top of page

နာမည်ကြီး တိုက်ခိုက်ရေး ခွေး ၁၅ မျိုး

  • Writer: Diva The Bully
    Diva The Bully
  • Apr 20, 2022
  • 4 min read

Dog fighting ဆိုသည်မှာ ရက်စက်ကြမ်းကြုတ်သော သွေးထွက်သံယို တိရိစ္ဆာန် အားကစား နည်းတစ်ခု ဖြစ်ပြီး ခွေး‌များ ကို အလွန်တရာ တင်းကြပ်သော schedule ဖြင့် အစာကျွေးခြင်း၊ ပြင်းထန်လွန်းသော စိတ်ပိုင်းဆိုင်ရာ နှင့် ရုပ်ပိုင်းဆိုင်ရာ training များ ဖြင့် လေ့ကျင့်ပြီး ကစားပွဲ တွင် အနိုင်ရရှိသော Canine (ခွေး) ၏ ပိုင်ရှင်မှ ဆုကြေး ပိုက်ဆံ (သို့) လောင်းကြေး ကို ရရှိကြပါတယ်။ တစ်ချို့သော ခွေးမျိုး စိတ်လေးတွေ ဟာ ဒီ ကစားနည်း အတွက် အထူးမျိုးစပ် မွေးမြူကြပြီး ၊ တိုက်ပွဲ၀င် ခွေးမျိုးစိပ်အများ စုမှာ တောင့်တင်းကျစ်လစ်သော ကိုယ်ခန္ဓာ၊ ခိုင်ခံ့သော မေးရိုး၊ ပြင်းထန်လှသော ကိုက်စွမ်းအား များစွာရှိကြပါတယ်။

မည်သို့ပင် ဒီ blood sport မှာ ပါနိုင်တဲ့ မျိုးစိတ်တွေ ကို သင်ကြိုတင် သိရှိနိုင်သော်လည်း၊ canine လောကမှာ လူကြိုက်များ နေတဲ့ မျိုးစိတ်တွေလည်း ပါ၀င်နေတဲ့ အတွက် you gonna be surprised.


Dogfighting goes back centuries...


ယနေ့၊ ဖွံဖြိုးပြီး နိုင်ငံ အများစုမှာ Dog fighting sport သည် တရားမ၀င် ပွဲအဖြစ် သတ်မှတ်ခံရပြီး ခွေးပိုင်ရှင်များ အတွက် တိရိစ္ဆာန် အပေါ် ရက်စက်ကြမ်းကြုတ်မှု ဥပဒေဖြင့် ကြီးမားသောပြစ်ဒဏ်များနှင့် ထောင်ဒဏ်များ ချမှတ်ကြပါတယ်။ ဒါပေမယ့် တစ်ချို့ တရား၀င် ဥပဒေဖြင့် ခွင့်ပြုထားတဲ့ နိုင်ငံ တွေမှာတော့ dog fighting ကို အမျိုးအစား ၃ မျိုးခွဲခြားထားပါတယ်။

  • Professional

  • Amateur

  • Street fighting

Russian Federation အုပ်ချုပ်သည့် ဒေသများ နှင့် ဂျပန် နိုင်ငံ တွင် Dog fighting သည် တရား၀င်ဖြစ်ပြီး အချို့ လက်တင်အမေရိက၊ ပါကစ္စတန်၊ နှင့် အချို့ ဥရောပ နိုင်ငံ များ တွင် တရားမ၀င်ဖြစ်သော်လည်း အာဏာပိုင်များက မျက်ကွယ် ပြုထားကြဆဲဖြစ်ပါတယ်။

Dog fighting အားကစား နည်း ကို အစပြုခဲ့တာကတော့ အမြဲ စစ်သွေးကြွ နေတဲ့ ရောမလူမျိုး တွေဖြစ်ပြီး ရှေးခေတ် Gladiator စတိုင် Pit ထဲတွင် ခွေးနှစ်ကောင် ပစ်ထည့်ကာ အချင်းချင်း သတ်ခိုင်း တဲ့ ပုံစံဖြင့် စတင်ခဲ့ပါတယ်။ တိုက်ပွဲက ဘယ်အချိန်အဆုံးသတ်လဲ ဆိုတော့ ခွေးတစ်ကောင် သေဆုံးချိန်၊ ဆက်မတိုက်နိုင်တော့ဘဲ ကွင်းထဲမှထွက်ပြေးချိန်၊ ကိုက်ရာကုတ်ယာတွေမခံနိုင်တော့သည့်အချိန်များတွင် အဖြေထွက် အဆုံးသတ်ပါတယ်။ ရှုံနိမ့်သွားတဲ့ ခွေးတွေ အနေ နဲ့ ပစ်သတ်ခံ၊ နှိပ်စက်ညင်းပန်းခံ သို့ ပြင်းပြင်းထန်ထန် ရိုက်နှက်ခံကြရပါတယ်။


