အကြိုက်ဆုံး Guardian dog မျိုးစိတ်များ (သို့မဟုတ်) Not for beginner dog breed များ
- Diva The Bully
- Apr 20, 2022
- 4 min read
Updated: Apr 20, 2022
ကျွန်တော် သဘောအကျဆုံး မျိုးစိတ်လေးတွေမို့လို့ လွတ်လပ်စွာ အယူကွဲလွဲနိုင်ပါတယ်ခင်ဗျာ။
အချို့သော ခွေးမျိုးစိတ်တွေဟာ သူတို့ရဲ့ ပင်ကို သဘာဝကို က သူတို့ရဲ့ သခင်၊ သခင့် မိသားစု နဲ့ သခင့် အိမ် ပတ်ဝန်းကျင်ကို ကြည့်ရှု စောင့်ရှောက်ရမယ် ဆိုတဲ့ ပင်ကို အသိစိတ်ဓာတ်ခံ ဟာ ပါလာပြီးသားပါ။ သင် သင်ပေးစရာမလိုအောင်ကို သူတို့ တာဝန်ကျေကြပါတယ်။ ဒီ Guardian မျိုးတွေမှန် ရင် သစ္စာရှိတယ်၊ အကြောက်တရား ကင်းမဲ့တယ်၊ သန်မာတယ် ပြီးတော့ ကိုယ့်ကို အမြဲ ကြည့်ရှုစောင့်ရှောက်တတ်ကြပါတယ်။ အကယ်၍ သင်ဟာ သင့်ဆီ ကို ဧည့်သည် လူစိမ်း လာတာ အသိပေးရုံ သာမက သင် အန္တရာယ် အခြေအနေ တစ်ခု ရောက်လာတဲ့ အခါ သင့်ကို အလိုလို အလိုက်သိစွာ ကာကွယ် ပေးနိုင်မယ့် breed ကို ရှာနေရင်တော့ ဒီ Guardian Breed လေးတွေကိုသာ ရွေးပါလေ။ အခုရွေးထားတဲ့ Breed လေးတွေရဲ့ စိတ်နေသဘောထားလေးတွေကို သာ အသားပေးရေးမှာဖြစ်ပါတယ်။

၁။ Akita
ဒီ ရှေးဂျပန်ခေတ်ထဲက တည်ရှိနေတဲ့ ဒီ spitz type ခွေးတွေဟာ တိတ်ဆိတ်ညိမ်သက်တယ် ၊ သခင်ရွေးလွန်းတယ်၊ ဇီဇာကြောင်တတ် တဲ့ သဘာဝရှိကြတယ်။ တော်ရုံ သူစိမ်းဆိုရင် အကပ်မခံဘူး။ တစ်ခြား တိရိစ္ဆာန်၊ ခွေးမျိုးစိတ်တွေနဲ့ တော်ရုံမတည့်တတ်ကြပါဘူး။ သူတို့တွေဟာ လူအဖော်ကိုဘဲ ပို မင်တတ်ကြပြီး သူ ချစ်တဲ့ သူ့ သခင်အတွက်ကိုသာ အသက်ပေး ကာကွယ်တတ်ကြတဲ့ ခွေးမျိုးလေးတွေပါ။ သူတို့ ဟာ ရုပ်တည်တွေနဲ့ သာနေတတ်သူတွေ ဖြစ်ပြီး သူတို့ အတွင်းစည်းက သခင် နဲ့ မိသားစု၊ သူငယ်ချင်းတွေ နဲ့ သာ ပေါတောတော ချစ်စဖွယ် နေသူတြွေဖစ်ပါတယ်။
သင်သိပါသလား?
