German Shepherd Dog (သို့) Legendary k-9 ခွေးတစ်ကောင်
- Diva The Bully
- Apr 10, 2022
- 3 min read

About the Breed
စွယ်စုံသုံးလို့ရတဲ့ Guard Dog ခွေးအမျိုးအစားတွေထဲက အကောင်းဆုံးတစ်မျိုးဖြစ်တဲ့ German Shepherd Dogတွေရဲ့ အကြောင်းပေါ့ဗျာ…ဒီကောင်ကြီးတွေက အရွယ်အစားကြီးမားတယ်၊ ခန္ဓာကိုယ်ကို လိုသလို လှုပ်ရှားနိုင်တဲ့အပြင် ကြွက်သားအဖုဖုတွေကလဲ တကိုယ်လုံးအပြည့်ပေါ့ဗျာ။ အဲ ပြီးတော့ IQ မြင့်ပြီး ဉာဏ်ကလဲ ကောင်းသေးသကိုး။ ခွေးချစ်သူတွေ အထူးနှစ်သက်ကြတဲ့ တခြားအချက်တွေလဲ ရှိသေးတယ်… ဒီကောင်ကြီးတွေက သစ္စာရှိတယ်၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့အပြင် Confident ရှိရှိ တည်တည်ငြိမ်ငြိမ်လဲ နေတတ်ကြပါတယ်။
German Shepherd Dogတွေဟာ ပခုံးထိ (၂၆)လက်မထိ အမြင့် ရှိနိုင်ပါတယ်။ သူတို့ကို အပြင်ပန်းကနေ မြင်ရတဲ့ ပုံစံကိုက တင့်တင့်တယ်တယ်ရှိနေနိုင်ပါတယ်။ တနည်းပြောရရင် အထာကျတယ်ပေါ့ဗျာ။ ပင်ကိုအတိုင်းမြင်ရရင် မလှုပ်တလှုပ်နဲ့ သက်တောင့်သက်သာ ပုံစံရှိနေပေမဲ့ လိုအပ်လာရင် လျင်လျင်မြန်မြန် ပြေးနိုင် လှုပ်ရှားနိုင်တဲ့ ကောင်စားကြီးတွေပါပဲ။ German Shepherdတွေအနေနဲ့ canine royaltyရဲ့ ရှေ့တန်းမှာ ရောက်နေရတဲ့ အကြောင်းရင်းတွေ အများကြီး ရှိနေနိုင်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ သူတို့ရဲ့ ထင်ရှားတဲ့ အချက်တွေက ပင်ကိုစရိုက်တွေဖြစ်တဲ့ သစ္စာရှိမှု၊ ရဲစွမ်းသတ္တိ၊ ယုံကြည်မှု၊ ခိုင်းစေလာတဲ့ ကွန်မန်းတွေကို မှတ်မိနိုင်စွမ်းနဲ့ သူတို့ချစ်တဲ့သူတွေကို လိုလိုလားလားကာကွယ်ပေးချင်တဲ့ စိတ်လေးတွေရှိနေတယ်လို့ ဆိုကြပါတယ်။ German Shepherdတွေဟာ သိမ်မွေ့တဲ့ အိမ်မွေးတိရစ္ဆာန်တစ်ကောင် ဖြစ်နိုင်သလို အနားမှာ အမြဲရှိတဲ့ စောင့်ရှောက်သူအဖြစ်နဲ့လဲ မြင်ရနိုင်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ breedဗီဇအရ တခြားbreedတွေနဲ့ ရောရောနှောနှော မနေတတ်တာကြောင့် တခြားကောင်တွေနဲ့ ခဏချင်းခင်အောင် လုပ်ပေးလို့တော့ တော်ရုံကြိုးစားရုံနဲ့ မရပါဘူးနော်။

ဒီကောင်ကြီးတွေရဲ့ သမိုင်းကြောင်း
German herding dogs မျိုးရင်းတွေဟာ (၁၉)ရာစုနှောင်းပိုင်းကာလ မရောက်ခင်ကာလမှာ တစ်ဒေသနဲ့ တစ်ဒေသ မတူညီကြတဲ့ အမျိုးကွဲတွေအဖြစ် တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲလာရင်း German Shepherd Dog (Deutshe Schäferhund)တွေအဖြစ် ပြောင်းလဲ ဆင်းသက်လာခဲ့ကြပါတယ်။ ဒီတော့ ဘိုးဘေးတွေရဲ့ စောင့်ရှောက်တတ်တဲ့ ဗီဇက သွေးထဲမှာကို ပါဝင်နေခဲ့ပြီပေါ့ဗျာ။ .