Dog Fighting Business အခြား ‌ဖျော်ဖြေရေး ရှုထောင့်ကနေဖြင့် Dog fighting အားကစား ကိုကြည့်ရင် ဒီ အားကစား ကိုအခြေပြုကာ ငွေကြေးအမြောက်အများ စီးဆင်းနေကြတဲ့ စီးပွားရေးတွေ ကို တွေ့ရှိရပြီး (They also make a lot of money). ၀င်ကြေးအခကြေးငွေ နဲ့ ပြိုင်ပွဲတွေလုပ်တယ်၊ ကြော်ငြာတွေ ရတယ်၊ တိုက်ပွဲခွေးမျိုးစိတ်သီးသန့် သားစပ် စီးပွားရေးတွေ ရှိတယ်၊ နောက်ပြီး ပိုက်ဆံ အရကြမ်းတဲ့ မြင်းလောင်းပွဲ၊ လူနပန်းပွဲတွေ လိုမျိုး ခွေးတစ်ကောင်ခြင်းစီအပေါ် လောင်းကြေးထပ်ကာ Dog fighting gambling business များပါ ရှိကြပါတယ်။ ကံကောင်းအားစွာဖြင့် ယနေ့ လူ့ဘောင်အဖွဲ့အစည်း များတွင်တော့ ခွေးနှစ်ကောင် အခြင်းခြင်း ကိုက်သတ်နေတာ ကို ဖျော်ဖြေ ရေးအနေ ဖြင့် ကြည့်ရှုခြင်းသည် စက်ဆုပ်ဖွယ် အယူအဆ သာဖြစ်သည်ဟု ခံယူကြပါတယ်။


A Fighting Dog in history


ရှေးရောမခေတ်၊ ပထမကမ္ဘာစစ်၊ ဒုတိယ ကမ္ဘာစစ် ကာလများ တွင်

Dog Fighting အမျိုးအစား ခွေးဆိုလျှင်

  • Tibetan Mastiff

  • Great Dane

  • Saint Bernard

  • Danish Mastiff

  • Newfoundland

စသည့် အမျိုးအစား ၅ မျိုးသာရှိ ခဲ့ပြီး ထိုခေတ်အခါက Fighting Dog ဆိုရင် အရွယ်အစားကြီးရမယ်၊ သန်မာ တဲ့ body ရှိရမယ်၊မေးရိုးကြမ်းရမယ်၊ ဟောင်သံကျယ်ရမယ် စတဲ့ အချက်များ ဖြင့် ရွေးချယ်ကြပြီး ယနေ့ခေတ် Fighting Dog များ ကတော့ အလယ်အလတ် အရွယ်အစား၊ ဖျတ်လတ်သန်မာ ပြီး မြန်ဆန် တဲ့ အချက်များကိုသာ အလေးထားကြပါတယ်။

Dog fighting တွင် Bait Animal Fighting ဆိုသည့် တိရိစ္ဆာန် တစ်ကောင် ကို တိုင်တွင်ကြိုးချည်၍ ခွေး ကို ကြိုးအလွတ်ဖြင့် တိုက်ခိုက် ခိုင်းတဲ့ ရက်စက်သော နည်း လဲရှိပါတယ်။ Bait Animal Fighting ကိုတော့ တိုက်ခိုက်ရေး ခွေးရဲ့ သန်မာမှု တိုက်ရည်ခိုက်ရည် ကို စမ်းသပ်ရာများ တွင် သုံးကြပါတယ်။

ဒီလောက်ဆို International Dog fighting လောက ကို အနည်းငယ်ပြောပြီးပြီဆိုတော့ ယနေ့ Popular Fighting Dog တွေ ကို အစဉ်လိုက် ကြည့်လိုက်ပါ။