၁. ဒီ Akita မျိုးစိပ်ဟာ ဂျပန်နိုင်ငံမှာ ယုံကြည်မှု ပြယုဒ် အနေနဲ့ တည်ရှိပါတယ်။ မွေးကင်းစ ကလေးတွေ ကို သူတို့ ရဲ့ မိသားစုက ကလေးငယ် ကျန်းမာပျော်ရွင် တဲ့ ဘဝလေးကို ရရှိပါစေ ဆိုတဲ့ ယုံကြည်ချက် ဖြင့် Akita ခွေးရုပ်ထုလေးတွေ ကို အဆောင်အနေနဲ့ ပေးကြပါတယ်။
၂. Hachiko ဆိုတဲ့ Akita ခွေးကလေးဟာ အလုပ်သွားရင်း လမ်းမှာ မတော်တဆ မှု နှင့် သေဆုံးသွား ပြီး အိမ်ပြန် မလာနိုင်တော့ တဲ့ သူ့ သခင်ကို ၉ နှစ် တိတိ တရက်မှ မပျက်မကွက် ရထားဘူတာမှာ သူ့ရဲ့ နောက်ဆုံးထွက်သက်အထိ ရပ်စောင့်ခဲ့ပါတယ်။ Google မှာ "Hachi: A dog's tale" ဆိုပြီး ရှာကြည့်ပါ။

၂။ Cane Corso
First century ထဲ က Roman war dog အဖြစ် အသုံး ပြု ခဲ့ တဲ့ဒီ ကာနီကော်ဆို ကြီးတွေဟာ ဉာဏ်ရည် မြင့်မားတယ်၊ ခွန်အားကြီးမားတယ်၊ စွယ်စုံ အသုံးဝင်တယ်၊ သူတို့ ရဲ့ သခင်တွေ အပေါ် အလွန့်အလွန် သစ္စာ စောင့်သိသူတြွေဖစ်ပါတယ်။ သူတို့တွေရဲ့ ကြီးမားတဲ့ ခေါင်း၊ အမွေး တိုတိုကျစ်ကျစ် အောက်က ကြွက်သား အမြောင်းလိုက်ကြီးတွေ နဲ့ ကိုယ့်ကို ဂျို ကြည့်ကြ ့်နေမယ့် သူတို့ကို မြင်လိုက်တာ နဲ့ ပိုင်နက်ကျော်တာ နဲ့ ဝိုက်မယ့် ကောင်တွေမှန်း သိသာပါတယ်။
အကယ်၍ သင်ဟာ အလွန်တရာ ပါးရည်နပ်ရည်ရှိသော Professional Bodyguard တစ်ယောက်က သင့်အနားမှာ ရှိနေသလိုမျိုး vibe ကို လိုချင်ရင်တော့ Cane Corso ဟာ သင့်အတွက်ပါ။
သို့သော် သင်ဟာ first time owner ဆိုရင်တော့ မမွေးသင့်ပါ။ Responsibility ယူကာ သင့်တော်သော လေ့ကျင့်မှု ပေးနိုင်သည့် owner များ သင့်တော်ပါသည်။
သင်သိပါသလား?
