top of page

What is "Pit Bull"?

  • Writer: Diva The Bully
    Diva The Bully
  • Apr 12, 2022
  • 2 min read

လေ့လာမိသလောက် Pit Bull type ခွေးလေးတွေအကြောင်း မျှဝေချင်ပါတယ်။ လေ့လာသူတစ်ယောက်ဆိုတော့ အမှားအယွင်း တစ်ချို့ နှင့် သဘောထားကွဲလွဲမှု အချို့ ပါ၀င်ကောင်းပါ၀င်နိုင်ပါတယ်။

ပထမဦး ဆုံး "Pit Bull" ဆိုတဲ့ အသုံးအနှုံးလေး အကြောင်း ပြောချင်ပါတယ်။ ဒီ အသုံးအနှုံးဟာ ယခင်ခေတ်တုန်း က နွားထီး (bull)တွေ ကို တွင်း အပိတ်၊ ကွင်း အပိတ် "pit" တွေထဲ ထည့်ပြီး မျှား ဖမ်းထဲ့ အခါ အသုံးပြု ခဲ့တဲ့ ခွေးလေးတွေ ကိုခေါ်တဲ့ နေရာမှာ သုံးနှုန်းခဲ့ကျပါတယ်။ တစ်ခြားခွေး မျိုးစိတ်တွေကိုလည်း ထို နွားထီး ဖမ်းပွဲတွေမှာ အသုံးပြုခဲ့ကျပေမယ့် လည်း ထို bully type မျိုးစိတ် ခွေးလေးတွေကိုသာ အသုံးများခဲ့ကြပါတယ်။

Baiting အလုပ်ခံ ခြင်းဟာ ဘယ်ခွေးမျိုးစိတ် မှာမှ မွေးကတည်းက မလုပ်တတ်ပါ။ တမင် training ပေးခံခဲ့ကြရတာဖြစ်ပါတယ်။


Classes of Pit Bull typed breed

"Pit Bull" ဆိုတာ breed မဟုတ်ပါဘူး။ အဲ့ဒီ့ "Pit Bull" ဆိုတဲ့ အသုံးအနှုန်း က ရုပ်ရည်သွင်ပြင် ဆင်တူ၊ character တွေတူ၊ အမူအကျင့်လေး တွေ တူတဲ့ (bulldog-type) ခွေးအမျိုးအစား တွေကို ခြုံငုံပြီး သုံးစွဲထားတာဖြစ်ပါတယ်။

Pitbull- အမျိုးအစား category အောက်မှာ American Pit Bull Terrier (APBT) တစ်မျိုးသာလျှင် တရား၀င် မှတ်ပုံတင် အသိအမှတ်ပြု "Pit Bull" ဆိုသော နာမည်ပါ၀င်သော Pitbull မျိုးစိပ် ဖြစ်ပြီး တစ်ခြားသော် ထူးခြားသော Pitbull မျိုးကွဲပေါင်း ၂၀ ကျော်ရှိပါသေးတယ်။ ယခု အခါ AKC/UKC standard အရ Terrier Group ၀င် modern pitbull မျိုးစိပ် (၄) မျိုးရှိပါတယ်။ American Pit Bull Terrier(APBT) ဆိုတဲ့ မျိုးကတော့ ကျန်တဲ့ Pit Bull သုံးမျိုးနဲ့ ယှဉ်ရင် အရပ်အရှည် ဆုံး နှင့် Athletic အဖြစ်ဆုံး မျိုးစိတ်ဖြစ်ပါတယ်။ American Staffordshire Terrier ဆိုရင်တော့ ABPT ထက် အနည်းငယ် ပို ပုပြီး ပို၍တုတ်တုတ်ခိုင်ခိုင်ရှိပါတယ်။ Staffordshire Bull Terrier ကတော့ ဤမျိုးစိတ်တွေထဲမှာ တော့ အသေးဆုံး မျိုးလေးဖြစ်ပါတယ်။ American Bully (American Bulldog နဲ့ မမှားစေလိုပါ) ကတော့ ဒီမျိုးစိတ် ထဲမှာ သူမတူဆန်းပြား တဲ့ မျိုးစိတ်ဖြစ်ပြီး classic Bulldog မျိုးနဲ့ ဆင်ပါတယ်။


History

သူတို့လေးတွေရဲ့ သမိုင်းကြောင်းကိုပြောရရင်တော့ Pitbull type ခွေးလေးတွေဟာ ၁၉ ရာစုအစောပိုင်း England မှာ စတင်ကာ bulldog နဲ့ terrier ခွေးတွေကို crossbreed ပေါင်းစပ် မျိုးပွားခဲ့ကြပါတယ်။ စတင်မျိုးစပ်ခဲ့ တဲ့ ရည်ရွယ်ချက်ကတော့ မွေးမြူရေးခြံတွေမှာ ကင်းစောင့်၊ သိုးမောင်း စတဲ့ အလုပ်များကို လုပ်ခိုင်းရန်အတွက်ဖြစ်ပါတယ်။ သို့သော် နောက်ပိုင်းတွင် သဘာ၀တရားကြီးက မရှုပ်ပဲ လူများက သာရှုပ်ခဲ့သောကြောင့် ဤခွေးမျိုးစိတ်လေးများသည် ကွဲရိုင်း ဖမ်းပွဲ၊ ခွေးတိုက်ပွဲ တွေမှာ ကံမကောင်းအကြောင်းမလှစွာ အသုံးခံခဲ့ရသည်။ 20ရာစု မှာတော့ ထို Pit Bull type ခွေးလေးတွေဟာ America တွင် အလျှင်အမြန် ရေပန်းစား လူကြိုက်များလာပြီး World war 1 နှင့် World war 2 တွင် စစ်မှုထမ်းကြော်ငြာတွေမှာပါ အသုံးပြုရလောက်သည်အထိ နာမည်ကြီးကာ America's dog ဟု ဂုဏ်ယူစွာ အမွေးခံကြရပါတယ်။ ယခုအခါ U.S ရှိအိမ်မွေးခွေးများ၏ ၂၀ ရာခိုင်နှုန်းဟာ Pit bull type ခွေးလေးတွေ နှင့် သူတို့နဲ့ စပ်ထားသော ခွေးမျိုးလေးတွေဖြစ်ကြောင်း မှတ်တမ်းတွေအရသိပါတယ်။ အကောင်းဆုံး Temperament မှတ်တမ်းများနှင့် ဤခွေးလေးတွေကို service dog, therapy dog များ ၊ ရဲဘက်ဆိုင်ရာ ခွေးများ နှင့် မိသားစု ခွေးလေးများ အဖြစ် မွေးမြူကြပါတယ်။ ယခုအခါ ထိုခွေးလေးများဟာ သူတို့ရဲ့ သစ္စာရှိမှု၊ လူတွေအပေါ်တွယ်တာ ချစ်ခင်မှု တို့ကြောင့် နာမည်ကောင်းများရလာပြီး ကမ္ဘာကျော် celebrity အချို့တောင် "Pit bull" ခွေးများကို သူတို့၏ ပြယုဒ် ဆန်ဆန် မွေးမြူလာကြသည်။