၁. American Pit Bull Terrier

အများထင်ကြတဲ့အတိုင်း Top 15 Fighting Dog စာရင်း ထိပ်ဆုံးမှာရှိတဲ့ အထင်ရှားဆုံး American Pit Bull Terrier ဖြစ်ပါတယ်။ သူတို့ရဲ့ သန်မာကျစ်လစ်ပေါ့ပါး တဲ့ ကိုယ်ခန္ခာ၊ သန်မာသည့် ကိုက်အား၊ သစ္စာရှိမှု နှင့် နဂိုအခြား တိရိစ္ဆာန် များအပေါ်ရန်လိုသည့် ပင်ကို ဗီဇ များဖြင့် Professional Fighting Dog owner တို့၏ ထိပ်တန်း ဦးစားပေး ဖြစ်လာကြပါတယ်။


APBT ရဲ့ ပထမတန်းစား Fighting Trademark ကတော့ မဆုတ်မနစ် တိုက်ခိုက်ခြင်းဖြစ်ပြီး တိုက်ခိုက်ရာတွင် ဒဏ်ရာအကြီးအကျယ်ရပြီး သေလှနီးပါး အချိန်အထိ တိုက်ပွဲ တွင်းမှ ထွက်ပြေးမည့် မျိုးမဟုတ်ပါ။



၂. American Bulldog


ဒီမျိုးစိတ်ကတော့ ပင်ကိုဗီဇအားဖြင့် အခြားမည်သည့် တိရိစ္ဆာန် များ ဖြင့် proper social training မရှိပါ အဆင်မပြေတတ်ကြပါ။ အထူးသဖြင့် သူစိမ်း Same breed, same sex ဆိုပိုပြီး ရန်လိုကြပါတယ်။ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရာတွင် သူ့ body အားဖြင့် အတင်း၀င်လုံး တိုက်ခိုက် တတ်ကြပြီး နာမည်ကြီး fighting dog breed အနေ နဲ့ နာမည်ကြီးပါတယ်။







၃. Bull Terrier

Pit Bull မျိုးစိတ်အခွဲ ဆိုပြီး လူတွေထင်ကြပေမယ့် အခြား Pit Bull မျိုးစိတ်များနှင့်မတူ Bull Terrier ကို ရောမခေတ်ကာလများ ထဲမှ စတင်ပြီး တိုက်ခိုက်ရေးခွေး အဖြစ် မျိုးစပ်ခဲ့ ကြောင်း ရောမ သမိုင်း စာများ ထဲမှ တွေ့ရှိရပါတယ်။ တိုက်ခိုက်ရေး ခွေးဖြစ်သော်လည်း စိတ်နေသဘောထား ကတော့ အလွန်ကောင်းသော ခွေးမျိုးစိတ်ဖြစ်ပါတယ်။








4. Cane Corso

ဒီကောင်ကြီးတွေရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ရောမခေတ်များတွင် စစ်ပွဲများတွင် အများအပြား အသုံးပြု ခဲ့ကြတဲ့ မျိုးစိတ်တွေဖြစ်ပြီး သင့်အနေ့ဖြင့် အပြင်မှာ ပထဦး ဆုံးအကြိမ် Cane Corso ကို မြင်လိုက်ရုံ နဲ့ အကြောက်တရားတန်းရမှာပါ။

ကြီးမားတောင့်တင်းတော့ body ၊ ကိုက်အားပြင်းမေးရိုး၊ သန်မာသော တိုက်ခိုက်အား တွေကြောင့် တိုက်ခိုက်ရေး ကွင်းထဲမှာ ပြိုင်ဘက် ခွေးကို လွယ်ကူစွာ လွမ်းမိုး နိုင်မည့် မျိုးဖြစ်ပါတယ်။

ယနေ့ ခေတ်များတွင် Cane Corso များကို ရဲဘက်ဆိုင်ရာ၊ စစ်ဘက်ဆိုင်ရာ များတွင် အသုံးများလာကြပါတယ်။



5. Doberman


အမဲလိုက်ရန် နှင့် တိုက်ခိုက်ရေးအတွက် သီးသန့် မျိုးစပ် ထားတဲ့ ဒိုကြီးတွေဟာ သူတို့ရဲ့ အမောခံ နိုင်မှု နဲ့ ခံနိုင်ရည်အား တို့ကြောင့် တိုက်ခိုက်ရေးလောက တွင် နာမည်ကြီးပါတယ်။ အခြား တိုက်ခိုက်ရေးခွေးများ နှင့် ယှဉ်လိုက်ရင် slim ဖြစ်တယ် လို့ ထင်ရပေမယ့် သူတို့ရဲ့ aggressive ဖြစ်မှု နဲ့ သန်မာ သော ကိုက်အားကြီးတွေ ကြောင့် နာမည်ကြီးပါတယ်။