၁. Cane Corso တွေဟာ ယခင် ရောမခေတ် အခါက စစ်ပွဲဝင် ခွေးသာမက၊ Arena အတွင်း ဝက်ဝံ၊ ခြသေ့််၊ ကျား တွေနဲ့ ယှဉ် fight ခဲ့တဲ့ သူေတွဖြစ်ပါတယ်။
၂. သူ့အမွေးတွေဟာ နွားမွေးလိုcoat ရှိပါတယ်။ ခပ်ကြမ်းကြမ်း ထူထူအမွေးတွေက သူတို့ ကို waterproof ဖြစ်စေပါတယ်။

၃. Rottweiler
ရောမ အင်ပါယာ သည် ဥရောပအနောက်ဖက်ပိုင်းကို ပြန်လည် ထူထောင်စီမံရာ၌ dog breeding သည်လည်း သူတို့၏ လက်တွေ့ ပြသနာများကို ဖြေရှင်းရန်အတွက် အသုံးပြုဆောင်ရွက်ခဲ့သည့် လုပ်ငန်းဖြစ်သည်။
ရောမစစ်တပ်သည် ဝေးလံခေါင်သီသော နေရာများသို့ ချီတတ်ရာတွင် ရိက္ခာများကို နွားများနှင့် တင်ကာ သယ်ဆောင်သွားလေ့ရှိခဲ့ကြသည်။ စစ်တပ်သည် ထို နွားလှည်းများအား ၂၄ နာရီ အချိန်ပြည့် ကြည့်ရှုစောင့်ရှောက်ရန်အတွက် သန်မာ အကြမ်းခံ သော ခွေးများ လိုအပါလာခဲ့ကြသည်။ Asian Mistiff မျိုးကို အသုံးပြုကာ ယခု Rottweiler လေးများ ဆင်းသက်ခဲ့ တဲ့ ခွေးမျိုးတွေကို ဖန်တီးခဲ့ကြပါတယ်။ နောက်ပိုင်းကြတော့ Germanic မျိုးရိုးတွေ ဖြစ်ကြတဲ့ မျိုးနွယ်စုမှ ထို မျိုးစိပ်ခွေးတွေကို ဥရောပ မြောက်အရပ်သို့ ခေါ်ဆောင်ကာ နောက်ပိုင်းတွင် မွေးမြူရေးလုပ်ငန်းခွင်များ တွင် တွင်တွင်ကျယ်ကျယ် အသုံးပြုလာကျတဲ့ ဂျာမနီ ခွေးမျိုးစိပ်ကလေးတွေ ဖြစ်ပါတယ်။ နွားမွေးမြူရေး လုပ်ငန်း မြို့ကလေး Rottweil မြို့မှာ စတင်ပြီး မွေးမြူရေး လုပ်ငန်းတွေမှာ တာဝန်ထမ်းဆောင်ကြတဲ့ ဤကလေးတွေကို အစွဲပြုကာ သူတို့ကို Rottweiler လို့၎င်း၊ Metzgerhund လို့၎င်း၊ Butcher dog လို့၎င်း ခေါ်ကြပါသေးတယ်။
ကိုက်အား အပြင်းဆုံး Breed လေးတွေပါ။ မျိုးရိုး စစ်ကာ၊ သင့်တင့်လျှောက်ပတ်စွာ လေ့ကျင့်ပေးထားသော Rottweiler တွေဟာ တည်ငြိမ် ကာ ကိုယ့်ကိုကို confident ရှိသော အသွင်အပြင်ရှိတယ်၊ ရဲရင့်တယ် ဒါပေမယ့် မလိုအပ်ဘဲ aggressive မဖြစ်တတ်ကြပါဘူး။ သူတို့လေးတွေဟာ မျက်လုံးလေးတွေနဲ့ စကားအရမ်း ပြောတတ်ကြပါတယ်။
သင်သိပါသလား?
