top of page

သင့်အချစ်တွေကို သိမ်းပိုက်ထားနိုင်စွမ်းရှိတဲ့ Toy Breed Dog မျိုးစိတ် မျိုး (၃၀)

  • Writer: Diva The Bully
    Diva The Bully
  • Apr 12, 2022
  • 3 min read

ree

ခွေးပေါက်အရွယ်ပဲ အမြဲဖြစ်နေမဲ့ ခွေးလေးတွေကိုပဲ သင်က မွေးချင်တယ်ဆိုရင်တော့ toy dog breed အမျိုးအစား ခွေးလေးတစ်ကောင်ကို မွေးဖို့သင့်တော်ပါတယ်။ နာမည်နဲ့လိုက်အောင်ပဲ toy dog breedတွေဟာ အရွယ်အစား ပိစိကွေးလေးတွေပါ။ ဒီလို အလုံးအထည်သေးတဲ့ပုံစံလေးကပဲ လူတွေ သူတို့ကိုကျတဲ့ အသွင်အပြင် ဖြစ်လာစေတာပေါ့ဗျာ…


Toy dog breedဆိုတာ ဘာပါလိမ့် Toy dogဆိုတာ အရွယ်ရောက်ပြီးချိန်မှာ (၁၅)ပေါင်နဲ့ အောက်ပဲ အလေးချိန်ရှိတဲ့ ခွေးသေးမျိုးလေးတွေကို ခေါ်ပါတယ်။ အမွှေးဖွားဖွား အကောင်သေးသေးလေးတွေ ဖြစ်နေတာကြောင့် Toy Dogဆိုတဲ့ နာမည်လှလှလေးကို သူတို့ပိုင်ရတာပါ။

တကယ်တော့ toy dog breedတွေမှာ ရှည်လျားတဲ့ သမိုင်းကြောင်းတစ်ခုရှိပါတယ်… Toy breedတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ရာဂဏန်းကတည်းက ပေါက်ဖွားလာခဲ့ကြတာပါ။ ခွေးသေးမျိုးနွယ်တွေနဲ့ သက်ဆိုင်တဲ့ Genes မျိုးဗီဇပေါင်း (၂၀)လောက်တောင် ရှိတယ်ဆိုတဲ့ သိပ္ပံအချက်အလက်တွေလဲ ရှိပါတယ်။ ဒီလိုပေါက်စနမျိုးစိတ်လေးတွေဆိုတာနဲ့ ပေါင်ပေါ်တင်ထား ချော့မြှူနေရတဲ့ lapdogတွေချည်းပဲ ဖြစ်ရမယ်လို့ ထင်နေရင်တော့ ပြန်စဥ်းစားပါဦး… Papillonနဲ့ Boston Terrierတွေဆိုရင် စွမ်းအင်တွေ အမြောက်အမြားနဲ့ ရဲစွမ်းသတ္တိရှိနေပြီး လှုပ်ရှားမှုစွမ်းရည်ကိုပြသတဲ့ canine sportsတွေမှာ ပါဝင်ချင်တတ်ကြပါတယ်။ Pugတို့ Shih Tzuတို့ ဆိုရင်တော့ ဆို‌ဖာပေါ်မှာနှပ်နေရတာ ပိုကြိုက်တတ်တဲ့ ကောင်စားလေးတွေပေါ့။

ခွေးသေးလေးတွေ ဆိုပေမဲ့ ကလေးတွေနဲ့တော့ သူတို့က ပနံသင့်ပါတယ်။ Havaneseနဲ့ Toy Poodleတွေက တကယ့်အမိုက်စား အိမ်မွေးခွေးတွေဖြစ်နိုင်ပါတယ်… ပြီးတော့ အလာဂျီဖြစ်တတ်သူတွေအတွက် သင့်တော်ပါတယ်။

Toy breedတွေဟာ အမျိုးအစားစုံလင်ပါတယ်။ ဒါကြောင့် သင့်မိသားစုနဲ့ သင့်အတွက်သင့်တော်မဲ့ ခွေးအမျိုးအစားကို ရွေးချယ်တတ်ဖို့ အရေးကြီးပါတယ်။



