top of page

အချစ်တော်ခွေးတွေကို Raw Liver သေချာပေါက်ကျွေးသင့်တဲ့ အကြောင်းပြချက်(၇)ချက်

  • Writer: Diva The Bully
    Diva The Bully
  • Apr 10, 2022
  • 3 min read

Updated: Apr 12, 2022



မိတ်ဆွေတို့အနေနဲ့ ကိုယ့်ရဲ့အချစ်တော် အိမ်မွေးခွေးကို Raw Meatတွေ ကျွေးလိုက်ရင် သူတို့အစာထဲကနေ လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်၊ fatty အက်ဆစ်နဲ့ လိုသမျှအကုန် ရသွားမလားဆိုတာ သိချင်ကြတယ်ဟုတ်??

ခွေးတစ်ကောင်ရဲ့ Dietထဲမှာ ထည့်ကျွေးမယ့် အသည်းအစိမ်းရဲ့ အရေးပါပုံအသေးစိတ်ကို အောက်ပါအတိုင်း ပြောပြပေးသွားပါမယ်။

သင့်ရဲ့ ခွေး(သို့)ကြောင်က အသည်းမကြိုက်ဘူးဆိုရင်တောင် စိတ်မပူလိုက်ပါနဲ့ဦး…ဒီစာရဲ့ အဆုံးသတ်အပိုင်းရောက်တဲ့အခါကျ မကြိုက်တတ်တဲ့ ဒီအကောင်လေးတွေကိုကျွေးလို့ရမယ့် Tips‌လေးတွေကို နည်းပေးလမ်းပြ လုပ်သွားမှာမလို့ပါပဲ…


Raw Liver ဘယ်လောက်များများ ကျွေးသင့်သလဲ?

သင့်ခွေးကို Raw Dietကျွေးဖို့အတွက် စာတွေလိုက်ဖတ်၊ Google ခေါက်လိုက်လေ့လာကြည့်ရင် Dietရဲ့ 10%လောက်အထိ Organတွေထည့်သွင်းကျွေးသင့်ပြီး Organ meat တွေရဲ့ တဝက်လောက်မှာ အသည်းတွေပါသင့်တယ်ဆိုတာကို တွေ့ရပါလိမ့်မယ်။

RAW LIVER ကျွေးခြင်းက ဘာကြောင့် အရေးပါတာလဲ?

အသည်းဟာ Body ထဲမှအဆိပ်အတောက်အရည်တွေကို စစ်ထုတ်ပေးတဲ့ အင်္ဂါအစိတ်အပိုင်းဖြစ်ပြီး ခွေးများအတွက် သဘာ၀ စွမ်းအားအကောင်းဆုံး အစားအစာတစ်ခု Superfood အဖြစ် သတ်မှတ်ထားကြပါတယ်။

အသည်းက ခွေးအတွက် ဘာလို့ သင့်တော်ကောင်းမွန်တာလဲ?

နွားကနေစလို့ ဘဲအထိ ရနိုင်သမျှ အသည်းတွေအားလုံးမှာ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေ မြင့်မားစွာ ပါဝင်ပါတယ်။ .

ခေတ်အဆက်ဆက်မှာ ကမ္ဘာတဝှမ်းက လူတွေဟာ အသည်းလို Organ Meatတွေကိုစားပြီး မျိုးပွားခြင်း၊ ကြီးထွားဖွံ့ဖြိုးခြင်း၊ စွမ်းအင်ကိုမြင့်မားစွာထိန်းသိမ်းထားနိုင်ခြင်းနဲ့ စိတ်ကျန်းမာရေးတို့မှာ အထောက်အကူဖြစ်တာကိုတွေ့ရပါတယ်။ တချို့လူမျိုးစုတွေရဲ့ ဓလေ့ထုံးစံမှာဆိုရင် အသည်းဟာ သိပ်ကို အဖိုးတန်တယ်လို့ သတ်မှတ်ထားတာကြောင့် လက်တွေနဲ့ ထိကိုင်တာမျိုးတောင် မလုပ်ကြပါဘူးတဲ့။ နှိုင်းယှဥ်ပြောရရင် အသည်းဟာ အခြားအစားအစာတွေထက် ပိုပြီး အာဟာရဓာတ်ကြွယ်ဝပါတယ်။

