top of page

သင့်ခွေးကို မကျွေးသင့်သော ဟင်းသီးဟင်းရွက်များ

  • Writer: Diva The Bully
    Diva The Bully
  • Apr 10, 2022
  • 1 min read

ယခုပြောမယ့် အကြောင်းအရာမှာပါ မယ့် vegetables တွေထဲမှာ တစ်ချို့အရာတွေ က ခွေးလေးတွေရဲ့ ပါးစပ်ထဲကို တစ်ချို့တစ်လေ ရောက်ရင် ၀မ်းပျက်တာလောက်ဘဲ ရှိတတ်ပြီး ဘာမှတော့ ကြီးကြီးမားမား မဖြစ်ပေမယ့် တစ်ချို့ vegetables တွေကတော့ ရည်ရှည် ရည်တို သင့် ခွေးအတွက် အသက် အန္တရာယ်ရှိလာနိုင်ပါမယ်။

မှတ်ချက်။ လွန်စွာ စပ်စုတတ်တဲ့ အကျင့်တွေရှိတဲ့ သင့်ခွေး‌ လေးတွေရဲ့ ပါးစပ်ထဲကို ဘာမဆို ရောက်နိုင်ပါတယ်။ တစ်ချို့ vegetables တွေကို သူတို့ဘာသာ သူတို့ လျှောက်စား ရင်းနဲ့လဲ စားမိနိုင်ပါတယ်။ ထို့ကြောင့် ယခုပြထားသော vegetables များကို သင့်ခွေးမစားမိအောင် ဝေးရာ အလှမ်း မမှီ ရာတွင်ထားပါ။


၁. ဟင်းနုနွယ်ရွက်၊ ကန်စွန်းရွက်များ - အနည်းငယ်စားရုံမျှ ဘာမှ မဖြစ်ပေမယ့်၊ oxalic acid တွေများစွာ ပါသောကြောင့် ရည်ရှည်တွင် ခွေးတွေရဲ့ ကျောက်ကပ်တွေထိနိုင်။


၂. ကြက်သွန်နီ၊ ကြက်သွန်မိတ်၊ ဂျူး၊ ကြက်သွန်နီကလေး စတဲ့ ကြက်သွန် နဲ့ ပတ်သက်သမျှ တွေပါ။ သူတို့တွေမှာ အတွင်း sulfur compounds များစွာပါ၀င်သော ကြောင့် လူတွေအတွက်သာ ဘာမှ မဖြစ်တာ ခွေးတွေအတွက် ရည်ရှည်မှာ သူတို့ ခန္ဒာကိုယ်အတွက် အဆိပ်‌အတောက် ဖြစ်စေပါတယ်။ Akitas, Shiba Inu စတဲ့ ဂျပန် ခွေးမျိုးစိတ်လေးတွေကြတော့ ဒီ ကြက်သွန် vegetables တွေကို ကြတော့ ခံနိုင်ရည်ရှိကြပါတယ်။


၃. Lettuce ဆလပ်ရွက်များ ဟာလည်း ယေဘူယျအားဖြင့်တော့ ခွေးတွေအတွက် အဆိပ်အတောက် တော့ မဖြစ်ပါဘူး ၊ ဒါပေမယ့် အများအားဖြင့် အစား အနည်းအများ အပေါ် မူတည်ပြီး ၀မ်းလျှောတတ်ပါမယ်။


၄. ခရမ်းချဉ်သီး များဟာ acidic ဓာတ်များ တဲ့ အတွက် အလွန်အကျွံ စားမိရင် သင့်ခွေးလေးများကို၀မ်းပျက် ၀မ်းကိုက်ဖြစ်စေပြီး ခရမ်းချဉ်သီး ရဲ့ ထိပ်မှာ ပါတဲ့ အကိုင်း အရွက်လေးများဟာ ခွေးတွေကိုအဆိပ်အတောက် ဖြစ်စေပါတယ်။




Comentarios


Post: Blog2 Post

+959452718466

©2022 by Myanmar K-9 Media. Proudly created with Wix.com

bottom of page