အမျိုး ၃၀ ဆိုတော့ တိုတိုတုတ်တုတ် brief လောက်ဘဲ ဗဟုသုတအဖြစ်ရေးထားပါမယ်။ ပြီးတော့ ဘယ်လို Toy Breed လေးက သင်နဲ့ သင့်တော်မလဲ ပြောပြပေးသွားပါ။ 

ree

1. Mini Schnauzer

သစ္စာရှိတဲ့ အချစ်တော်ခွေးလေးတစ်ကောင်ကို ရှာနေရင်တော့ Mini Schnauzerက သင့်အတွက်ပါပဲ။ ကိုယ်ဘယ်သွားသွား ကိုယ့်နောက်ကနေ အရိပ်ကလေးလို လိုက်နေမဲ့ ကောင်စားမျိုးလေးပေါ့။ ဒါ့အပြင် သူတို့က လူတိုင်းနဲ့လဲ အဖွဲ့ကျတတ်ပါသေးတယ်နော်။



ree

2. Toy Poodle

Toy Poodleလေးတွေက Standard Poodleတွေလို အမွှေးလေးတွေ ရှိပါတယ်။ ဒါပေမဲ့ သူတို့က (၁၀)လက်မလောက်အရွယ်အစားပဲရှိပြီး Standard Poodleတွေက (၂၄)လက်မလောက်ထိ အရွယ်အစားရှိပါတယ်။Toy Poodleလေးတွေဟာ အညိုရောင်၊ ခရင်မ်ရောင်၊ အနီရောင်၊ ငွေရောင်၊ အဖြူရောင်နဲ့ တခြားအရောင်အသွေးအစုံအလင်ရှိတတ်ကြပါတယ်။



ree

3. English Toy Spaniel

ဗြိတိသျှထီးနန်းနဲ့ ပတ်သက်ပြီး ရေပန်းစားခဲ့တဲ့ ခွေးမျိုးလေးပါပဲ။ Englandမှာဆိုရင် England Toy Spanielလေးတွေကို the King Charles Spanielလို့ခေါ်ကြပါတယ်။ တော်ဝင်လက်သုံးခွေးလေးတွေဖြစ်ခဲ့တဲ့ သင်္ကေတပေါ့။



ree

4. Affenpinscher

Affenpinscherတွေရဲ့ primate-looking faceကြီးကို သေချာကြည့်မိရင် သူတို့ဟာ “monkey dog”နဲ့ “ape terrier”ဆိုတဲ့ နာမည်တွေ ဘယ်လိုရလာလဲဆိုတာကို သင် သဘောပေါက်သွားပါလိမ့်မယ်။ ဒါပေသိ မစိုးရိမ်ပါနဲ့…သူတို့ကတော့ သစ်ပင်တွေ မတက်ပါဘူးနော်။ သူတို့မှာ လုပ်ချင်ရာလုပ်မဲ့ ရုပ်ကြီးနဲ့ မျောက်တွေလို အ‌ဆော့သန်တာလေးတော့ ရှိတာပေါ့လေ။



ree

5. Pug

Pugတွေကတော့ အမှန်အကန်ဖျော်ဖြေရေးသမားလေးတွေပါ။ နှာတံတိုတိုနဲ့ ဒီကောင်လေးတွေ မျက်နှာအမူအရာအမျိုးမျိုးလုပ်ပြတဲ့အခါ သင်လဲ ဟက်ဟက်ပက်ပက် ထရယ်မိပါလိမ့်မယ်။