အသည်းကို ဓာတ်ခွဲကြည့်တဲ့အခါ ဗီတာမင်အေ၊ သံဓာတ်၊ ဗီတာမင်ဘီအုပ်စုဝင်တွေ(အထူးသဖြင့် B12)၊ ဖော့စဖါးရပ်စ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေ ပါဝင်နေတာကို တွေ့ရပါသတဲ့။ ကိုင်း…ခုဆိုရင် အသည်းဟာ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ ကမ္ဘာပေါ်မှာရှိတဲ့ အစားအစာတွေထဲက တစ်ခုအဖြစ် ဘာကြောင့် ပါဝင်နေသလဲဆိုတာကို ကျွန်တော် sharingလေး လုပ်သွားပေးပါမယ်။

သင့်ခွေးကို အသည်းစိမ်းကျွေးခြင်းဖြင့် ရရှိလာမယ့် အကျိုးကျေးဇူး (၇)ခု

အခြား အာဟာရဓာတ်မြင့်မားတဲ့ အစားအစာတွေနဲ့ အသည်းရဲ့ အာဟာရပါဝင်မှုကို ယှဥ်ကြည့်မယ်ဆိုရင် အသည်းတစ်အောင်စအလေးချိန်မှာတင် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြယ်ပိုးကြွယ်ဝပါဝင်တာကြောင့် အခြားအစာတွေထက် အသည်းက အပြတ်အသတ်သာလွန်တာကို မြင်တွေ့ရမှာပါ။


1. Raw Liverမှာ B12ပါဝင်တယ်

အသည်းကျွေးလိုက်လို့ ပထမဆုံးရမဲ့ အကျိုးကျေးဇူးကတော့ အသည်းထဲမှာ ပါဝင်မှုမြင့်မားတဲ့ B12ပဲ ဖြစ်ပါတယ်။ တကယ်တော့ အသည်းဟာ သင့်ခွေးအတွက် Vitamin B12ရစေမဲ့ အရင်းအမြစ်ကြီးတစ်ခုပါပဲ။ Vitamin B12ဟာ သွေးနီဥဖွဲ့စည်းရာမှာ အထောက်အကူပေးပြီး ဆဲလ်တွေရဲ့ လုပ်ငန်းဆောင်တာကို တိုးတက်စေပါတယ်။ ခွေးတွေရဲ့ အာရုံကြောအဖွဲ့အစည်း၊ ဇီဝရုပ်ဖြစ်ပျက်မှုဖြစ်စဥ်နဲ့ ဦး‌ဏှောက်ကျန်းမာရေးအတွက်ပါ B12ပါဝင်တဲ့ အသည်းကို ကျွေးပေးသင့်ပါတယ်။

သင့်ခွေးကို B12ကြွယ်ဝစွာပါဝင်တဲ့ အစာတွေကျွေးပေးခြင်းဟာ B12ချို့တဲ့မှုကြောင့် ဖြစ်နိုင်တဲ့ မောပန်းခြင်း၊ ကြွက်သားအားနည်းခြင်း၊ စိတ်ပိုင်းဆိုင်ရာ လျော့ရဲခြင်းနဲ့ ခံစားချက်ပြောင်းလဲလွယ်ခြင်းတို့ကိုပါ တားဆီးပေးရာ ရောက်ပါတယ်။


2. Raw Liverဆိုတာ Vitamin Aရဲ့ အရင်းအမြစ်တစ်ခုလဲ ဖြစ်ပါသေးတယ်

အသည်းမှာ Vitamin Aလဲ အများကြီးပါဝင်ပါသေးတယ်။ Vitamin Aဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အဆီဓာတ်တွေပျော်ဝင်နေတဲ့ ဗီတာမင်တစ်ခု ဖြစ်တာကြောင့် အမြင်အာရုံကောင်းခြင်း၊ မျက်စိကျန်းမာရေး၊ အရေပြားကျန်းမာရေး၊ သိုင်းရွိုက်ဂလန်းကျန်းမာရေး၊ အရိုးမာကျောမှု၊ မျိုးဗီဇထိန်းညှိခြင်း၊ ဆဲလ်အမျိုးခွဲခြင်းနဲ့ ကိုယ်ခံအားရဲ့ လုပ်ငန်းဆောင်တာတွေအထိ ဗီတာမင်အေကို လိုအပ်ပါတယ်။ ဒါ့အပြင် ဗီတာမင်အေဟာ ထိခိုက်မှုတွေကို တွန်းလှန်ပေးပြီး ထိခိုက်မှုကြောင့် ဖြစ်လာတဲ့ ရောင်ရမ်းခြင်းတွေကိုလဲ လျော့ကျအောင် လုပ်ပေးနိုင်ပါတယ်။

