top of page

ခွေးလေးတွေက ဘာလို့ အသက်ကြီးတာ မြန်ကြတာလဲ?

  • Writer: Diva The Bully
    Diva The Bully
  • Apr 10, 2022
  • 2 min read


ခွေးပိုင်ရှင်တိုင်းအတွက် သူတို့ရဲ့ခွေးလေးတွေဟာ သူတို့အတွက် အကောင်းဆုံး အဖော်မွန်လေးတွေ၊ သူငယ်ချင်းကောင်း လေးတွေ၊ အချစ်ရဆုံး ၀မ်းမနာသားသမီးလေးတွေ ဖြစ်ကြပါတယ်။ သူတို့တွေအတွက် အကောင်းဆုံး ဖြစ်စေမယ့် အစားအစာ အရုပ် စတဲ့ အရာ၀တ္တုပစ္စည်းတွေကို ကျွန်တော်တို့တွေ ရှာဖွေ၀ယ်ယူကာ သူတို့အတွက် အဆင်အပြေဆုံး ဖြစ်အောင် ဖန်တီးနိုင်စွမ်းရှိကြပေမယ့် သူတို့အတွက် ကျွန်တော်တို့ မထိန်းချုပ်မကိုင်တွယ် ဖန်မတီးပေးနိုင်တဲ့ ဖြစ်စဉ်တစ်ခုတော့ရှိပါတယ်။ အဲ့အရာကတော့ ခွေးလေးတွေရဲ့ သက်တမ်းပါဘဲ။ လူတွေအနေ နဲ့ အနှစ် ၈၀ သို့ ၉၀ ထက် ပိုပြီး နေနိုင်လောက်တဲ့အထိ သက်တမ်း ရှိကြသော်လည်း စိတ်မကောင်းစရာ အမှန်တရား တစ်ခုအနေ နဲ့ ခွေးလေးတွေမှာ လူတွေလိုမျိုး အနှစ် ၈၀ အထိနေနိုင်လောက်တဲ့ သက်တမ်း မရှိကြပါဘူး။ သူတို့‌ လေး တွေဟာ ကျွန်တော်တို့ နဲ့ တစ်သက်လုံး အတူတူနေချင်ကြ‌ သော်လည်း နေသွားနိုင်မှာ မဖြစ်နိုင်တဲ့အကြောင်း ကို ကျွန်တော်တို့ ခွေးသခင်တွေအနေ နဲ့ စဉ်းစားတိုင်း တွေးမိတိုင်း စိတ်မကောင်း ဖြစ်ကြရပါတယ်။ ပုံမှန် ခွေးတစ်ကောင်အနေဖြင့် သက်တမ်းဟာ ၁၀ နှစ်ကနေ ၁၈ နှစ်အထိ ရှိတတ်ကြပါတယ်။ ခွေးတွေရဲ့ သက်တမ်းဟာလည်း ထိုခွေးရဲ့ breed၊ သူတို့ရဲ့ ကျန်းမာရေး နှင့် General lifestyle ပေါ်လိုက်ပြီး သက်တမ်း အတိုအရှည် ကွာခြားနိုင်ပါသေးတယ်။ ခွေးတွေရဲ့ သက်တမ်းနဲ့ လူတွေရဲ့ သက်တမ်း နိုင်ယှဉ်ရာမှာ ခွေးလေးတွေဟာ မွေးခါစကနေပြီး တစ်နှစ်ပြည့်ပြီ ဆိုတာနဲ့ အရွယ်ရောက်ပြီလို့ သတ်မှတ် နိုင်ပြီး လူတွေအနေ နဲ့ ၁၀ နှစ်ကျော်ရောက်တာတောင် အရွယ်မရောက်နိုင်သေးပါဘူး။ ခွေးတွေရဲ့ တစ်နှစ် ဆိုတဲ့ အချိန်ဟာ လူတွေအတွက် ၄ နှစ်ကနေ ၇ နှစ်အထိ ကြာချိန် နဲ့ညီမျှပါတယ်။ အလွန်ကို မြန်ဆန်ကာ ကျွန်တော်တို့ လူသားတွေ နဲ့ မတူညီတဲ့ Timeline မှာ နေထိုင်နေကြတဲ့