(၁၈၀၀)ပြည့်နှစ်တွေရဲ့ နှောင်းပိုင်းကာလတွေမှာ ဂျာမန်မြင်းစီးတပ်ဗိုလ်တစ်ယောက်ဖြစ်တဲ့ Captain Max von Stephanitzဟာ ဂျာမန်သိုးထိန်းခွေးတွေရဲ့ အမျိုးကို ပိုပြီးအားကောင်းလာအောင် ဖန်တီးဖို့ ကြံတာကနေ ဒီဇာတ်လမ်းလေးစတယ်လို့ ပြောရပါမယ်။ ကပ္ပတိန်နဲ့ စိတ်တူကိုယ်တူလူတစုဟာ နိုင်ငံမြောက်ပိုင်းနဲ့ အလယ်ပိုင်းက ခွေးမျိုးစိတ်တွေကို ရောနှောမိအောင် သားစပ်လိုက်ကြပါတယ်။ အကျိုးဆက်ကတော့ ကျနော်တို့ ခုမြင်နေရတဲ့ German Shepherd Dog (GSD)တွေရဲ့ ဘိုးတော် ဘေးတော်ကြီးတွေ အထာကျကျ ထွက်လာတော့တာပေါ့ဗျာ။
Von Stephanitzကြီးဟာ GSDပိုင်ရှင်တွေအတွက် ကမ္ဘာ့ပထမဆုံး ခွေးပိုင်ရှင်ကလပ်ကိုလဲ သူများနဲ့ ပူးတွဲတည်ထောင်ခဲ့ပြီး ဒီbreedပိုကောင်းလာအောင် လုပ်ဖို့နဲ့ ပိုပြီး လူတွေစိတ်ဝင်စားလာစေဖို့ အချိန်(၃၅)နှစ်လောက် နှစ်မြုုပ်လုပ်ကိုင်ခဲ့ပါသတဲ့ဗျာ။ ဒီနေ့မှာတော့ GSDရဲ့ လိုက်လျောညီထွေရှိမှုကို ဆက်ပြောရမယ်ဆိုရင်…သူတို့ရဲ့ မူလအလုပ်ဖြစ်တဲ့ သိုးကျောင်းဖို့ဆိုတာကို မေ့လျော့နိုင်ရလောက်အောင် ပိုပြီး များသထက်များတဲ့ စေခိုင်းမှုတွေကို လုပ်ဆောင်ရင်း ပြောင်းလဲလာနိုင်ခဲ့ပါပြီ။ The GSD’s now-famous qualities—သူတို့ရဲ့ လက်ရှိအရည်အသွေးတွေကတော့ ဉာဏ်ရည်ဉာဏ်သွေးကောင်းမှု၊ ခန္ဓာကိုယ်ကို လိုသလို လှုပ်ရှားနိုင်မှု၊ အမြန်နှုန်း၊ သတိကောင်းမှုနဲ့ မြဲမြံစွာထိန်းကျောင်းနိုင်စွမ်းတွေက ရဲကျောင်းတစ်ခုကနေ သင်ပေးလိုက်တာမဟုတ်ဘဲ သိုးစားကျက်တစ်ခုကနေ စတင် အခြေပြုခဲ့တယ်လို့ပဲ ဆိုရပါမယ်။
(၁၉၀၀)ပြည့်နှစ်များမှာတော့ GSDတွေဟာ တိရစ္ဆာန်စွန့်စားခန်းရုပ်ရှင်တွေမှာ ပါဝင်လာတဲ့အထိ လူကြိုက်များ ရေပန်းစားလာခဲ့ပြီပေါ့ဗျာ။ GSDကတော့ German breedတွေထဲကပဲ ဖြစ်ပြီး Dachshundကတော့ ကမ္ဘာစစ်တွေရဲ့ အရှိန်နဲ့ ဂျာမန်ဆန့်ကျင်ရေး အမြင်တွေ အားကောင်းလာချိန်မှာ ပေါ်ပေါက်လာတဲ့ အခြားမျိုးစိတ်တစ်ခု ဖြစ်ပါတယ်။ ပထမကမ္ဘာစစ်ကာလ ဗြိတိန်မှာ ဒီbreedကို ဗြိတိသျှအကြိုက် နာမည်တစ်ခုဖြစ်တဲ့ Alsatianလို့လဲ ခေါ်ခဲ့ကြပါတယ်တဲ့ဗျာ။