အသည်းကရတဲ့ ဗီတာမင်အေနဲ့ ပတ်သက်ပြီး ဒီထက်ပို အရေးကြီးတဲ့အချက်ကတော့ အသည်းကရတဲ့ ဗီတာမင်အေဟာ Retinolလို့‌ခေါ်တဲ့ အသင့်သုံးစွဲလို့ရတဲ့ အနေအထားမှာ ရှိနေတဲ့အချက်ပါပဲ။ အသည်းကရတဲ့ ဗီတာမင်အေဟာ အပင်ကရတဲ့ ဗီတာမင်အေလိုမျိုး အသင့်သုံးလို့ရတဲ့ အနေအထားရောက်အောင် ပြန်ပြောင်းနေစရာမလိုဘဲ ခန္ဓာကိုယ်က ချက်ချင်းသုံးစွဲနိုင်ပါတယ်။ သင့်အချစ်တော်ခွေးလေးကလဲ အသားစားသတ္တဝါအမျိုးအစားထဲ ပါတာကြောင့် အပင်ကရတဲ့ ဗီတာမင်အေကို အပြည့်အဝခြေဖျက်နိုင်မှာ မဟုတ်တော့ အပင်ကရမဲ့ ဗီတာမင်အေထက်စာရင် အသည်းကရတဲ့ ဗီတာမင်အေကိုသာ သုံးစွဲပြီး နေ့စဥ်dietအတွက် လိုအပ်တဲ့ Organ Meatကို အရယူနိုင်တာ ပိုကောင်းပါတယ်။

2. Raw Liver မှာ သံဓာတ်လဲ မြင့်မားစွာပါဝင်တယ်

တကယ်လို့ သင့်ခွေးက anemiaလို့ခေါ်တဲ့ သွေးနီဥကျဲပါးခြင်းဝေဒနာကို ခံစားနေရတယ်ဆိုရင်တော့ ဒါဟာ သံဓာတ်ချို့တဲ့မှုကြောင့် ဖြစ်ပါတယ်။ သံဓာတ်များများရအောင် ကျွေးဖို့အသင့်တော်ဆုံး အစားအစာတွေထဲက တစ်ခုကတော့ အသည်းပါပဲ။

အသည်းထဲမှာ ဖောလိတ်၊ သံဓာတ်နဲ့ B12တို့ အားကောင်းစွာ ပေါင်းစပ်ပါဝင်ပါတယ်။ ဒီသုံးမျိုးလုံးက သင့်ခွေးရဲ့ သွေးနီဥကျဲပါးမှုပြဿနာကို သဘာဝအတိုင်း ကျော်လွှားရာမှာ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပဲ ဖြစ်ပါတယ်။ ဒီသုံးမျိုးက အခြားရောဂါလက္ခဏာတွေဖြစ်တဲ့ အင်အားနည်းပါးခြင်း၊ မောပန်းခြင်းနဲ့ အာရုံကြောဆိုင်ရာပြဿနာတွေကို ကုသရာမှာပါ အသုံးဝင်ပါသေးတယ်။


3. အသည်းအစိမ်းထဲမှာ B6၊ ဘိုင်အိုတင်နဲ့ ဖောလိတ်တို့ ပါဝင်တယ်

အသည်းထဲမှာ Vitamin B12အပြင် B6၊ ဘိုင်အိုတင်နဲ့ ဖောလိတ်(B9)တို့လဲ မြင့်မားစွာ ပါဝင်ပါတယ်။

ဒီလိုပါဝင်တဲ့ ဗီတာမင် Bအုပ်စုဝင်တွေဟာ ဆဲလ်ရဲ့လုပ်ငန်းဆောင်တာတွေမှာ ကူညီပေးနိုင်ပါတယ်။ DNA formationပျက်သွားတာနဲ့ မရှေးမနှောင်းမှာ megaloblastic anemiaလို့ခေါ်တဲ့ သွေးနီဥကျဲပါးခြင်းရဲ့ နောက်ဆက်တွဲ လက္ခဏာတစ်ခုဝင်လာတတ်ပါတယ်။ ဒါဟာ ‌ဖောလိတ်လို့ခေါ်တဲ့ Vitamin B9ချို့တဲ့တာကြောင့် ဖြစ်လာတာဖြစ်ပြီး B9ကြွယ်ဝစွာပါဝင်တဲ့ အသည်းကိုစားပေးမယ်ဆိုရင် ဒီ‌ရောဂါလက္ခဏာကို တားဆီးပေးနိုင်ပါတယ်။