၁. Rottweiler လေးတွေဟာ ယခင်ခေတ်တွေတုန်းက ရဲခွေးတွေအဖြစ် တာဝန်ထမ်းဆောင်ဘူးပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ပြင်းထန်သော ကိုက်အားကြောင့် မလိုအပ်ဘဲ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြလို့ အသုံးပြုမှု ရပ်ဆဲလိုက်ပါတယ်။
၂. Rottweiler ဟာရှေးခေတ်ရောမ နွားကျောင်းခွေးမျိုး များမှ ဆင်းသက်လာသူတြွေဖစ်ပါတယ်။

၄. Doberman Pinscher
ငယ်ငယ်တုန်းက ဆို ဒီ ဂျို ကြီးတွေ နဲ့ ကောင်တွေ မွေးထားတဲ့ ခြံတို့ ဝင်းတို့ ဆိုရင် လူရှိန်ပါတယ်။ တော်ရုံ မဟုတ်တရုပ် ကိုယ့် အိမ်ကို အောက်လမ်းတွေဘာတွေ အစီအရင် တွေ ဘာထားတဲ့ ကိစ္စ တွေဘာတွေ ဆိုတာလဲ ရှိမှာ မဟုတ်ပါဘူး။ ချောမွတ် တောက်ပြောင် နေတဲ့ အမွေး၊ ကျစ်လစ်ကြော့မော့နေတဲ့ သူတို့ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ အကြောက်တရားမရှိ သခင် နဲ့ သခင့် အိမ်ကိုကာကွယ် နိုင်တဲ့ instinct တွေပေါင်းစပ်ပြီး Doberman Pinscher ဆိုတဲ့ world finest protection မျိုးစိတ်တစ်ခုဟာ Guard dog breed များကြား လွန်စွာ နာမည် ကြီးပါတယ်။ မြန်မာ ပြည်မှာ ဆိုလဲ သူဌေး အိမ်တော်တော်များများ မှာ အိမ်ခြံဝင်း လုံခြုံ မှု အတွက် ဒုတိယ အရွေးများဆုံး မျိုးစိတ်ဖြစ်ပါတယ်။
သူဖြစ်ပေါ်လာပုံကတော့ စိတ်ဝင်စား စရာကောင်းပါတယ်။ ငွေကြေးဆိုတာ ပေါ်ထွန်းလာပြီး နောက်ပိုင်း လူတွေဟာ ငွေကြေး နှင့် အတူ ပေါ်ထွက်လာတဲ့ အခွန် ဆိုတာကို အလွန် မုန်းကြပါတယ်။ ထို့ အတူ အခွန်ကောက်ခံတဲ့ ဝန်ထမ်းတွေကို ဆို လူတိုင်း မကြိုက်ကြပါဘူး။ ၁၉ ရာစု ဂျာမနီမှာတော့ အခွန်ကောက် အမှုထမ်းတွေဟာ အသက်အန္တရာယ်တွေမှာ ခြိမ်းခြောက်ခံရသည် အထိ အခြေအနေတြွေဖစ်ခဲ့ပါတယ်။ ထို အချိန်တွင် ဂျာမနီ Apolda မြို့ရှိ အခွန်ကောက် အမှုထမ်း လဲ ဖြစ် Dog Breeder လဲ ဖြစ်တဲ့ Louis Dobermann ဟာ သူ နှင့် သူ့ဘဝတူ ဝန်ထမ်း တွေအတွက် ကာကွယ်ပေးနိုင်မယ့် ခွေးမျိုးတွေ လိုအပ်လာပြီးလို ယူဆ ပြီး ထို မျိုးစိပ်ကို စတင် လေ့လာ ဖန်ထီး ခဲ့ပါတယ်။