ree

6. Coton de Tulear

ဒီချစ်စရာခွေးလေးကတော့ Madagascarဇာတိပါတဲ့…Cottonနဲ့တူတဲ့ မလှမပ အမွှေးအမျှင်ကြောင့်ပဲ ဒီနာမည်‌လေးရလာခဲ့ရတဲ့ ဒီကောင်လေးတွေဟာ အလာဂျီမဖြစ်နိုင်ပါဘူး။ ကိုယ်က အလာဂျီလဲရှိ toy breedကိုလဲ လိုက်ရှာကြည့်နေတယ်ဆိုရင်တော့ ဒီကောင်လေးက သင့်တော်နေပါပြီ။



ree

7. Schipperke

Belgian breedပေါက်စလေးဖြစ်တဲ့ Schipperkeလေးဟာ စပ်စုတတ်ပြီး ပါးလဲ ပါးနပ်ပါတယ်။အထီးလေးတွေက (၁၃)လက်မလောက် အရွယ်အစားရှိတတ်ပြီး အမလေးတွေက (၁၂)လက်မလောက်ပဲ ရှိတတ်ကြပါတယ်။



ree

8. Papillon

Papillon (ပါပီယွန်)ဆိုတာ ပြင်သစ်လို ‘လိပ်ပြာ’လို့ အဓိပ္ပါယ်ရပါတယ်။ လိပ်ပြအတောင်ပံနဲ့တူတဲ့ နားရွက်လေးနှစ်ဖက်ကြောင့် ဒီနာမည်ကို အပိုင်စားရလာခဲ့ကြတာပါ။ တချို့က နားရွက်အကုပ်လေးတွေ ရှိတတ်ကြသလို တချို့က moth earsလို့ခေါ်တဲ့ နားရွက်ဖားဖားလေးတွေ ရှိတတ်ကြပါတယ်။



ree

9. Russian Toy Terrier (၃)ပေါင်လောက်ပဲရှိတဲ့ ချစ်စရာခွေးလေးတွေကတော့ ကစားလိုက် နှပ်နေလိုက် လုပ်ရတာကို သဘောကျကြပါတယ်။ အမွှေးတို/ရှည်မျိုးကွဲပေမဲ့ အမွှေးရှည်Russian Toy Terrierတွေဟာ အခါမလည်သေးခင်ထိ အမွှေးဖားဖားကြီးတွေ မရနိုင်သေးပါဘူး။


ree

10. Manchester Toy Terrier (၈)ပေါင်လောက်ရှိတဲ့ Manchester Toy Terrierလေးတွေဟာ အမွှေးတောက်တောက်နဲ့ မျက်စိကျချင်စရာကောင်လေးတွေပါပဲ။ ဂရုစိုက်မှုကို သိပ်လိုချင်ကြတဲ့ ကောင်လေးတွေ ဖြစ်တာကြောင့် သူတို့ကို ပွတ်သပ်ချော့မြှူပေးရင် သိပ်သိပ်ကြိုက်ပါတယ်ဆိုတဲ့ ကောင်လေးတွေပါပဲ။

ree

11. Italian Greyhound

ဒီလိုကောင်လေးတွေ မွေးထားမိရင်တော့ ခြံလုံအောင်သာ ကာထားပေးတော့ဗျို့… ဘာလို့လဲဆိုတော့ (၁၁)ပေါင်လောက်ပဲရှိတဲ့ ဒီခွေးလေးတွေက တစ်နာရီကို (၂၅)မိုင်လောက် ပြေးနိုင်အောင် စွန်းမြန်လို့ပါပဲ။



ree

12. Miniature Pinscher

Mini Pinလေးတွေကို toy dogတွေရဲ့ ဆရာကြီးလို့ ပြောလေ့ရှိကြပါတယ်…သူတို့ရဲ့ မိမိကိုယ်ကိုယ်ယုံကြည်မှုနဲ့ အကြောက်အလန့်ကင်းမှုကို မြင်လိုက်တာနဲ့ ဘာလို့ဒီလို‌ခေါ်လဲဆိုတာ သဘောပေါက်သွားမှာပါ။ သူတို့ကို တသီးတခြားဖြစ်စေတာက သူတို့ရဲ့ ထူးခြားတဲ့ လမ်းလျှောက်ဟန်…ပြောရရင် ကြော့ကြော့မော့မော့ လမ်းလျှောက်ဟန်ကြောင့်ပါပဲ။