4. အသည်းအစိမ်းထဲမှာ ကော့ပါး၊ ဇင့်၊ ခရိုမီယမ်နဲ့ ဆယ်လီနီယမ်တို့လဲ ပါဝင်ပါသေးတယ်

အသည်းကနေ အခြားသော အာဟာရဓာတ်တွေဖြစ်တဲ့ ကော့ပါး၊ ဇင့်၊ ခရိုမီယမ်နဲ့ ဆယ်လီနီယမ်တို့ကိုလဲ ပမာဏ နည်းနည်းစီ ရနိုင်ပါသေးတယ်။ ဒီ အာဟာရဓာတ်တွေကတော့ ခွေးရဲ့ ဇီဝကမ္မဖြစ်ပျက်မှုဖြစ်စဥ်တွေ၊ ပင်မအာရုံကြောအဖွဲ့အစည်းနဲ့ ဂလန်းနဲ့ ဟော်မုန်းဆိုင်ရာ အဖွဲ့အစည်းတွေထိ အကျိုးသက်ရောက်မှုတွေ ရှိတတ်ပါတယ်။


5. အသည်းက ခွေးရဲ့ အသည်းလုပ်ငန်းဆောင်တာများ ကိုလဲ ကူညီပေးတယ်

အသည်းက အဆိပ်အတောက်တွေကင်းရဲ့လား? အသည်းဆိုတာ အဆိပ်တွေဘာတွေနဲ့ လုံးထွေးနေရတာပဲမလား? ဒါကိုကျွေးလိုက်ဖို့ သင့်တော်ပါ့မလား?? ဒီလိုတွေ တွေးမိနေပြီဆိုရင်တော့ ဆက်ပြီး ဖတ်ကြည့်ပေးပါဦး… တကယ်တော့ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို အသည်းက သန့်ရှင်းပေးပေမဲ့ အသည်းထဲမှာ သိုလှောင်ထားတာတော့ မဟုတ်ပါဘူး။ အသည်းက သွေးထဲမှာ ပါလာတဲ့ အညစ်အကြေးနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီးတော့ ခန္ဓာကိုယ်တွင်းမှာ သန့်သွားအောင် အကူအညီပေးပါတယ်။ ဒါ့အပြင် အသည်းဟာ ခန္ဓာကိုယ်တွင်းကို ဝင်လာတဲ့ ဆေးဝါးတွေနဲ့ ဟော်မုန်းတွေကို မြန်မြန်ဆန်ဆန် အာနိသင်ပြလာအောင် လုပ်ဆောင်ပေးနိုင်ပြီး သွေးတိတ်ခြင်းအတွက် လိုအပ်တဲ့ ပရိုတိန်းဓာတ်တွေကိုပါ ကူညီပွားများအောင် လုပ်ဆောင်ပေးပါသေးတယ်။

တကယ်တော့ ခွေးကို အသည်းအစိမ်းလိုက်ကျွေးလိုက်တာက ထိရောက်တဲ့ အသည်းသန့်ရှင်းရေး နည်းလမ်းတစ်ခုပါပဲ။ အထူးသဖြင့် raw dietရဲ့ ပမာဏခပ်များများလေးတစ်ခုအဖြစ် ကျွေးလိုက်နိုင်မယ်ဆိုရင် သင့်ခွေးရဲ့ ခန္ဓာကိုယ်နဲ့ အသည်းအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေအားလုံးကို ပေးလိုက်သလိုဖြစ်ပြီး သူတို့ရဲ့အသည်းကနေ အညစ်အကြေးတွေကို ဖယ်ရှားပစ်ဖို့ လုပ်ဆောင်ရာမှာ အကူအညီပေးပါတယ်။