Doberman တွေဟာ သင်ကြားရအလွန်လွယ်ကူပြီး သခင်တွေ စိတ်ကြေနပ်အောင် နေထိုင်ပေးရတာ ကို နှစ်သက်ကြပါတယ်။




6. Rottweiler


Rottweiler များဟာ သေချာလေ့ကျင့်မှု မရှိဘဲ အရိုင်းဆန် နေလျှင် Pit Bulls နှင့် အခြား breed များ ထက် ပို၍ အန္တရာယ် များသော မျိုးစိတ်ဖြစ်ပါတယ်။ Rottweiler များဟာ အသုံးအများဆုံး fighting dog breed ဖြစ်ပြီး သူတို့ရဲ့ ခွန်အား၊ အပြင်းထန်ဆုံး ကိုက်အား နှင့် ရန်လိုတိုက်ခိုက် တတ်သော ဗီဇ နှင့် ABPT လိုမျိုး ဘယ်တော့မှ နောက်မဆုတ် သော စိတ်ထား များကြောင့် နာမည်ကြီးကြပါတယ်။






7. American Staffordshire Terrier


Amstaff များဟာ Pit Bull မျိုးစိတ်ကွဲ တစ်ခုဖြစ်ပြီး သူတို့ရဲ့ လျှင်မြန်မှု၊ တိုက်ခိုက်ရေးဆန်ဆန်လှုပ်ရှားမှု၊ အသေခံစိတ်ဓာတ်မှုများကြောင့် တစ်ချို့ တရားမ၀င် ခွေးသတ်ပွဲများ တွင် သုံးကြပါတယ်။ သေချာလေ့ကျင် ပျိုးထောင်ပေးမယ်ဆိုရင်တော့ Amstaff များဟာ လိမ္မာသော သစ္စာရှိအဖော်ကောင်း ခွေးတွေဖြစ်လာမှာ အသေအချာပါ။







8. Staffordshire Bull Terrier


England မှ ပေါက်ဖွားလာသော Staffy လို့ အတိုကောက်ခေါ်တဲ့ Pit Bull မျိုးစိတ်ကွဲတစ်ခုဖြစ်ပါတယ်။ သူတို့ရဲ့ ကျစ်ကျစ်လစ်လစ် ကိုယ်ခန္ဓာ တည်ဆောက်ပုံ နဲ့ လျှင်မြန်သော ထိုးစစ် တိုက်ခိုက်ပုံတွေကြောင့် လည်း နာမည်ကြီးပါတယ်။









၉. Kuchi

ရှားပါးခွေးမျိုး ဖြစ်တဲ့ Kuchi ခေါ် အာဖကန်သိုးထိန်း ခွေးသည် အာဖကန်နစ္စတန် နှင့် အလယ်ပိုင်းဒေသအချို့တွင် တိုက်ခိုက်ရေးခွေးအဖြစ် ထင်ရှားကြပါတယ်။

Kuchi တွေဟာ မူလက သခင်တွေ စောင့်ရှောက်ရန်အတွက် မျိုးစပ် ခဲ့တာဖြစ်သော်လည်ူ Kuchi တွေရဲ့ ပိုင်နက်ကျူးကျော်မခံသော မျိုးတွေဖြစ်ပြီး ကျူးကျော်သူ ကို အကြမ်းပတမ်း ထိုးနှက် တိုက်ခိုက်တတ်သော ဗီဇ တွေကြောင့် နောက်ပိုင်း အရှေ့အလယ်ပိုင်းဒေသ ခွေးတိုက်ပွဲတွေမှာ တွင်တွင်ကျယ်ကျယ် သုံးလာကြပါတယ်။


၁၀. German Shepherd


Popular list ထဲမှာ မဖြစ်မနေ ပါ၀င်မယ့် GSD တွေဟာ တိုက်ခိုက်ရေး ပိုင်းတွေမှာ လေ့ကျင့်သင်ကြား ပေးရအလွန် လွယ်ကူသော်ကြောင့် တစ်ချို့သော တိုက်ခိုက်ပွဲတွေမှာ သုံးကြပြီး ရဲဘက်စစ်ဘက်ဆိုင်ရာ operation များတွင်လည်း သုံးကြပါတယ်။ အသန်မာဆုံး အကြမ်းအခံ နိုင်ဆုံး မဟုတ်ပေမယ့် လည်း အကြမ်းဆုံး ကိုက်အား Top 5 ၀င်မျိုးဖြစ်ပြီး ပရိယယ် ကြွယ်၀ မှု ကိုတော့ လျော့တွက်လို့မရဘူး။








