုးစိတ်လေးတွေရဲ့ မွေးရာပါ ပင်ကို ဗီဇ စိတ်ဓာတ်လေးတွေပါ။ ဥပမာ အားဖြစ် Doberman Pinscher, Rottweilers, ကာနီကော်ဆို၊ Great Dane စသည့် မျိုးစိတ်တွေဟာ working dog မျိုးစိတ် ဝင်တြွေဖစ်ပါတယ်။ ခြံနှင့်ဝင်းနှင့် နေထိုင်သူတွေ အတွက် အထူး သင့်တော်ပါတယ်။ သူတို့ အရွယ်အစား နှင့် သူတို့ရဲ့ ပင်ကို protective ဖြစ်တတ်တဲ့ ဗီဇတွေကြောင့် သူတို့ ကို မွေးမြူမယ် ဆိုပါက ကောင်းမွန် မှန်ကန်စွာ လေ့ကျင့်သင်ကြား ဆက်ဆံရမည် ဖြစ်ပြီး first time dog owner တွေ အတွက် မသင့်တော်ပါ။
Working dog မှ Top Breeds များ
Akitas
Alaskan Malamutes
Bernese Mountain Dogs
Boxers
Bullmastiffs
Cane Corsos
Doberman Pinschers
Dogues de Bordeaux
Giant Schnauzers
Great Danes
Great Pyrenees
Greater Swiss Mountain Dogs
Leonbergers
Mastiffs
Newfoundlands
Portuguese Water Dogs
Rottweilers
Saint Bernards
Samoyeds
Siberian Huskies
Standard Schnauzers
Dogo Argentino တွေကတော့ pack hunting dog breed တွေဖြစ်ပါတယ်။
ပုံမှာ ပြထားတာကတော့ အီတလီခွေးမျိုးဖြစ်တဲ့ Cane Corso ပါ။
Thank you for reading!
Sharing is caring!
Comments