Life span

ကျန်းမာ တဲ့ "Pit Bull" လေးတွေဟာ အသက် ၁၃ နှစ်ကနေ ၁၅ နှစ်အထိ နေထိုင်နိုင်ကြပါတယ်။ သူတို့ နေထိုင်ရာ ပတ်၀န်းကျင် ကကောင်းမွန် မယ်။ သခင် တွေက ကောင်းမွန်တဲ့ diet တွေပေးတယ်၊ Physical နဲ့ mental လေ့ကျင့်ခန်းတွေ ပုံမှန် လုပ်ပေးမယ်ဆို ၁၅ နှစ်ထက်တောင် ပိုလို့နေထိုင်နိုင်ပါတယ်။


စိတ်နေသဘောထား

Pit Bull များဟာ နွားရိုင်း ဖမ်းပွဲ၊ ခွေးသတ်ပွဲများ တွင် တစ်ဖက် ရန်သူကို အနိုင်ရ ရန်သာ သူတို့ အစွမ်းကို ကြမ်းတမ်းပြကြတာပါ။ သူတို့ ရဲ့ စိတ်နေသဘောထား စစ်တမ်းများအရ Labrador Retriever လေးများပြီးရင် ဒုတိယ aggression မဖြစ်ဆုံး၊ မလိုအပ်ဘဲ panic မဖြစ်ဆုံး၊ လူတွေကို ကြောက်ပြီး ရှောင်ဖယ်ရှောင်ဖယ် မဖြစ်ဆုံး ခွေးလေးတွေပါ။ ထို ခွေးမျိုးစိတ်များ America သို့ စရောက်သောအခါ သူတို့လေးတွေဟာ သခင်တွေရဲ့ အချစ်တော် သစ္စာရှိ အဖော်မွန် ကောင်းလေးတွေ ဖြစ်လာပါတော့တယ်။ နောက်ပိုင်း သားဖောက်သူ၊သားစပ်သူများသည်ယခင်ကထက် ပို၍ နူးညံ့သိမ်မွေ့ပြီး အားကိုအားထားပြုရမည့် ခွေးများကိုသာ အားစိုက်ခဲ့ သောကြောင့် Pit Bull များ၏ ကြမ်းတမ်း ရက်စက်သည် ဟူသော် အယူအဆ များမှာ ကွယ်ပျောက်လာပြီ ဖြစ်သည်။ ယခုခေတ် Pit Bull များသည် သစ္စာရှိတယ်၊ အသိဉာဏ် မြင့်မားတယ်၊ လူတွေနဲ့ခင်ခင်မင်မင်နေတတ်တယ်၊ ပြီးတော့ သူ့သခင် နဲ့ အိမ်ကို စောင့်ရှောက်တတ်သူလေးတွေဖြစ်ပါတယ်။ ဘယ်လိုဘဲ Good Temperament ကောင်းတယ်ပြောပြော သူ့သခင် နဲ့ အိမ်ကို အန္တရာယ်ပြုလာမည် ဟု ထင်တာနဲ့ ထို အန္တရာယ်ကို အသေတဖန် ပြန်ဖြုတ်မည့် ကလေး တွေပါ။ သူတို့လေးတွေဟာ ငယ်ရွယ်စဉ်မှာ socialization training ကို သူတို့တွေ အသက်ကြီးလာလျင် မလိုအပ်ပဲ လူတွေ၊ အခြားတိရိစ္ဆာန်တွေအပေါ် aggressive မဖြစ်ဖို့အတွက် ပေးထားရန်လိုအပ်ပါတယ်။ မြင့်မားတဲ့ စွမ်းအင် level ကြောင့် အပြေး၊ တောင်တတ် ၊ agility training, jump training, စတဲ့ လေ့ကျင့်ခန်းများ လိုအပ်ပြီး သူတို့ကို မွေးမယ် ဆိုလျှင် ခွေးမွေးမှု အတွေ့အကြုံရှိ အသက် ၂၅ နှင့် ၄၄ ကြားအသက်အရွယ်များ မွေးလျှင် အကောင်းဆုံးဖြစ်ပါတယ်။



American Pitbull Terrier (APBT)


American Staffordshire Terrier


Staffordshire Bull Terrier


American Bully

Comments


Post: Blog2 Post

+959452718466

©2022 by Myanmar K-9 Media. Proudly created with Wix.com

bottom of page