၁၁. Akita


Akita မျိုးကတော့ Fighter dog မျိုးဖြစ်ဖို့အတွက် မျိုးစပ်ခဲ့တာ တော့ မဟုတ်ပေမယ့် သူ့ရဲ့ ရန်သူကို ဦးစွာ တိုက်ခိုက် တတ်ပြီး၊ ပင်ကို aggressive ရှိမှု များကြောင့် အချို့သာ တိုက်ခိုက်ရေး ပွဲများတွင် Cane Corso တို့ Boerboel တို့လို့ အရွယ်အစား များ ကို ယှဉ် တိုက်ခိုက်ရန် အတွက် သုံးကြပါသေးတယ်။

ဂျပန် မှစတင်ပေါက်ဖွားလာတဲ့ Akita ဟာ ဂျပန် တော်၀င် အိမ်ယာတွေ ကို လုံခြုံရေး စောင့်ရှောက်ရန် အတွက် အသုံးပြုခဲ့ကြပြီး ယနေ့ခေတ် ၀က်ဝံ၊ တော၀က် တို့ အမဲလိုက်ရာတွင် လည်း အသုံးပြုကြသည်။



၁၂. Boerboel


သူ့ရဲ့ ကြီးမားသော အရွယ်အစား နဲ့ ခွန်အားကြောင့် တောင်အာဖရိက ခွေးတိုက်ပွဲများအကြား အရွေးများကာ တောင်အာဖရိက Mastiff လို့နာမည်ကြီးပါတယ်။

Boerboel မျိုးဟာ ကမ္ဘာပေါ်မှာ စွမ်းအား အကြီးဆုံး မျိုးများထဲမှ တစ်မျိုးဖြစ်တဲ့ အတွက် Top 15 ထဲပါတာမဆန်းပါဘူး။




၁၃. Tosa Inu


နောက်ရှားပါးမျိုး ဖြစ်တဲ့ ဂျပန်မျိုး Tosa Inu ဟာလည်း အလွန် aggressive ဖြစ်သော ဗီဇ နှင့် ကျွမ်းကျင်သော တိုက်ရည်ခိုက်ရည်ရှိသောကြောင့် အချို့ နာမည်ကြီး လောင်းကြေးကြီး ပွဲများ တွင် အရွေးများကြပါတယ်။
















၁၄. English Mastiff


ဒီ အင်္ဂလိပ် Mastiff မျိုးကြီးဟာ ယနေ့ခေတ် dog fighting ပွဲများ တွင် သိပ်မတွေ့ရသော်ငြားလည်း professional breeder လက်ထဲမှ English mastiff တစ်ကောင်သည် သတ်ကွင်း ထဲမှာ ပြိုင်ဘက်အပေါ်အလွန် လွမ်းမိုး တိုက်ခိုက် နိုင်သည်အထိ ကြောက်ဖို့ကောင်း လှပါတယ်။ ဒီ ဧရာမှ ခွေးကြီးတွေဟာ သူတို့ရဲ့ အဖြဲရုပ်ကြီးတွေ၊ ခွန်အားကြီးတွေကြောင့် နာမည်ကြီးပြီး သေသေချာချာ မိသားစု နဲ့ မွေးရင်တော့ အလွန် ငြိမ်ပြီး အိမ်မွေးခွေး လိုမျိုး မွေးမြူလို့ရပါတယ်။








