Guard Dogတစ်ကောင်ကို ဘယ်လို trainမလဲ?
- Diva The Bully
- Apr 10, 2022
- 2 min read
အရင်ဆုံးပြောခြင်တာက တော့ None-guard dog training လုံး၀ မရဘူးသေးတဲ့
Guard Dog တစ်ကောင်ကို မွေးမယ့် အတွေ့အကြုံ နုနယ်တဲ့
သခင်တစ်ယောက်အနေဖြင့် ပရော်ဖက်ရှင်နယ်ကျကျ လုပ်ကိုင်တတ်တဲ့
Dog Trainerတစ်ယောက်နဲ့ပဲ ခွေးတွေကို လေ့ကျင့်ပေးသင့်ပါတယ်။
တကယ်လို့ Guard Dogတစ်ကောင်ကို သင်ကိုယ်တိုင်လေ့ကျင့်ပေးမယ်ဆိုရင်တော့
လိုက်လုပ်ရမယ့် အချက်လေးတွေ ရှိပါတယ်။

ခွေးတစ်ကောင်ကို trainရတာဟာ ကိုယ်လေ့ကျင့်ပေးမဲ့ ခွေးရဲ့ အပြုအမူကိုလိုက်ပြီး
လေ့ကျင့်ရမဲ့ နည်းလမ်းတွေ ကွဲပြားသွားတတ်ပါတယ်။ ခွေးလေးငယ်ငယ်ကတည်းက
ထရိန်နင်စမယ်ဆိုရင် ပိုထိရောက်ပြီးပုံစံကျတယ်လို့ ပြောကြတာတွေရှိပါတယ်။
ဘာကြောင့်လဲဆိုတော့ အသက်ကြီးမှ သင်မယ်ဆိုရင် ငယ်ငယ်က သူသင်ခဲ့ရတဲ့
တပိုင်းတစတွေကြောင့် ထရန်နင်ကို နှောင့်နှေးစေတတ်ပါတယ်။
ဥပမာ...လူတွေကို မခုန်အုပ်ရဘူးလို့ အသင်ခံခဲ့ရတဲ့ ခွေးတစ်ကောင်ကို ကြီးကာမှ
အဲလိုခုန်အုပ်ဖို့ လေ့ကျင့်ပေးရင် လိုက်လုပ်ဖို့ တွန့်ဆုတ်နေပါလိမ့်မယ်။
စောစောကပြောသလိုပါပဲ...
Guard Dogတစ်ကောင်ကို professional trainerနဲ့ပဲ လေ့ကျင့်ပေးသင့်ပါတယ်။
ဘာလို့လဲဆိုတော့ သူတို့က Companion Dog ကို Guard Dogတစ်ကောင်ဖြစ်အောင်
လုပ်ပေးရမဲ့ နည်းစနစ်တွေအထိ သိရှိသဘောပေါက်ထားလို့ကြပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ်ပါ...ခွေးပိုင်ရှင်တွေအနေနဲ့ ကိုယ့်ခွေးကို နာခံမှု၊ အမဲလိုက်နဲ့
တခြား ခွေးတွေဆော့ရတဲ့ ကစားနည်းတွေမှာ ကျွမ်းကျင်အောင် လုပ်ပေးပြီး ကိုယ်တိုင်ထရိန်းလို့ရပါတယ်။
Guard Dogတစ်ကောင်ကို အိမ်မှာလေ့ကျင့်မယ်ဆိုရင် သင်ကြားရမယ့်
Program တွေနဲ့ သတိထားရမယ့် အကြောင်းလေးတွေကို ဆက်ပြောပြပါမယ်။

နာခံမှု
အခြေခံ နာခံမှု သင်ခန်းစာဆိုတာက Guard Dogတစ်ကောင်ကိုလေ့ကျင့်ပေးရမဲ့
ပထမဆုံးအဆင့်ပါပဲ။ Companion Dogတစ်ကောင်လိုမဟုတ်ဘဲ Guard Dogဟာ သခင့်ရဲ့ အမိန့်တိုင်းကို နာခံပြီး ချက်ချင်းလိုလို လိုက်လုပ်တတ်ပါတယ်။
လာ၊ ထိုင်၊ ငြိမ်၊ အနားမှာကပ်နေ စတဲ့
အမိန့်ပေးစကားတွေကို လက်သင်္ကေတတွေနဲ့ တွဲသုံးပြီး သင်ပေးပါ။ ခွေးက commandတွေကို တိတိကျကျလိုက်နာအောင် သေချာလေ့ကျင့်ပေးပါ။ ခွေးတစ်ကောင်ကို နာခံတတ်အောင် လေ့ကျင့်ပေးနေချိန်မှာ သခင်၊ ထိန်းကျောင်းသူကလွဲလို့ တခြားသူတွေရဲ့ အမိန့်ကို သင့်ခွေးက လိုက်မလုပ်ပါစေနဲ့...