6. Raw Liver က CoQ10ကိုလဲ ပေးသေးတယ်

နွားအသည်းနဲ့ နှလုံး နှစ်မျိုးလုံးဟာ CoQ10ကြွယ်ဝစွာပါဝင်တဲ့ အရင်းအမြစ်တွေ ဖြစ်ပါတယ်။ CoQ10က နှလုံးသွေးကြောနဲ့ သွေးကြောအဖွဲ့အစည်းတွေ၊ သက်လုံပိုကောင်းခြင်း၊ အရောင်လျော့ကျခြင်း နဲ့ အခြားအချက်များစွာနဲ့ ဆက်စပ်နေပါတယ်။ နွားအသည်းနဲ့ နှလုံးမှာ CoQ10ကို အများအပြားတွေ့ရှိရပါတယ်။

ခွေးရဲ့ခန္ဓာကိုယ်မှာ CoQ10 supplyက အသက်နဲ့အမျှ လျော့နည်းလာတတ်တာကြောင့် သူတို့တွေ ကျန်းမာရေးကောင်းမွန်စေဖို့ raw liverကို မဖြစ်မနေ ကျွေးသင့်ပါတယ်။


7. ဘယ်အသည်းက အကောင်းဆုံးလဲ?

သတ္တဝါတစ်မျိုးချင်းစီမှာရှိတဲ့ အသည်းတွေမှာ ဂုဏ်သတ္တိတွေကွဲပြားနိုင်ပေမဲ့ အသည်းအားလုံးရဲ့ အစိတ်အပိုင်းအများစုကတော့ တူညီတဲ့ အာဟာရအကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်ပါတယ်။

ဒီအောက်မှာတော့ ကုန်စုံဆိုင်၊ မွေးမြူရေးခြံ၊ သားငါးဆိုင် နောက်ဆုံး အွန်လိုင်းကပဲ ဝယ်ဝယ် သင်ဝယ်လို့ရနိုင်မဲ့ အသည်းတွေအကြောင်း ရှင်းပြပေးထားပါတယ်။

ကြက်အသည်း – ကြက်အသည်းမှာ အရသာအပျော့ဆုံးပါဝင်တာကြောင့် သင့်ခွေးကို စကျွေးမယ်ဆိုရင် ကြက်အသည်းနဲ့ စမ်းပြီး စကျွေးသင့်ပါတယ်။ ကြက်အသည်းမှာ နွားအသည်းထက် အဆီဓာတ်၊ ‌ဖောလိတ်(B9)နဲ့ သံဓာတ်တို့ ပိုမိုပါဝင်ပါတယ်။

နွားအသည်း – ကြက်အသည်းနဲ့ နှိုင်းယှဥ်မယ်ဆိုရင် နွားအသည်းမှာ vitamin B12၊ vitamin B6၊ vitamin A၊ ဇင့်နဲ့ ဖောစဖားရပ်စ်တို့ အနည်းငယ်စီ ပိုမိုပါဝင်ပါတယ်။

ငါးအသည်း – ငါးအသည်း(ငါးတစ်ကောင်လုံးလို့ ပြောလဲ ရနိုင်တယ်)ဟာ omega-3 fatty acids၊ vitamin A၊ vitamin Dတို့ရဲ့ တကယ့်အရင်းအမြစ်ကြီးတစ်ခု ဖြစ်ပါတယ်။

သိုးကြီးအသည်း၊ သိုးပျိုအသည်း၊ ဆိတ်အသည်း၊ ဘဲအသည်း၊ ကြက်ဆင်အသည်း၊ ငန်းအသည်း၊ ယုန်အသည်းတွေလဲ ကျွေးလို့ရပါသေးတယ်။


GENERAL RAW LIVER NUTRITION FACTS

Raw Liver မှာ ယေဘုယျအားဖြင့် ပါဝင်သော အာဟာရအချက်အလက်များ

ကြက်အသည်းတစ်အောင်စမှာ အောက်ပါအတိုင်း ပါဝင်ပါတယ်…

မှတ်ချက်: ဖော်ပြမယ့် ကိန်းဂဏန်းတွေက စီးပွားဖြစ်မွေးမြူရေးကြက်တွေရဲ့ အသည်း‌တွေကနေ ရယူထားတာပါ။ အချက်အလက်တွေကို ဆက်လက်မပြောခင်မှာ ပြောချင်တာက သင်ကျွေးမဲ့ အသည်းရဲ့ အရည်အသွေးက အရေးကြီးတယ်ဆိုတဲ့ အချက်ပါပဲ။ ဒီကိန်းဂဏန်းတွေက မွေးမြူရေးကြက်တွေမှာ ပိုမိုမြင့်မားတတ်ပါတယ်။