ထို အခွန်ကောက် ဝန်ထမ်းတွေရဲ့ ခွေးမျိုး လေးတွေဟာ နောက်ပိုင်းတွင် လူကြိုက်များလာကြပြီး ကမ႓ာအနှံ့ နာမည်ကြီး နာမည်ရလာကြသည်။ ထို Dobermams ခွေးမျိုးလေးတွေဟာ ရဲဘက်ဆိုင်ရာ လုပ်ငန်းတွေ စစ်ဘက်ဆိုင်ရာ K-9 တာဝန်တွေ၊ Therapy dog တွေ၊ မသန်စွမ်းတွေအတွက် assistant တာဝန်တွေက အစ တာဝန်ကျေ ထမ်းဆောင်နေကြပါပြီ။
ဒုတိယ ကမ႓ာစစ်ပွဲ တွင် ထို Dobermanm ခွေးမျိုးစိပ် သည် အမေရိကန်-ဂျပန် စစ်ပွဲ အတွင်းတွင် အမေရိကန် ပိုင် တိုက်ရည်ခိုက်ရည် အမြင့်ဆုံး စစ်ပွဲဝင် ခွေးတွေ ချည်းသာ ပါဝင် တဲ့ "Devil Dogs (Battle for Guam ဆိုတဲ့ ဂျပန် အမေရိကန် pacific စစ်ပွဲများမှ စစ်ပွဲတစ်ခုအတွင်း Devil Dogs အဖွဲ့ဝင် ဒိုဘာမင် ကလေး ၂၅ ကောင်ကျဆုံးခဲ့သည်" အဖွဲ့ဝင် တိုက်ရည်ခိုက်ရည် ကောင်း Doberman ကလေးများကြောင့် ဒိုဘာမင် မျိုးရိုး နာမည်ကြီး ဂုဏ်သတင်း ကျောစောခဲ့သည်။
ဒီ ခွေးမျိုးစိပ်ဟာ လွန်စွာ energetic ဖြစ်တာကြောင့် ဝန်းနှင့် နေထိုင်သူတွေသာ အဆင်ပြေပြီး လေ့ကျင့်ခန်း များများ လုပ်သင့်ပါသည်။ လမ်းအရှည်ကြီး လျှောက်တာ တောင်တတ်တာတွေကို ကြိုက်နှစ်သက်ပါတယ်။ သူစိတ်ကြိုက် ပြေးလွားနိုင်ဖို့ အတွက် ဝန်းကျယ်ကျယ်လေးတွေရှိရင် အလွန် အဆင်ပြေပါတယ်။ သူ့ကို မွေးမြူမယ်ဆိုရင်တော့ လေ့ကျင့်ခန်းတွေကို Obedience training နှင့် Agility training တွေကို အသားပေး လေ့ကျင့်သင့်ပါသည်။ First time dog owner များ အဆင်မပြေလောက်ပါ။
သူတို့လေးတွေဟာ ပုံမှန်အား ဖြင့် ကျန်းမာကြပြီး
ပုံမှန် မဟုတ် ဖြစ်ပွား တတ်တာက တော့ တစ်ချို့ ကလေးတွေ တွင်လေပွ ဗိုက်ပွ ကာ အသက်အန္တရာယ် ပါထိခိုက်နိုင်သော အစာခြေစနစ် ပြသနာ
ဖြစ်ပေါ် တတ်ပါသည်။ တို့ကြောင့် သူတို့ ရဲ့ အစားအစာ ကျွေးရာ တွင် ဖြစ်ကလတ်ဆန်း လူတွေ စားသလို ချက်ထားတဲ့ ဟင်း တွေ ဟင်းကျန်တွေ လုံးဝ မကျွေးသင့်ပါ။ သေသေချာချာ label ကပ်ထားကာ ဘယ်အရာတွေပါဝင်လဲ ဆိုတာ ရှင်းပြထားတဲ့ High quality ခွေးစာတွေသာ ကျွေးသင့်ပါတယ်။
ခွေးမွေးမယ်ဆိုတာနဲ့ ခွေးတွေ အန္တရာယ် ကင်းကင်းစားလို့ရတဲ့ လူစားတဲ့ အစားအစာ တွေကို လေ့လာထားရန် လိုအပ်ပါတယ်။

၅. German Shepherd Dog