ခေတ်သစ် မွေးမြူရေးစီမံခန့်ခွဲမှုတွေ တိုးတက်လာတဲ့အပြင် ခွေးနဲ့ အခြားတိရစ္ဆာန်တွေကို သိုးကျောင်း၊ ဆိတ်ကျောင်းအလုပ်တွေကနေ ခိုင်းစေမှုကို တားမြစ်လာကြတဲ့ နောက်မှာတော့ von Stephanitzကတော့ သူ့ရဲ့ breedတွေကို စံနမူနာထားရလောက်အောင် ကျွမ်းကျင်တဲ့ K-9 worker(စစ်ဘက်၊ ရဲဘက်သုံးခွေးအဖြစ်) အထာကျကျပဲ ပြောင်းပစ်လိုက်ပါတော့တယ်။ ခုဆိုရင် GSDတွေဟာ ကမ္ဘာတလွှားက စစ်ဘက်၊ ရဲဘက်ဆိုင်ရာ လုံခြုံရေးလုပ်ငန်းတွေအတွက် လူကြိုက်များတဲ့ legendary breedတစ်ခု အဖြစ် စံတစ်ခုအဖြစ် ရှိနေပါတယ်။

သင်သိပါသလား???
ဒီကောင်ကြီးတွေဟာ သစ္စာရှိမှု၊ ရဲစွမ်းသတ္တိ ရှိပြီး own survival အတွက် အစာရှာစုဆောင်းနိုင်စွမ်းရှိတဲ့အပြင် အထူးတာဝန်တွေကို ထမ်းဆောင်နိုင်ဖိ ကျင့်ပေးရတဲ့ လေ့ကျင့်ခန်းတွေကိုလဲ ကောင်းကောင်းကြီး တောင့်ခံထားနိုင်ကြပါတယ်။ သူတို့က ရန်လိုနေတာမျိုး မရှိပေမဲ့ ဗီဇအရတော့ ရဲရဲရင့်ရင့်နဲ့ တိုက်ခိုက်မယ့် ကောင်မျိုးကြီးတွေပါပဲ။
သူတို့ကို ရဲဘက်သုံးခွေး၊ ဝန်ဆောင်မှုပေးတဲ့ ခွေး၊ လှုပ်လှုပ်ရှားရှားလုပ်ငန်းတွေအတွက် အသုံးဝင်တဲ့ခွေး၊ နာခံမှုကို ပြသတဲ့ခွေး၊ သရုပ်ပြခွေးနဲ့ အစောင့်ခွေးတွေအဖြစ် အသုံးပြုတတ်ကြပါတယ်။ သူတို့ကို လေ့ကျင့်ပေးလို့ ရတဲ့အပြင် အလွန်အမင်းသစ္စာရှိပြီး စောင့်သိမှုလဲ ရှိတာကြောင့် ဘယ်နေရာအတွက်မဆို သူတို့အတွက် အံဝင်ခွင်ကျ ဖြစ်နေတော့တာပါပဲ။
GSDတွေဟာ အများမြင်ကွင်းနဲ့ မီဒီယာပေါ်မှာ အထာကျကျပေါ်လာခဲ့တာ ကြာခဲ့ပါပြီ။ ‘Rin Tin Tin’နဲ့ အခြား ရုပ်ရုပ်သရုပ်ဆောင် တဖြစ်လဲ GSDလေးတွေကြောင့် လူတွေက သူတို့ကို သေချာပေါက် မှတ်မိနေပါပြီ။ ဒီကောင်ကြီးတွေဟာ ရေပန်းအစားဆုံးနဲ့ အသိအမှတ်အပြုခံရဆုံး breedတွေထဲမှာ တစ်မျိုးအပါအဝင် ဖြစ်နေခဲ့ပါပြီ။
ပြီးတော့ ပြပွဲတွေ ဘာတွေမှာ ရှိုးပြတဲ့အခါကျရင်လဲ ဒီကောင်ကြီးတွေက အထာကျကျပဲ နောက်ခြေတစ်ဘက်ကို ကိုယ်အောက်ထည့်ထားပြီး ကျန်တဲ့တစ်ဘက်ကို ဆန့်ထုတ်ထားလို့ အကောင်းဆုံး Pose ပေးတတ်နေကြပါပြီ။ တကယ့်ကိုလေးနက်တဲ့အချက်ကတော့ ခုမှ လာပါတယ်…ဒီကောင်ကြီးတွေက လူတကာကိုခင်တွယ်တတ်တဲ့ မျိုးတွေတော့ မဟုတ်ပါဘူးနော်…တစ်ယောက်တည်းကိုပဲ သစ္စာရှိသူကိုရှာရခက်နေရင်တော့ GSDကိုသာ မွေးလိုက်ပါလို့ ဆိုရမလိုပါပဲ။ ဟုတ်ပါတယ်…သူတို့က သင့်တစ်ယောက်တည်းကိုပဲ သစ္စာရှိရှိနဲ့ စောင့်ရှောက်မယ့် One-man Breedတွေ ဖြစ်နေလို့ပါပဲ။ သူတို့ရဲ့ သခင်၊ အဓိကစောင့်ရှောက်သူကိုပဲ သူတို့ကလေးလေးနက်နက်နဲ့ သစ္စာရှိရှိချစ်နေတတ်ကြပါတယ်တဲ့.