ခြေလေးချောင်း သတ္တဝါ လေးတွေဖြစ်ပါတယ်။ ဒီကွာခြားချက်တွေခြား ထဲမှာဘဲ တစ်ချို့ breed တစ်ခု နဲ့ တစ်ခုတွေမှာ လည်း

သက်တမ်း ကွာခြားချက်တွေရှိပါသေးတယ်။



( အပေါ်က ပုံက ဘယ်ဘက်က ခွေးတွေ ရဲ့ အသက်ဖြစ်ပြီး ဘယ်ဘက်က လူတွေရဲ့ အသက်ဖြစ်ပါတယ်။ ဥပမာ ဘယ်ဘက်က ခွေး တစ်ကောင် အသက် ၁ နှစ်ဟာ လူတွေအနေ နဲ့ ၁၅ နှစ်ဖြစ်မယ်။ Small breed ၁၀ နှစ်ဟာ လူတစ်ယောက် သက်တမ်း အနေ နဲ့ ကြည့်ရင် ၅၆ နှစ်ရှိနိုင်ပြီး large breed ၁၀ နှစ်ဟာ လူ့သက်တမ်း ၆၆ နှစ် နဲ့ ညီမျှပါတယ်။ )

ဥပမာ Australian cattle dog ဆို သူ့သက်တမ်း ဟာ ၂၉ နှစ်အထိ အသက်ရှည်နိုင်ပြီး Mastiff မျိုးတွေကြတော့ သူတို့ သက်တမ်းတွေဟာ ၈ နှစ် ၉ နှစ်အထိသာ ရှည်နိုင်ကြပါတယ်။

အိုကေ.. ဒါဆိုရင် ကျွန်တော်တို့ရဲ့ Furry သူငယ်ချင်း လေးတွေဟာ ဘာလို့ လူတွေထက် အသက်ကြီးတာ မြန်နေကြတာလဲ? အဖြေကတော့ ရှင်းပါတယ်၊ သူတို့ မျိုးရိုးဗီဇ နှင့် လူတွေမျိုးရိုးဗီဇ တွေက မတူညီကြလို့ပါ။

ကျွန်တော် တို့ခွေးလေးတွေ ရဲ့ ကိုယ်ခန္ဓာ ရဲ့ metabolism နှုန်းဟာ လူတွေထက်ပိုမို များပြားပါတယ်။ သာမန်လူတစ်ယောက်ရဲ့ နှလုံးခုန်နှုန်း ဟာ 62.8 bpm (+/- 7.4 အတိုး အ‌လျော့) ရှိနိုင်ပြီး ခွေးတစ်ကောင် မှာတော့ 124.2 bpm (+/-18.8 အတိုး အလျော့) ရှိကာ နှစ်ဆ နီးပါး မြန်ဆန်ပါတယ်။ နောက်ပြီး ခွေးလေးတွေဟာ လူတွေထက် ယေဘုယျအားဖြင့် ပိုပြီး လှုပ်လှုပ်ရှားရှား work hard ဖြစ်တတ်ကျကာ ထိုကဲ့ သို့ သော မြန်ဆန်သော metabolism rate, နှစ်ဆမြန်သော နှလုံးခုန် နှုံး၊ မနားမနေ လှုပ်ရှားမှု တွေကြောင့်လည်း ထိုကဲ့ သို့ အသက်မြန်မြန်ကြီး လာကြတယ်လို့ ထင်မြင်ယူဆ မိပါသေးတယ်။ ဒါပေမယ့် လည်း ကျွန်တော် တို့ ခွေးပိုင်ရှင်တွေရဲ့ တာ၀န် ၀တ္တရား တွေ ထဲက တစ်ခု ဖြစ်တဲ့ ကျွန်တော် တို့ ခွေးလေးတွေကို ပြည့်စုံ တဲ့ အာဟာရ၊ သင့်တော် တဲ့ ကိုယ်ကာယလေ့ကျင့်ခန်းများ၊ မှန်ကန် တဲ့ ကျန်းမာရေး စစ်ဆေး မှု လေးတွေ လုပ်ပေးကာ သူတို့ ရဲ့ သက်တမ်းကို ရှည်နိုင်သမျှရှည်အောင် ထားပေးပြီး quality of dogs' life ပေးကာ မွေးမြူလို့ရပါတယ်။


Kommentarer


Post: Blog2 Post

+959452718466

©2022 by Myanmar K-9 Media. Proudly created with Wix.com

bottom of page