ree

13. Biewer Terrier

Biewer Terrierလေးတွေကတော့ အလုံးအထည်သေးသေး၊ အမွှေးလှလှနဲ့ ရှားပါးမျိုးစိတ်ဝင်ကောင်လေးတွေပါ။ သူတို့ရဲ့ အမွှေးတွေကတော့ အရောင်စပ်ထားသလို အကွက်လေးတွေပေါ်နေတတ်ပြီး ဒီလိုအစက်အပြောက်လေးတွေက ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုစီကို ပေါ်လွင်စေပါတယ်။



ree

14. Chihuahua

ဒီသစ္စာရှိခွေးမျိုးဝင်တွေကတော့ အားအင်ပြည့်ဝနေတတ်ပြီး ငါးပေါင်လောက်သာရှိတဲ့ ပေါက်စနလေးတွေပါ။ သူတို့မှာ မျိုးကွဲနှစ်ခု ရှိပါတယ်။ ချောမွတ် ရှည်လျားတဲ့ အမွှေးတွေ ရှိတယ်။ ဒီအသေးဆုံးခွေးလေးတွေက မက္ကဆီကိုကလာတဲ့ ရှေးကျတဲ့မျိုးတွေပါ။ သူတို့က အကြောက်အလန့်ကင်းပြီး တည်ငြိမ်တယ်…ဉာဏ်ကောင်းတယ်၊ သစ္စာရှိပါတယ်။



ree

15. Toy Xoloitzcuintli

Mexicoခေတ်ဟောင်း Aztecခေတ်တုန်းကပေါ့… Xoloitzcuintliတွေက နှစ်ပေါင်း (၃၀၀၀)ကျော်သမိုင်းကို ဖြတ်သန်းလာခဲ့တာပါ။ သူတို့မှာ ဆန်းကြယ်တဲ့ စွမ်းအားတွေရှိတာကြောင့် မကောင်းဆိုးဝါး၊ ဝိဉာဥ်တွေကိုမောင်းထုတ်ဖို့ အိမ်မှာမွေးထားတတ်ကြပါတယ်။



ree

16. Chinese Crested

ခင်တွယ်တတ်တာကိုရှာလား?? တက်တက်ကကြွကြွလေးလား?? အဆော့မက်တဲ့ ကောင်လေးတွေလား?? ဒါတွေက Chinese Crested dogတွေရဲ့ အရည်အချင်းတွေပါပဲနော်…သူတို့မှာ ရှိနေတဲ့ အမွှေးဖုံး၊ အမွှေးအုပ် တဝက်တပျက်စတိုင်ကြောင့် သူတို့ကလဲ ထင်ရှားပါတယ်။



ree

17. Toy Fox Terrier

အလေးချိန်(၇)ပေါင်လောက်ရှိတဲ့ Toy Fox Terrierလေးတွေက American breedပါပဲ။ သူတို့က လျင်လျင်မြန်မြန်သင်ယူတတ်သူတွေဖြစ်ပါတယ်။ အလွယ်တကူလေ့ကျင့်ပေးလို့ရပြီး နာခံတတ်တဲ့ ကောင်လေးတွေ ဖြစ်အောင် လေ့ကျင့်ပေးလို့ရပါတယ်။



ree

18. Shih Tzu

Shih Tzuလေးတွေဟာ နှစ်ပေါင်းထောင်ချီကာလကတည်းက နန်းတွင်းမှာမွေးထားတဲ့ အကောင်ပလောင်လေးတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ တင့်တယ်တဲ့ အသွင်အပြင်၊ သေးငယ်တဲ့ အသွင်အပြင်နဲ့ လှပတဲ့ အမွှေးတွေကြောင့် ရှင်ဘုရင်နဲ့ မိဖုရားတို့ရဲ့ အချစ်တော်လေးတွေ ဖြစ်ခဲ့မှာကို ဘယ်သူမှ ငြင်းနိုင်မှာ မဟုတ်ပါဘူး။