GSD Pedigree များအကြောင်း
ဒီကောင်တွေရဲ့ အရည်အသွေးနဲ့ပတ်သက်ရင်…စိတ်ချရတဲ့ နိုင်ငံတကာက German GSD Clubတွေရဲ့ အဆိုအရ international Pedigreeနှစ်မျိုး ရှိပါတယ်။ တစ်ခုက white pedigreeပါ…နောက်တစ်ခုကတော့ Pink pedigreeပါပဲ။
White Pedigreeအုပ်စုဝင်ကောင်တွေမှာတော့ သူတို့ရဲ့ အဖေရော အမေ နှစ်ကောင်လုံး obedience test၊ protection test၊ tracking testsစတာတွေကို စစ်ဆေးတဲ့ SchH/IGP exam ဘာတစ်ခုမှ အောင်ထားစရာမလိုပါဘူး။ တင်ပါးဆုံရိုးပေါ် ဓာတ်မှန်ရိုက်ပြီး စစ်ဆေးတဲ့ စမ်းသပ်ချက်တစ်ခုအောင်ရင်ကို ရနေပါပြီ။ White Pedigreeအုပ်စုဝင်ကောင်တွေမှာ ဘိုးဘိုးဘွားဘွားမျိုးဆက်ထိလဲ သွားပြီးစစ်ဆေးစရာ မလိုပါဘူး။ ဒါပေမဲ့ Pink Pedigreeအုပ်စုဝင်ကောင်တွေအတွက်ကျတော့ သူတို့ရဲ့ မိဘနှစ်ပါးလုံး SchH/IGP examအောင်ဖို့ လိုတဲ့အပြင် Breed Survey examကို ဖြတ်သန်းပြီးမှသာ သူတို့က ပေါက်ဖွားလာတဲ့ ကလေးတွေက Pink Pedigreeလက်မှတ်ရ ခွေးပေါက်စနလေးတွေ ဖြစ်ခွင့်ရလာနိုင်မှာပါ။ ဒီလိုpedigreeအမျိုးအစားပိုင်ရှင်တွေမှာ သူတို့ Puppy blood line ပေါ် မျိုးဆက် ငါးဆက်လောက်ထိ မှတ်တမ်းရှိနေနိုင်ပါတယ်။ နောက်ပြီးPink Pedigree လက်မှတ်ရ GSD လေးတွေဟာ သူတို့ရဲ့ တင်ပါးဆုံရိုးနဲ့ တံခေါက်ကွေး၊ အဆစ် အမြစ်နေရာလေးတွေရဲ့ ပင်ကိုအရည်အသွေးကိုပါ စစ်ဆေးထားပြီးသား ဖြစ်တတ်ပါတယ်။ ဒါကြောင့် Pink Pedigreeလက်မှတ်ရခွေးပေါက်စလေးတွေဟာ သူတို့ရဲ့ စစ်ဆေးမှု မှတ်တမ်းကောင်းတွေအရ White Pedigree puppyတွေထက် ပိုကောင်းတဲ့ Quality performance, health နဲ့ looks တွေ ရှိဖို့ အခွင့်အလမ်း ပိုများပါတယ်။ ဒါပေမဲ့ ခွေးပေါက်လေးတွေမှာ တင်ပါးဆုံရိုးတွေ နေသားတကျပါလိမ့်မယ်လို့ အာမ မခံနိုင်ပါဘူး။ မျိုးရိုးလိုက်လို့လဲ တင်ဆုံရိုးက နေသားတကျဖြစ်မနေတာမျိုး ရှိသလို ပတ်ဝန်းကျင်ရဲ့ အလွဲကြောင့်လဲ ဒီလို လွဲချော်မှုမျိုးဖြစ်လာဖို့ အခွင့်အရေးက ဆတူ၊ ၅၀-၅၀ ပါပဲ။