လူသား မျိုးနွယ်အတွက် အကောင်းဆုံး စွယ်စုံရ ခွေးမျိုးစိတ် ကို လက်ညှိးထိုးပြပါဆိုရင် GSD လို့ပြောရင် မမှားပါဘူး။ ကမ္ဘာပေါ်မှာ popular အဖြစ်ဆုံး breed နံပါတ်မှာ (၂) ချိတ်နေတဲ့သူတို့လေးတွေရဲ့ character လေးဟာ သစ္စာရှိတယ်၊ သတ္တိရှိတယ်၊ သင်ရပြုရ လွယ်တယ် ကိုယ့်ကိုကို ယုံကြည်မှု အပြည့်ရှိကြတယ်။ နောက်ပြီး သူတို့ချစ်တဲ့ သူတွေကို ဆို အသက်ပါပေး ကာကွယ် တတ်ကြသူတွေ ဖြစ်ပါတယ်။
GSD လေးတွေဟာ နူးညံညင်သာတဲ့ family pet လေးတွေလဲ ဖြစ်နိုင်သလို တာ၀န်ကျေ၊ တာ၀န်သိ Guardian dog တစ်ကောင် အနေနဲ့လည်း အချိန်မရွေးပြောင်းလဲနိုင်ပါတယ်။
ဒီ မျိုးစိပ်ဟာ ၁၉ ရာစုနှောင်းပိုင်း ဂျာမန် တိရိစ္ဆာန် မွေးမြူရေး လုပ်တဲ့ မိသားစု ခွေးတွေဆီက ဆင်းသက်လာတဲ့ မျိုးစိတ်ဖြစ်ပါတယ်။
၁၈၀၀ ခုနှစ်ကာလ များတွင် ဂျာမန် မြင်းစီးတပ် အရာရှိ Captain Max Von Stephanitz သည် သူ နေထိုင်ရာ ဂျာမနီနိုင်ငံ တွင် ဂျာမနီဟန် ဂျာမနီ culture တွေပါသော ဂျာမန်မျိုးရိုး ခွေးစစ်စစ် ကို မျိုးစပ်ရမည့်ဟု သုံးသပ်ကာ ထို လုပ်ငန်းစဉ် ကို အကောင်အထည်ဖေါ်ခဲ့သည်။ Max ၏အတွေးသည် တခြား breeder များသို့ ကူးစက်သွားပြီး မြောက် နှင့် အလယ်ပိုင်း ဂျာမနီ တွင် ယခု ခေတ် GSD မျိုးများဖြစ်လာမည့် မျိုးစိပ်များ မျိုးဖောက်ခဲ့ကြသည်။
Von Stephanitz သည် နောက်ပိုင်းတွင်း ကမ္ဘာ့ ပထမဆုံး GSD မျိုးသီးသန့် စပ်သော အဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး နောင် ၃၅ နှစ်လုံးလုံး ဤ GSD မျိုးကို ပိုမို ကောင်းအောင်ပြောင်းလဲဆင့်ပွားမှု များ လုပ်ခြင်း ၊ promotion များပြုလုပ်ခဲ့သည်။ ယခု အခါ GSD လေးများသည် လုပ်ငန်းအများအပြားတွင် လုပ်ကိုင် ခိုင်းနိုင်ကြသော်လည်း။သူတို့လေးတွေဟာ originally ဂျာမနီမှာ ဂျာမနီခွေးကဘဲ သိုးကျောင်း ဖို့ purpose အတွက်ပဲ breed လုပ်ခဲ့ကြတာပါ။
၁၉၀၀ အစောပိုင်း ခုနှစ်များတွင် ထို ဂျာမနီ ခွေးမျိုးစိပ် GSD လေးတွေဟာ နာမည်ကြီး canine ရုပ်ရှင်တွေဖြစ်တဲ့ Strong heart တို့ နာမည်ကြီး ခွေးလိမ္မာ Rin Tin Tin တို့ကြောင့် လူကြိုက်မျလာကြပါတယ်။
သင်သိပါသလား?