သေချာ သတိထားပေးပါ။ သူများအမိန့်ကို နာခံတတ်နေမယ်ဆိုရင်
အိမ်ထဲကို ကျူးကျော်ဝင်ရောက်လာသူက သင့်ခွေးကို သင်ပြောတဲ့ အမိန့်ပေးစကားတွေသုံးပြီး
ထိန်းချုပ်ခိုင်းစေလို့ရသွားမှာ ဖြစ်လို့ ဒီအချက်က သိပ်ကို အရေးကြီးတဲ့အချက်ပဲ ဖြစ်ပါတယ်။
ခွေးတစ်ကောင်က အခြေခံအားဖြင့် သူ့သခင်နဲ့ သူစိမ်းရဲ့ အမိန့်ပေးစကားကို ခွဲခြားတတ်ရပါမယ်။
လူစိမ်းတွေ ကျွေးမွေးတဲ့အစာတွေက အန္တရာယ်ရှိနိုင်လို့ အဲလိုတွေကျွေးလာရင် မစားမိအောင် သင့်ရဲ့ Guard Dogကို လေ့ကျင့်ထားပေးသင့်ပါတယ်။
ဟောင်တတ်အောင်သင်ပေးပါ
နောက်ထပ်သင်ပေးရမယ့်အရေးကြီးသင်ခန်းစာကတော့
လူစိမ်းတွေ၊ ကျူးကျော်လာသူတွေကို ဟောင်တတ်အောင် လေ့ကျင့်ပေးတာပါပဲ။
အိမ်နားကပ်လာတဲ့ လူတစ်ယောက်ကို ဟောင်နေတုန်းအချိန် 'ရပ်'လို့ ကွန်မန်းပေးလိုက်တာက
အဲ့လူဟာ 'မိတ်ဆွေ'ပါလို့ သင့်ခွေးကို မှတ်သားခိုင်းလိုက်တာပါပဲ။ လူစိမ်းကပ်လာရင်တော့ သင် 'ရပ်' လို့ အမိန့်မပေးမချင်း သင့်ခွေးက မရပ်တမ်းဟောင်နေအောင် လေ့ကျင့်ပေးထားပါ။ နောက်ထပ် ဟောင်ခိုင်းရမဲ့ လေ့ကျင့်ခန်းကတော့ သာမန်မဟုတ်တဲ့ ကိစ္စတခုခုဖြစ်တာဆိုရင်
အိမ်သားတစ်ယောက်ယောက်ဆီကို သွားဖို့ သင်ပေးထားရပါမယ်။ တခုခုကိုတွေ့ပြီဆိုရင် အော်ခေါ်သလို
ဟောင်ပြီး ပြေးလာတဲ့အခါ စားစရာ(သို့) Chew Toyလေး ပေးလိုက်ပြီး အကျင့်ဖြစ်အောင် လုပ်ပေးထားသင့်ပါတယ်။ ဒီလိုကျင့်ပေးထားရင် သင့်ခွေးမှာ လျင်လျင်မြန်မြန်တုံ့ပြန်တတ်တဲ့
အကျင့်ရလာပြီး ပုံမှန်မဟုတ်တာတွေကို မြင်ရတဲ့အခါ ခွေးဟာ ဟောင်ပြီး အိမ်သားတွေဆီကို အသိပေးဖို့ ပြေးသွားပါလိမ့်မယ်။
အာရုံခံစားမှုနဲ့ နယ်နိမိတ်တွေကို သိပါစေ
တခြားအကောင်ပလောင်တွေကို အာရုံမထားဘဲနေတတ်အောင် ကျင့်ပေးရတာဟာလဲ လေ့ကျင့်ခန်းရဲ့
အရေးကြီးတဲ့ အပိုင်းပဲဖြစ်ပါတယ်။ ကြောင်နဲ့ အခြားခွေးတွေကို ရန်မလိုတတ်အောင် သင်ပေးရပါမယ်။
ခွေးထီးဆိုရင် ခွေးမတွေနောက်ကို မိတ်လိုက်ဖို့ ဇောကြီးနဲ့ ပြေးမလိုက်တတ်အောင် သင်ထားပေးရပါမယ်။
ပိုင်ရှင်ရဲ့ အိမ်၊ ခြံနယ်နိမိတ်ကို သိနေအောင်လဲ ပြထားပေးရပါမယ်။
ဒီလိုလုပ်ပေးခြင်းအားဖြင့် ကျူးကျော်သူ၊ ဖောက်ထွင်းသူနောက်ကို သင့်ခွေးပြေးလိုက်ရင်း
ကိုယ့်ပိုင်နက်ထဲကနေ လွန်သွားတာမျိုးတွေကို ကြိုတင်တားဆီးပေးထားနိုင်ပါလိမ့်မယ်။
သတိထားသင့်တဲ့ အချက်လေးတွေ
သခင့်ရဲ့ ကွန်မန်းကို နာခံတဲ့အနေနဲ့ပဲဖြစ်စေ တယောက်ယောက်က သူ့ကိုတိုက်ခိုက်တော့မယ်လို့
ခံစားမိတဲ့အခါပဲဖြစ်စေ Guard Dogဟာ ကျူးကျော်သူကို တိုက်ခိုက်တတ်အောင်
လေ့ကျင့်ပေးထားပြီးသားပါ။ ဒါကြောင့် Guard Dogကို အိမ်သားတွေမရှိဘဲ