ree

19. Pocket Beagle

အချစ်တော်သည်းတုံးလေးတွေဖြစ်တဲ့ Pocket Beagleလေးတွေဟာ Beagleတွေရဲ့ smaller versionလေးတွေပါပဲ။ အမြင့်က တစ်ပေအောက်ပဲရှိပြီး (၇)ပေါင်ကနေ (၁၅)ပေါင်အထိ ကိုယ်အလေးချိန်ရှိတတ်ကြပါတယ်။



ree

20. Brussels Griffon

Griffsလို့ခေါ်တဲ့ ဒီကောင်လေးတွေက (၅)ပေါင်ကနေ (၁၅)ပေါင်ထိ ကိုယ်အလေးချိန်ရှိတတ်ပြီး (၉)လက်မကနေ (၁၁)လက်မထိ အမြင့် ရှိတတ်ကြပါတယ်။ မျိုးကွဲနှစ်ခုရှိပါတယ်…အမွှေးကြမ်းနဲ့ အ‌ချောပါ…ပြီးတော့ သူတို့ကလဲ သခင်ကို သိပ်ပြီး သိတတ်ကြပါတယ်။ လူစိမ်းတွေဆိုရင်တော့ သတိထားကြည့်တတ်ကြပါတယ်။ သူတို့မှာ ထူးခြားတဲ့ ဟာသဉာဏ်နဲ့ စရိုက်ရှိပါတယ်။ လူတွေနဲ့ ရင်းနှီးသွားပြီဆိုရင်တော့ ရုပ်ရှင်တွေထဲက ခွေးလိမ္မာတွေလို လုပ်ပြကြပါလိမ့်မယ်ဗျာ…



ree

21. Yorkshire Terrier Yorkshire Terrierလေးတွေကတော့ ချစ်စရာကောင်း၊ ရန်လဲလိုတတ်ပြီး (၁၉)ရာစုနှစ်လောက်ကတည်းက ပေါ်လာကြတဲ့ အမျိုးအစားလေးတွေပါပဲ။ United Statesမှာလဲ ဒီကောင်လေးတွေက popular toy breedထဲမှာ ပါဝင်နေပါတယ်။


ree

22. Maltese

Oldest toy breedတွေထဲက တစ်မျိုးဖြစ်တဲ့ Malteseတွေက နိုင်ငံပေါင်း(၂၈)နိုင်ငံမှာ ရှိပါတယ်။ ချစ်ဖို့ကောင်းတာအပြင် သူတို့ရဲ့ နှစ်လိုဖွယ် အရည်အသွေးကတော့ နေရောင်ရ/မရကိုလိုက်ပြီး အရောင်ပြောင်းတတ်တဲ့ နှာခေါင်းကြောင့် ပျော်စရာကြီး ဖြစ်နေမှာပါ။



ree

23. Yorkiepoo

ဒီအဆော့သန်တဲ့ မျိုးစပ်လေးက Yorkieလို သေးသွယ်ပြီး Poodleလို အထာကျပါတယ်။ အရမ်းချစ်ဖို့ကောင်းတာအပြင် အလာဂျီမဖြစ်စေနိုင်ပါဘူး။ တကယ့် အထာကျတဲ့ ပေါင်းစပ်မှုတွေပါပဲ။



ree

24. Boston Terrier

United Statesဇာတိဖြစ်တဲ့ ဒီကောင်လေးတွေကို သင်လဲ ခန့်မှန်းမိမှာပါ။ သူတို့က သတ္တိကောင်းတယ်၊ ခေါင်းမာပြီး သင့်အတွက် အကောင်းဆုံးအဖော်အဖြစ်နဲ့ ရှိနေနိုင်ပါတယ်။