၁၅. Dogo Argentino

အများမျော်လင့်ထားတဲ့ အတိုင်း Top 15 Popular fighting dog breed ထဲမှာ ‌နောက်ဆုံးပါ၀င်တာက တော့ လူကြိုက်များ ကြောက်စရာကောင်း တဲ့ ရုပ်ထွက် ကြီးနဲ့ Dogo Argentino ဖြစ်ပါတယ်။ အများအားဖြင့် တကိုယ်လုံး ဖြူဆွတ်နေပြီး၊ ကြီးမားကြံ့ခိုင်သော ကြွက်သား body ဖြင့်တည်ဆောက်ထားသော Dogo သည် Fighting pit ထဲတွင် ဘယ်တိရိစ္ဆာန် ကိုမဆို ကောင်းကောင်းကြီး ရန်ပြုနိုင်ပါတယ်။ ဒီမျိုးစိတ် ရဲ့ လျော့တိလျော့ရဲ့ လည်ပင်း အရည်ပြားကြောင့် တိုက်ခိုက်နေစဉ် တစ်ဖက် ခွေးအနေဖြင့် Dogo ကို ကိုက်ဆွဲချရန် မလွယ်ကူဘဲ Dogo ရဲ့ ပြင်းထန်သော ကိုက်အား၊ aggressive ဆန်ဆန် တိုက်ခိုက်မှုတွေ ကြောင့် ဒီ list ထဲရှိ ၁၅ မျိုးလုံးသော breed တွေအတွက် Dogo Argentino ဟာ ဆိုးရွားသော ပြိုင်ဘက် တစ်ကောင် ဖြစ်နေမှာ အသေအချာပါဘဲ။



Honorable Mention Breeds


အောက်တွင် ဖော်ပြထားသော Breed အချို့သည် ရံဖန်ရံခါ Fighting dog အနေဖြင့် သုံးကြပါတယ်။


  1. Akita Inu

  2. Neapolitan Mastiff

  3. Bully Kuta

  4. Can de Bou

  5. Fila Brasileiro

  6. Dogue de Bordeaux

  7. Gull Dong

  8. Presa Canario

  9. Jindo

  10. Gull Terrier

  11. Kangal

  12. Caucasian shepherd

  13. Shar pei

  14. Kerry Blue Terrier

  15. New guinea singing dog

  16. Spanish Mastiff


နိဂုံးချုပ်


ဒီ ပို့စ်ဟာ Dog Fighting သဘာ၀ ကို နားလည်စေလိုသော သဘောတရားဖြင့်သာ ရေးထားခြင်းဖြစ်ပြီး ခွေးသတ်ပွဲ ကို ဖျော်ဖြေရေး အနေဖြင့် ကြည့်ရှုခြင်းသည် လူသားမဆန်သော ကိစ္စဟု မှတ်ယူထားပါတယ်။ အချို့‌သော နိုင်ငံများတွင် ခွေးသတ်ပွဲတွေဂာ အလွန် ဘူကြိုက်များ ခေတ်စားပြီး ထို အရိုင်းဆန် တရားမ၀င် ပြိုင်ပွဲတွေ ဟာ ယနေ့ထိ တည်ရှိနေဆဲ ဆိုတာ စိတ်မကောင်းဖွယ် တွေ့ရှိရပါတယ်။

ရှေ့မှာ ဖော်ပြထားတဲ့ Breed တွေဟာ စတင်မွေးမြူတည်းက ကောင်းမွန်စွာ လေ့ကျင့်သင်ကြားပေးမယ်ဆိုရင် အလွန်တရာ အသုံး၀င် ချစ်ဖို့ကောင်းတဲ့ ကောင်ကြီးတွေဖြစ်လာမှာ အသေအချာပါဘဲ။


နောက်ဆုံး ပြောချင်တာကတော့။

"Fighting Dogs are only aggressive because of training and ownership, and when that isn't their life's task, they will make great pets"


အမေးအများဆုံး မေးခွန်းများ


ဘယ်ခွေးအမျိုးအစား က Pit Bull ကို နိုင် နိုင်မလဲ?

Rottweiler မျိုးတွေကတော့ Pit Bull ကို နိုင် နိုင်ခြေများပါတယ်။


ဘယ် ‌ခွေး အမျိုးအစားတွေ က ခြင်္သေ့ တွေကို သတ်နိုင်လဲ?

Rottweiler တွေက သတ်နိုင်ပါတယ်။ ထို့အတူ Wolf Dog, Boerboel, Fila Brasoleiro, Bloodhound, Rhodesian ridgeback, Neapolitan Mastiff နဲ့ Dogo Argentino တွေလည်း ခြသေ့် တွေ နဲ့ ယှဉ်ချ၊ ယှဉ်သတ်နိုင်ပါတယ်။


ဘယ်ခွေးအမျိုးအစားက မွေးမြူလို့ အခက်ဆုံးလဲ?

ကျွန်တော့် အနေ နဲ့ လေ့ကျင့်ပေးလို မလွယ်ကူ တဲ့ ခွေးကို မွေးရ ခက်တဲ့ ခွေးလို့ မှတ်ယူထားပါတယ်။

댓글


Post: Blog2 Post

+959452718466

©2022 by Myanmar K-9 Media. Proudly created with Wix.com

bottom of page