ဧည့်သည်တွေနဲ့ပဲ မထားခဲ့သင့်ပါဘူး။ သူတို့က Guard Dogကို သာမန်အိမ်မွေးခွေးလေးလို့
ထင်ပြီး ကိုင်တွယ်မိချိန်မှာ ခွေးဘက်ကတော့ သူတို့ရဲ့ အပြုအမူနဲ့ ကိုယ်ဟန်အနေအထားတွေ(Body Language)ကို ခြိမ်းခြောက်မှုလို့ မှားယွင်းဘာသာပြန်တတ်ကြပါတယ်။
သိထားသင့်တဲ့ နောက်တစ်ချက်က သခင်ကိုကာကွယ်ပေးနိုင်ဖို့ Guard Dogတွေကို
လေ့ကျင့်ပေးရတဲ့အထဲမှာ ကျယ်လောင်တဲ့အသံနဲ့ လွှမ်းမိုးချုပ်ကိုင်ချင်တဲ့
ကိုယ်ဟန်အနေအထားတွေကို အာရုံမခံမိအောင် အာရုံမထားဘဲနေတတ်အောင် သင်ပေးရတဲ့
နည်းလမ်းတွေလဲ ပါဝင်ပါတယ်။ ဒီလိုသင်ပေးထားမှသာ ကျူးကျော်ဝင်ရောက်လာသူက
ခွေးတိုက်ခိုက်နေတာကို ရပ်သွားအောင် ကိုယ်ဟန်အနေအထား၊ အသံနဲ့ တန်ပြန်အမိန့်ပေးတာကို
တားဆီးပြီးသားဖြစ်သွားမှာပါ။
Guard Dogတစ်ကောင်ဟာ လေ့ကျင့်ပေးသူတင်မက အိမ်မွေးတိရစ္ဆာန်တွေအပါအဝင်
တခြားအိမ်သားတွေနဲ့ပါ ရင်းနှီးကျွမ်းဝင်ထားသင့်ပါတယ်။ အိမ်မှာရှိတဲ့ လူကြီး၊ ကလေး အားလုံး သူနဲ့ အပြန်အလှန်ထိတွေ့ပြီး ပုံမှန်ဂရုစိုက်ပေးသင့်ပါတယ်။
ဒီလိုလုပ်ပေးမှသာ အိမ်သားတွေကို ကောင်းကောင်းမှတ်မိပြီး အန္တရာယ်လို့ မမှတ်တော့ပါဘူး။
အိမ်မှာ အခြားအိမ်မွေးတိရစ္တာန်တွေ ရှိနေရင်လဲ ခွေးနဲ့ သူတို့နဲ့ ရင်းနှီးအောင်လေ့ကျင့်ပေးထားမှသာ
သူတို့ကလဲ မိသားစုထဲကပဲလို့ ခွေးက သဘောပေါက်ပါလိမ့်မယ်။
ဒီအောက်မှာတော့ ခွေးမွေးသူတွေအကြား ရေပန်းစားတဲ့ Guard Dogအမျိုးအစားတွေကို ဖော်ပြပေးလိုက်ပါတယ်...
ထင်ရှားတဲ့ Guard Dogအမျိုးအစားများ
Akita Inu
American Bulldog
American Pit Bull Terrier
Bullmastiff
Doberman Pinscher
German Shepherd
Giant Schnauzer
Komondor
Kunming Wolf Dog
Rhodesian Ridgeback
Rottweiler
Staffordshire Terrier
Tibetan Mastiff

အရေးကြီးတဲ့အချက်ကလေးတစ်ခု ကို နောက်ဆုံးပိတ် အိတ်နဲ့လွယ် ပြောပြပေးပါမယ်။ Guard Dogတစ်ကောင်ဟာလဲ သာမန် Pet Dogတစ်ကောင်နဲ့ သိပ်မကွာခြားဘူးဆိုတာ သင့်စိတ်ထဲ စွဲနေအောင် မှတ်ထားစေချင်ပါတယ်။ Guard Dogဟာလဲ အိမ်သားတွေဆီက ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုကို အခြားခွေးတွေနဲ့တန်းတူ လိုအပ်ပါတယ်။ Guard Dogတစ်ကောင်ကို မွေးထားပြီး လေ့ကျင့်ပေးရတာက ဝတ်ကျေတန်းကျေဆိုတာထက် ပိုပြီးလုပ်ပေးရပါမယ်။ ဘာကြောင့်လဲဆိုတော့ သင်က သင့်ခွေးကို နိုးနိးကြားကြားနဲ့ အကာအကွယ်ပေးတတ်တဲ့ ခွေးကလေးဖြစ်ရုံတင်မက ချစ်ဖို့ကောင်းတဲ့ မိသားစုဝင်လေးဖြစ်အောင် ထပ်ပြီးလုပ်ပေးရမှာမို့ပါပဲ။
အဆုံးထိ ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။
Sharing is caring
Comments