ree

25. Pomeranian

ဒီ ခြင်္သေ့လို အမွှေးလုံးကောင်လေးတွေက ချစ်စရာအလှလေးတွေပါ။ သူတို့က အဆော့သန်တတ်ကြပြီး ဆွဲဆောင်မှုရှိတဲ့ အမွှေးလေးတွေက ဖုံးအုပ်ထားတာကြောင့် အမွှေးတွေကို ပုံမှန်ထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ်။



ree

26. Japanese Chin

ဂျပန်တော်ဝင်မျိုးနွယ်ရဲ့ အဖော်အဖြစ်ရှိခဲ့တဲ့ သမိုင်းကြောင်းနဲ့အတူ ဒီကောင်လေးတွေက ပြောင်ပြောင်မြောက်မြောက်ရှိတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေပါ။ သူတို့ရဲ့ ခြေချောင်းလေးတွေပေါ်မှာ ဝပ်ထိုင်နေတတ်တာကြောင့် သူတို့ရဲ့ ခင်ဖို့ကောင်းတဲ့ အသွင်အပြင်နဲ့ အမွှေးလေးတွေကလဲ ဆွဲဆောင်မှု ရှိပါတယ်။



ree

27. Pekingese

Pekingeseတစ်ကောင်က သေးပေမဲ့ သတ္တိကောင်းပါတယ်။ အကြောက်အလန့်ကင်းတဲ့ ကောင်စားမျိုးလေးတွေ ဖြစ်တာကြောင့် အစောင့်ခွေးအဖြစ်နဲ့ ခိုင်းစေလို့ ရပါတယ်။ သူတို့ ဂရုစိုက်တဲ့သူတွေနဲ့ ပိုင်ရှင်တွေအပေါ် သိပ်ကိုသစ္စာရှိတဲ့ ကောင်လေးတွေပါ။



ree

28. Toy American Eskimo

Toy American Eskimoတွေမှာ အဖြူရောင်နဲ့ ဘီစကစ်ခရင်မ်လို နှစ်ရောင်စပ်ရှိတဲ့ အမွှေးတွေ ရှိပါတယ်။ နာမည်ကြောင့် အမေရိကန်ဇာတိလို့ ထင်ရပေမဲ့ တကယ်တော့ ဂျာမနီက စတင်ပေါက်ဖွားလာတဲ့ မျိုးစိတ်တွေပါပဲ။



ree

29. Havanese

Havaneseတွေဟာ အဆော့မက်တယ်၊ ခင်တွယ်တတ်တယ်၊ အခြားလူတွေ ခွေးတွေနဲ့ တည့်အောင်နေတတ်ပါတယ်။ သူတို့ရဲ့ အမွှေးအမျှင်ကတော့ အလှအပတစ်ခုထက်ပိုပြီး အကာအကွယ်အနေနဲ့ပါ ရှိတာပါ။ နေရောင်ကျရောက်မှုကို အတားအဆီးတစ်ခုအဖြစ်နဲ့ တားဆီးပေးပြီး အပူလွန်ကဲခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဘယ်လောက်မိုက်လိုက်လဲဗျာ…သူ့ရဲ့ အမွှေးအမျှင်တွေ တောက်တောက်ပြောင်ပြောင် ဖြစ်နေအောင် သ ပေးနိုင်ဖို့တော့ လိုပါလိမ့်မယ်။



ree

30. Norwich Terrier

တိုပြီး ဖြောင့်တန်းတဲ့ အမွှေးတွေ ရှိတာကြောင့် တစ်နှစ် နှစ်ကြိမ်အမွှေးလဲတတ်တဲ့ Norwich Terrierလေးတွေကို သခင်က သေချာ ဖြီးသင်ပေးဖို့တော့ လိုပါတယ်။ သူတို့မှာ ချစ်ဖို့ကောင်းတဲ့ အသွင်အပြင်ရှိပြီး တက်တက်ကြွကြွ နေထိုင်တတ်ကြပါတယ်။


Thank you for reading!


Comentários


Post: Blog2 Post

+959452718466

©2022 by Myanmar K-9 Media. Proudly created with Wix.com

bottom of page