ဒါကြောင့် Tier အမြင့် Professional Breeder တွေကတော့ Pink နဲ့ Whiteရှိတဲ့ GSD တွေကိုပဲ ရွေးချယ်တတ်ကြပြီး promising ဖြစ်တဲ့ ခွေးလေးတွေကို သူတို့လက်ဆင့်ပွား ထိန်းသိမ်းကြပါတယ်။ ကျန်းမာရေးကောင်းတဲ့ တင်ပါးဆုံရိုးနဲ့ခွေးလေးတွေက ဆေးဖိုးဝါးခ သိပ်မကုန်ကျစေနိုင်ပါဘူးတဲ့…ခွေးပြပွဲက ခွေးလေးတွေကို ကြည့်လိုက်မယ်ဆိုရင်လဲ Pink Pedigree puppy တွေကသာ အအောင်မြင်ဆုံးခွေးလေးတွေ ဖြစ်နေတတ်ကြပါတယ်…ဒါကလဲ ဘိုးဘေးအစဥ်အဆက်ပါလာတတ်တဲ့ အရည်အသွေးကောင်းတွေ ကြောင့်လို့ ဆိုရမှာပါပဲ။ အသက် (၈)ပတ်ကနေ (၁၀)ပတ်ကြား ရောက်လာတဲ့ ခွေးပေါက်လေးတွေဟာ သူတို့ရဲ့ စရိုက်လက္ခဏာတွေ၊ လှုပ်ရှားပုံ၊ ဉာဉ်နဲ့ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးတွေကို စတင်ပြသလာတတ်ကြပါတယ်။ ဒါက ကျနော်တို့ သာမန် အိမ်ပေါက် GSD နဲ့ Kennel Grade, သက်ဆိုင်ရာအဖွဲ့အစည်း များမှ နိုင်ငံအလိုက် ထုတ်ပေးထားတဲ့ certified bloodline GSDတို့အကြား ခွဲခြားကြသလဲ ဆိုတာပါပဲ။ အတွေ့အကြုံရှိပြီးသား GSD breederတစ်ယောက်ဟာ ခွေးလေးတစ်ကောင်ကို မြင်လိုက်တာနဲ့ သူကတော့ show qualityလား ဒါမှမဟုတ် just a petလား ဆိုတာကို ခွဲခြားပြောနိုင်ကြပါတယ်။ တချို့GSDတွေက ကြည့်လို့ကောင်းတဲ့ အသွင်အပြင် ရှိတတ်ကြပေမဲ့ မကိုက်တတ်သလို ရဲစွမ်းသတ္တိကိုလဲ မပြကြပါဘူး။ ဒီလိုဆိုးရွားတဲ့ စရိုက်လက္ခဏာတွေဟာ မျိုးရိုးလိုက်တတ်ကြပါသေးတယ်…အကုန်လုံးဆီ လိုက်ကုန်တာတော့ မဟုတ်ဘူးပေါ့ဗျာ။ တချို့တွေဆီကိုတော့ ရောက်ကုန်ကြတော့တာပေါ့ဗျာ။ ကဲ စိတ်ဝင်စားစရာ မကောင်းလားဗျာ။
ဒီ ပို့စ်က Pure Bloodline GSD တွေကို သေသေချာချာ လက်ဆင့်ကမ်းကြတဲ့ kennel တွေ pure bloodline ကိုမှ မွေးကြတဲ့ serious GSD owner တွေရဲ့ ရွေးချယ်ကြတဲ့ ပုံစံ ကို ဗဟုသုတ ရရှိအောင် ရေးထားတာဖြစ်ပြီး ဘယ် လိုမျိုး GSD တွေဘဲ ဖြစ်ဖြစ် သူတို့သက်ဆိုင်ရာ သခင်တွေကို အချစ်ဆုံး ခွေးလေးတွေဖြစ်တယ်ဆိုတာကတော့ 100% မှန်ကန်သော အချက်အလက်ပဲဖြစ်ပါတယ်လို့ပြောရင်း နိဂုံးချုပ်ပါရစေ။
Thankyou!

Comments