GSD လေးတွေဟာ အသက်အရွယ်မရွေး မွေးလို့ရတဲ့ ကလေးတွေပါ။ ရဲဘက်ဆိုင်ရာ dog, service dog, ability dog, စသည့် တာ၀န်များကို ထိန်းဆောင်နိုင်ရုံသာမက အလွန်တရာ သစ္စာရှိကြပြီး သင်ကြားရအလွန် လွယ်ကူကြပါတယ်။

၆. Perro de Presa Canario (သို့) ပရီစာ ကနဲရီးရိုး
ကြံခိုင်ဖွံဖြိုးသော body ကြီးတွေ၊ ဟောင်သံ အောအော ကြီးတွေ ၊ တည်တည်ငြိမ်ငြိမ် နဲ့ သခင် ခိုင်းတဲ့ အတိုင်း တစ်ခုမကျန် လိုက် လုပ်နိုင်တဲ့ ဒီ Presa Canario ဟာ လွန်ခဲ့သော ၁၅ ရာစု နဲ့ ၁၆ ရာစု ကြား စပိန် ကိုလိုနီ ပိုင် ကနေရီကျွန်း မှ အစ ပြုခဲ့ပါတယ်။ မိသားစု၀င်တွေ နဲ့ဆို အလွန် လိမ္မာသော၊ ကျိုးနွံသော ၊ စကားနားထောင်သူတွေ ဖြစ်ပြီး သူ့သခင် တစ်ယောက်ထဲပေါ်မှာတော့ အသက်ပါပေးချစ်တဲ့ ကောင်လေးတွေပါ။ တော်ရုံ သူစိမ်းဆို အရောအ၀င်မခံပါဘူး၊ ချစ်စရာလေးဆိုပြီး သွားမကိုင်ပါနဲ့၊ (တော်ရုံ လူလဲ မကိုင်ရဲပါဘူး ) ဒီခွေးအမျိုးအစားကြီးတွေက သူတို့ Alert ဖြစ်ဖြစ် မှတ်တပ်ရပ်နေရင်တောင် ရှိန်စရာကြီးတွေပါ။
၁၉၄၀ မတိုင်ခင်မှာ ထို ခွေးအမျိုးအစားများကို dog fight pit များအတွက် တိုက်ခွေး အနေနဲ့ အသုံးပြုခဲ့ပါတယ်။ ၁၉၄၀ နောက်ပိုင်း ခွေးသတ်ပွဲတွေကို တားမြစ်ပြီး နောက်ပိုင်း ထို ကျွန်းပေါ်တွင် တစ်ခြား မျိုးစိပ်သစ်များ ဖြစ်ကြတဲ့ GSD ၊ Doberman Pinscher ၊ နှင့် Great dane များကို ပိုမို မျိုးစပ်ခဲ့ ကြပြီး ဤ Presa Canario မျိုးစပ်များဟာ အမေ့ လျှော့ခံ မျိုးတုန်း လုနီးပါး အခြေအနေ အထိ ကြုံတွေ့ ခဲ့ကြသည်။ ၁၉၇၀ နောက်ပိုင်းကာလ များတွင် မျိုးစိပ်ရဲ့ တန်ဖိုးကို သိသော သားဖောက်သူများဟာ ထို Presa Canario များကို နဂို မျိုး ထက်ပို ၍ သန်မာသော၊ ကြံ့ခိုင်ဖြတ်လတ်သော၊ တောရိုင်းဆန်သော Presa များ ဖြစ်အောင် မျိုးစပ်ခဲ့ကြပါတယ်။ သူ့ရဲ့ ကာကွယ်မှု ဗီဇကတော့ သူကာကွယ်ရမယ်လို့ ထင်တဲ့ အရာမှန် သမျှ သခင် က လာယူတာတောင် ဘယ်လောက်အပြစ်ပြစ်ပေးပေး အရှုံးမပေး (ပြန်တော့ မကိုက်ပါ) ကာကွယ်တတ်ကျသူတွေပါ။
သင်သိပါသလား?
၁. ဒီ Presa တွေဟာ Working Group အမျိုးအစား၀င်တွေဖြစ်ပါတယ်။
၂. ၁၉၉၆ ခုနှစ်မှ စတင်ကာ ဤခွေးတွေကို မွေးမြူရေးလုပ်ငန်း လုပ်ငန်းများကို လုပ်ကိုင် နိုင်သော ခွေးမျိုး အဖြစ် သတ်မှတ်ခဲ့ကြသည်။
Thank you for reading!
Sharing is caring.
Comments