Fat(အဆီဓာတ်)- 2g 
Vitamin B12- 6 micrograms 
Vitamin A- 4,076 IU 
Folate(B9)- 162 micrograms 
Vitamin B2 (riboflavin)- 6 milligrams 
Selenium(ဆယ်လီနီယမ်)- 23 milligrams 
Vitamin B5- 9 milligrams 
Iron- 6 milligrams 
Vitamin B3/niacin- 9 milligrams 
Vitamin B6- 2 milligrams 
Phosphorus- 125 milligrams 


ကွာလတီကောင်းတဲ့ အသည်းတွေကိုဝယ်ဖို့ ဘာလို့အရေးကြီးလဲ?

သင့်ခွေးမှာ အသည်းကနေရနိုင်မဲ့ အကျိုးကျေးဇူးတွေ အားလုံးရနိုင်ဖို့ဆိုတာ မှန်ကန်သင့်တော်တဲ့ အသည်းကို ရွေးချယ်‌ကျွေးနိုင်ဖို့က အဓိကကျပါတယ်။ ကျန်းမာရေးကောင်းတဲ့ သဘာဝအတိုင်းမွေးထားတဲ့ သတ္တဝါပဲ ဖြစ်ဖြစ်၊ သဘာဝအစာတွေ စနစ်တကျကျွေးထားတဲ့ မွေးမြူရေးသတ္တဝါဆီကပဲဖြစ်ဖြစ် သင့်တော်တဲ့အသည်းကို ရှာဖွေကျွေးသင့်ပါတယ်။ အကြံပေးချင်တာကတော့ စနစ်တကျမွေးမြူကျွေးမွေးထားခြင်းမရှိဘဲ တိရစ္ဆာန်မျိုးနဲ့ လိုက်ဖက်တဲ့ အစာမစားရတဲ့ သတ္တဝါတွေဆီက အသည်းတွေကို ကျွေးခြင်းကိုတော့ ရှောင်သင့်ပါတယ်။

အစာချေးများလွန်းတဲ့ ခွေးတွေကို RAW liverရအောင် ဘယ်လိုကျွေးမလဲ?

သင့်ခွေးက သင်ကျွေးထားတဲ့ အသည်းကို နှုတ်သီးနဲ့ထိုးဖယ်နေပြီဆိုရင်တော့ ဂရုတစိုက်လေ့ကျင့်ပေးဖို့လိုအပ်ပါတယ်။ သူ့ကို တခြားရွေးစရာတွေ မပေးထားပါနဲ့။ သင်ကျွေးတာကိုပဲ သူတို့စားရမယ်ဆိုတာ ရှင်းရှင်းလင်းလင်းပြောပြပါ။ တကယ်လို့အသည်းကို သူတို့မစားဘူးဆိုရင် အစာခွက်ထဲ တခြားဘာမှ ထပ်မထည့်ပေးဘဲ အသည်းကို နောက်တနပ်ကျရင် ကျွေးဖို့ ပြန်သိမ်းထားလိုက်ပါ။.

အသည်းက အရသာသိပ်ပြင်းတဲ့ အစာမဟုတ်တာကြောင့် သင်မကျွေးခင်မှာ ခဲထား(freezeလုပ်ထားဖို့) အဆင်ပြေပါတယ်။ ဒီလိုခဲထားလိုက်လို့လဲ အရသာက ပိုပြီးပြင်းထန်လာမှာ မဟုတ်ပါဘူး။

ခွေးရဲ့ အစာခြေစနစ် ကမောက်ကမ မဖြစ်အောင် raw liverကို သင့်ခွေးရဲ့ raw dietထဲ ဖြည်းဖြည်းချင်း ဖြည့်ထည့်ပေးသင့်ပါတယ်။ လုံးဝမလောသင့်ပါဘူး။ ဒါမှသာ အစာအိမ်နဲ့ Dietကိုက်ညီလာမှာ ဖြစ်ပါတယ်။


Sharing is caring!

Comments


Post: Blog2 Post

+959452718466

©2022 by Myanmar K-9 Media. Proudly created with Wix.com

bottom of page